| မချိုသော ပန်းသီးများ |
|
|
၁ ၊ ၂ အဖြူရောင် သုံးထပ်တိုက် တစ်တိုက်က မြက်ခင်းပြင်ရဲ့ အလယ်မှာ ကြောက်စရာ ကောင်းအောင် တိတ်ဆိတ်လို့နေသည်။ ခမ်းနားကြီးကျယ်လှတဲ့ အိမ်ကြီးရဲ့ အပေါ်ဆုံးထပ်မှ
ကြိုးမပြတ်ပေမယ့်  သူမ မတီးတတ်သေးတဲ့ (တီးတတ်ဖို့ ကြိုးစားနေတဲ့) ဂစ်တာလေး က သူမကိုငေး ကြည့်လို့နေသည်။ ဟင့်အင်း သူမကိုယ်တိုင် မတီးချင်ပါဘူး ။ ဟိုးးးးး အရင်တုန်းကလို ဖေဖေတီးတဲ့ ဂစ်တာသံလေးကို နားထောင်ရင်း ပျော်ခဲ့ကြတဲ့  ဘ၀ကလေးကို လွမ်းတယ်။ ဖေဖေနဲ့ အတူ သီချင်းလေးတွေ ဆိုနေခဲ့တဲ့ မေမေရဲ့ နူးညံ့တဲ့မျက်နှာ အေးအေးကလေးကို လွမ်းတယ်။ မေမေရယ် ဖေဖေရယ် မောင်လေးရယ် သူမရယ် ပေ၂၀လောက်သာ ကျယ်တဲ့ ပျဉ်ထောင်အိမ်ကလေးရယ် ၊ အိမ်ရှေ့က မန်ကျည်းပင် အောက်က ကွပ်ပစ်ကလေးမှာ မိသားစု အတူတူပျော်ခဲ့ကြတဲ့ အချိန်လေးတွေရယ်၊ မိသားစု စုံစုံညီညီ ထမင်း စားခဲ့တဲ့ အချိန်တွေရယ်…၊ တစ်အိမ်လုံးမှာမှ တစ်လုံးပဲရှိတဲ့ တပတ်ရစ် တီဗွီသေးသေးကလေးကို အတူတူကြည့်ခဲ့ကြတဲ့ အချိန်တွေရယ်.. ကိုလွမ်းတယ်။ ဒီအချိန်မှာ မဖြစ်နိုင်တာတွေ ချည်းပဲ တမ်းတနေမိတဲ့ သူမမှာ ပြောစရာဆိုလို့ အဲဒီစကားလေး စကားတစ်ခွန်းပဲရှိတယ် ။ သူမနှုတ်ခမ်းလေး လှုပ်ရုံလှုပ်ပြီး ထိုစကားကို ထပ်ကာ ထပ်ကာ ရွတ်နေမိသည်။ `လွမ်းတယ်…´ ဗိုက်ထဲမှာ အနည်းငယ် ဆာလာသလိုဖြစ်လာလို့ အချိန်ကို ကြည့်လိုက်တော့ မနက် ၁နာရီ ထိုးပြီ။ နောက်မကျပါဘူး ။ ခါတိုင်းလည်း ဒီအချိန်မျိုးမှာ သူမ အိပ်ပျော်နိုင်ခဲ့တာမှ မဟုတ်တာ။ မီးရောင်ပြပြအောက်မှာ ကျင့်သားရနေသော မျက်ဝန်းအစုံတို့ဖြင့် တတိယထပ်ကနေ အောက်ဆုံးထပ်သို့ဆင်းလာခဲ့သည်။ ဖေဖေနဲ့ မေမေကလွဲလို့ တစ်ထပ်မှာ တစ်ယောက်ဆီနေတဲ့ လေးယောက်ထဲသာ ရှိတဲ့ ဒီမိသားစုကလေးက ဒီနှစ်ပိုင်းမှာ ခြောက်သွေ့နေတာ ဘာထူးဆန်းလို့လဲ ..။ အများတကာတွေ အားကျလောက်အောင် စီးပွားရေးတရှိန်ထိုး တက်လာခဲ့တဲ့ သူမတို့ဘ၀တွေရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာမှာ ငရဲမီးလို ပူလောင်လှတဲ့ ခံစားချက်တွေ ရှိတာကို ဘယ်သူသိနိုင်မှာလဲ ။ ဖြစ်တတ်ပါတယ်ဆိုတဲ့ စကားကို လူကြီးတွေပြောတာ သူမ ကြားဖူးနေပေမယ့် တကယ်တမ်း ရှားရှားပါးပါးရခဲ့တဲ့ သူမရဲ့ ဘ၀ကလေးလည်း ဒီလိုဖြစ်ခဲ့ပြန်တော့ သူမ ဘာလုပ်ရမှာလဲ။ ဒုတိယထပ်…။ ဒီအထပ်ရဲ့ လှေခါးခြေရင်းမှာ သူမခြေလှမ်းတို့ ခေတ္တ ရပ်တန့်သွားခဲ့သည်။
မျက်နှာချင်းဆိုင်တောင် တွေ့ဖို့ ခက်ခဲလှတဲ့ ဖေဖေနဲ့ မေမေ စကားအကောင်း ပြောတဲ့နေ့မှာ မောင်လေးမျက်နှာက လပြည့်ဝန်းလို လင်းလက်နေတာ သူမ အကြိမ်ကြိမ်အခါခါ မရိုးနိင်အောင်ကို တွေ့ခဲ့ဖူးသည်။ အဲဒီလ၀န်းလို မျက်နှာကလေးကိုပဲ သူမ တမ်းတမ်းတတ ကြည့်ခဲ့ဖူးသည်။ တစ်ဦးတည်းသော မောင်လေးမို့ သူ့ကို အမြဲပျော်စေချင်ခဲ့ပေမယ့် တကယ်တမ်းမှာ ဘာဆိုဘာမှ မတတ်နိုင်ခဲ့တာ သူမရဲ့ အားနည်းချက်တစ်ခု များလား… ။ အတွေးတို့နဲ့အတူ သူမ မောင်လေး ရှိရာအခန်းသို့ လှမ်းလာခဲ့ကြည့်လိုက်တော့ ကလေးလေး အခန်းမှာ မီးလင်းနေတာတွေ့သည်။ သူမ မောင်လေး တီဗွီဂိမ်းဆော့ရင်း အိပ်ပျော်နေပြီ ထင်သည်။ တံခါးကို အသာလေး ဖွင့်ကာ မောင်လေးရှိမည်ထင်သည့် ကုတင်ပေါ်ကို ချောင်းကြည့်လိုက်သည်။ မရှိ … တကယ်မရှိ။ ဆော့လက်စ ဂိမ်းခွေက သူ့အလိုလို ပွင့်လို့…. `ဘယ်နားမှာပါလိမ့် ´ အခန်းထဲဝင်ကာ နေရာတိုင်းမှာ ရှာပေမယ့် မတွေ့ … စိတ်ထဲတွင် တမျိုးဖြစ်ကာ သူဆော့တတ်တဲ့ ၀ရန်တာက ရေကူးကန် သေးသေးလေးဆီကို အပြေးကလေး သွားကြည့်မိသည်။ ရေကန်လေးထဲကို ခြေထောက်ချကာ ကက်ဆက် နားထောင်နေသော ကျမချစ်ရတဲ့ မောင်လေး…။ရာသီဥတု နည်းနည်းလေး အေးလိုက်တာနဲ့ အအေးမိတတ်သဖြင့် ဂရုစိုက်ဖို့ အထူးလိုတယ်လို့ သူမငယ်ငယ်က မေမေ ပြောတတ်သော သူမမောင်လေးက အခုတော့ စွတ်ကျယ်လက်ပြတ်နှင့်… ။ သူမကို ဂရုစိုက်တတ်သော မေမေလည်း အနားမှာမရှိ။ ဒီဇင်ဘာရဲ့ ရက်တရက်မို့ ပတ်ဝန်းကျင်က အေးစိမ့်နေပေမယ့် သူမမောင်လေး ရင်မှာ ပူနေမယ်ဆိုတာ သူမ အသေအချာသိသည်။ တခါတခါတော့လည်း ဘာမှ မပြောပဲ ရင်ထဲတွင် ကြိတ်မှိတ်ခံ စားတတ်သော ဒီကလေးလေး တဗြဲဗြဲအော်ငိုတာကို သူမမြင်ချင်မိပြန်သည်။ ဘာမှ မလုပ်နိုင်သေးတဲ့ ဘယ်လိုမှ လည်း တားဆီးလို့မရနိုင်သေးတဲ့ ဖြစ်ရပ်တွေကြားမှာ ကလေးလေး ရင်ထဲက ဝေဒနာတွေ နည်းနည်းလောက်ပဲဖြစ်ဖြစ် ပေါ့ပါးသွားအောင် ငိုစေချင်တာ တစ်ခုရယ်ပါ။ အနှောင့်အယှက် မဖြစ်အောင် အနားတိုးကပ်ရင်း သူနားထောင်နေသော သီချင်းကို လိုက်နားထောင်ရန် ကြိုးစားကြည့်လိုက်သည်။ မဟုတ်ပါ..။ သူမထင်သလို အဆိုတော် တစ်ယောက်ယောက် ဆိုထားသော သီချင်းမဟုတ်ခဲ့ပါ။ သူမနှင့် သူမမောင်လေး ငယ်ငယ်က မေမေ ချော့သိပ်ခဲ့သော အိပ်ရာဝင်သီချင်းလေးကို အမှတ်တရ အဖြစ် ဖေဖေသွင်းထားပေးခဲ့သည့် ကက်ဆက်ခွေလေး…။ ကတ်ဆက်ထဲမှ မေမေအသံကကြည်လင် ပြတ်သားနေတာ မဟုတ်ပေမယ့် အဲဒီအချိန်က မေမေ့မေတ္တာတွေကို သူမရင်မှာ ပြန်ခံစားလို့ရလာသည်။ ဒါဆို … သူမမောင်လေး ရင်ထဲမှာရော ဘယ်လိုနေမလဲ…။ မောင်လေး မျက်နှာကို ကြည့်စရာ မလိုတော့အောင် သူမ သေချာခဲ့သည်။ သူမ ချစ်တဲ့ ကလေးလေး ငိုနေမှာပါ …။ အလွမ်းတွေ၊ နာကျင်မှုတွေကို သူမ မောင်လေးအား ဆက်ပြီးခံစားစေချင်တာ မဟုတ်ပေမယ့် ဘယ်လိုမှ မတတ်နိုင်သော အခြေအနေမို့ သူမ တိတ်တိတ်ကလေး ပြန်ထွက်ခဲ့သည။် အောက်ဆုံးထပ် …။ ဒီအထပ်ရောက်လျှင် သူမ မျှော်လင့်ချင်တာလေးတွေ ရှိသည်။ ညတိုင်းလိုလို သူမဗိုက်ဆာလို့ဆင်းလာတိုင်း သူမ ဘာတွေမျှော်လင့်ခဲ့သလဲဆိုတာ သူမ အသေအချာ သိနေသည်။ ဆောင်းရာသီရဲ့ တစ်ရက်မှာ လက်ထပ်ခဲ့ကြတဲ့ ဖေဖေနဲ့ မေမေ ၊ ကျမတို့ မောင်နှမ နှစ်ယောက်စလုံးကို ဆောင်းတွင်း အေးအေးကလေးမှာ လူ့ဘ၀ထဲကို ရောက်စေခဲ့တဲ့ ဖေဖေနဲ့မေမေ၊ ဒီလို အထိမ်းအမှတ်ရက်တွေဖြစ်တဲ့ ဒီဇင်ဘာရဲ့ ရက်တွေ ထဲမှာ သူမတို့ အနားမှာမရှိခိုက် တိတ်တဆိတ်ကလေး ချစ်စကားဆိုနေကြမလား ၊ ဘောလုံးပွဲရာသီမို့ ၀ါသနာမပါလှပေမယ့် ဖေဖေ့အကြိုက်လိုက်ကာ အားပေးတတ်သော မေမေနှင့် ထိုအားကစားကိုမှ အထူးခုံမင်တတ်သော ဖေဖေ အရင်တုန်းကလို ဘောလုံးပွဲကို တူတူကြည့်ကြရင်း ပျော်ရွှင်စွာ ငြင်းခုံနေမလား၊ ဒါမှမဟုတ် ကျမတို့ မောင်နှမနှစ်ယောက်ရဲ့ နောင်ရေးကို တရေးတယူ ဆွေးနွေးနေမလား ….။…..လား…။ အတွေးတွေ အတွေးတွေ အရူးတစ်ယောက်လို လေလွင့်ရင်းနဲ့ သူမမျှော်လင့်ချက်ရှိရာ နေရာကလေးသို့ တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။ မရှိ … အိပ်ခန်းထဲမှာ ဖေဖေရော မေမေပါ မရှိ ။ဒါဆို……….
သူမ မီးဖိုချောင်ကလေးကို ကျော်ကာ မေမေနှင့် သူမ အားကစား လေ့ကျင့်ရာ အခန်းလေးထဲသို့ သွားချောင်းကြည့်မိပြန်သည်။ ငယ်ငယ်ကတည်းက ငွေနှင့် ၀ယ်ယူ၍ရသော ပစ္စည်းများထက် မေတ္တာဖြင့် ရက်ယူရသော ပစ္စည်းများကို ခုံမင်ခဲ့သော သူမ ရင်တွေ ခုန်နေမိသည်။ ဒါ…ဘယ်သူ့အတွက်ပါလိမ့် ။ ထိုးနေသော ဒီဇိုင်းကလေးက ယောက်ျားဝတ်ဆန်နေသည်မို့ သူမအတွက် မဟုတ်တာ သေချာသည့်တိုင် ဘယ်သူ့အတွက်လဲလို့ သူမ သိချင်နေခဲ့သည်။ သူမလေးစားရသော ဖေဖေ့အတွက်လား ဒါမှ မဟုတ် သူမသိပ်ချစ်ရသော မောင်လေး အတွက်လား …။ ဘာပဲဖြစ်ဖြစ် သူမပျော်ချင်ပါသည်။ အနွေးထည်လေး ပြီးသည့်တနေ့မှာ သူမမောင်လေး အသက်ရှိနေဦးမည်ဆိုလျှင် သူမ ပိုပျော်လိမ့်မည် ထင်ပါသည်။ ၁ ၊ ၂ |
|
အခန်းကလေးရဲ့ထောင့် တထောင့်မှာ သူမခွေခွေလေး ထိုင်နေမိသည်။ သူမဖတ်ထားခဲ့တဲ့ စာအုပ်တွေက အခန်းထဲမှာ ပြန့်ကျဲလို့ ။ အခန်း နံရံ တနေရာဆီမှ တိုးညှင်းစွာ ထွက်ပေါ်နေတဲ့ MRTV 4 မှ ဇာတ်လမ်း များကလည်း သူမကို ဘယ်လိုမှ မစွဲဆောင်နိုင်တော့…။
ဒီအထပ်မှာ သူမ သိပ်ချစ်ရတဲ့ ရန်ဖြစ်ဖော် မောင်လေး ရှိတယ်။ အရာရာကို မျက်လုံးလေး ကလယ်ကလယ်နဲ့ အပူအပင်ကင်းသယောင် နေတတ်တဲ့ ဟန်ဆောင်ကောင်းတဲ့ သူမရဲ့ တစ်ဦးတည်းသော မောင်လေး ။ အတိတ်ကံမကောင်းလို့ မွေးရာပါ ရောဂါ တစ်ခုနဲ့ နပန်းလုံးရင်း သက်တမ်းစေ့နေနိုင်ဖို့ သူ့ဖာသာသူ မနည်း ရုန်းကန်နေရတဲ့ ကောင်ငယ်ကလေး။
ဒီအချိန်ဆို အဲဒီ ကလေးလေး အိပ်မောကျ နေမယ်ထင်တယ်။ သူမတို့ပျော်ရင်တောင် စကားမပြောပဲ ငြိမ်ပြီးပြုံးနေတတ်တဲ့ သူမမောင်လေးက ဒီနှစ်ပိုင်းမှာ အရင့်အရင်ကထက် အတော်လေးကို အေးဆေးလွန်းသွားသည်။




Thanlwin Ainmat Online Magazine