| သူမသည်ကမ္ဘာမြေကိုမျှား၏ |
|
|
ကန်ရေပြင်က သစ်ပင်အရိပ်တို့အုပ်မိုးကာ စိမ်းဖန့်ဖန့်ညိုမှောင်မှောင်။ ကန်ကို ဖြတ်တိုက်လာသော လေနုအေးသည် တောရိပ်တောင်ရိပ်တို့ကြားမှ အုံ့တုံ့တုံ့ မှုန်မှိုင်းမှိုင်း အနံ့တို့ကိုပါ သယ်ဆောင်လာ၏ ။ ပြုပြင်ဖန်တီးမှု နည်းပါးသော သဘာဝသည် ကျေနပ်လောက်ဖွယ် ပျော်ရွှင်မှုကို သူ့ချည်းသက်သက် ပေးနိုင်ပါရဲ့လား။ သဘာဝတို့ ထုံမွှန်းထားသော ကန်တစ်ခုဘေးဝယ်ထိုင်ကာ သဘာဝမကျသောနည်းလမ်းဖြင့် ငါးမျှားကာ ပျော်ရွှင်မှုကို ရှာနေသူမှာ သူမဖြစ်သည်။ သူမ လက်ထဲမှာကိုင်ထားသော ငါးမျှားတံက တင်းခနဲ ဖြစ်သွားသည်။ ဟော ငါး ငါး ငါးတွတ်နေပြီ။ သူမ နှုတ်မှ အသံတစ်ပိုင်းတစ်စတို့ထွက်ကျသွားသည်။ မျက်မှောင်ကျုံ့သံ တစ်ခုကို စိတ်နားဝယ် ဖြတ်ခနဲကြားလိုက်ရတော့ သူမ ဖွဖွပြုံးလိုက်သည်။ ကန်ရေပြင် ဟိုဘက်ခြမ်း မလှမ်းမကမ်း ကို လှမ်းကြည့်လိုက်လျှင် ဘယ်ရီဦးထုပ်ပြားလေး ငိုက်ငိုက် ဆောင်းထားသည့် အဘိုးကြီး တနင်္ဂနွေနေ့မနက်တွေမှာ အိပ်ရာနိုးသည်နှင့် ကော်ဖီထည့်ထားသော ဓာတ်ဗူးလေး တစ်လုံးရယ်၊ ပေါင်မုန့်တချို့ ၀က်ပေါင်ခြောက်တချို့ ကြက်ဥကြော်တစ်လုံး စပျစ်သီးခြောက်တချို့တို့ကို အဆီအငေါ်မတည့်စွာ ထည့်ထားသော ဗူးပြားပြားလေး တစ်ဗူးရယ်၊ ခင်းထိုင်ရန် ပလတ်စတစ် ဖျာခေါက်ကလေးတစ်ခု ငါးမျှားတံတစ်ချောင်း ငါးစာဗူးတစ်ဗူးရယ် နှင့် သူမထွက်လာမည်။ ခေါင်းရင်းအိမ်က အဘွားကြီးက ထုံးစံအတိုင်း မလိုတမာအကြည့်ဖြင့် သူမကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မကြားတကြား မဲ့ရွဲ့ ပြောပြီး ကျန်ရစ်မည်။ မိန်းကလေးတန်မဲ့ စောစောစီးစီး အကုသိုလ်အလုပ် လုပ်တော့မယ် ဆိုလား။ အဲဒါမျိုးဆန်ဆန် ဖြစ်သည်။ သူမသည် ငါးကို အကောက်မပါသော ငါးမျှားချိတ် (တကယ်တော့ ငါးမျှားချိတ်လို့ပင် မခေါ်နိုင်နော်။) ဖြောင့်ဖြောင့်မှာ ငါးစာကိုစွပ်ကာ မျှားလေ့ရှိတာ အဲဒီမိန်းမကြီးမသိ။ ငါးကိုစားချင်လို့ ငါးမျှားတာမဟုတ်မှန်း မသိ။ အို သူမက ငါးကိုလိုချင်လို့ ငါးမျှားတာတောင် မဟုတ်မှန်း မသိ။ ညနေတိုင်းပြန်လာချိန်မှာ ဘာကြောင့် ငါးတစ်ကောင်တလေမှ အိမ်ပြန်မပါလာသလဲ ဆိုတာ မသိ၊ သူမဘက်ကရော။ ချက်ပြုတ် စားလေ့မရှိတဲ့ သူမ အတွက် ငါးပါလာလျှင် အဲဒီမိန်းမကြီးက လိုချင်တဲ့ မျှော်လင့်ချက် ထားနေသလား ဆိုတာ မသိ။ သူမ အပြင်ထွက်တိုင်း ဒီမိန်းမကြီးတစ်ယောက် ချောင်းမြောင်းစပ်စုကာ ဘာကြောင့် မမောမပန်းနိုင် စကားတင်း ပြောနေနိုင်လဲဆိုတာ မသိ။ လောကမှာ ဒီလိုနဲ့ သူ့အကြောင်း ကိုယ်မသိ။ ကိုယ့်အကြောင်း သူမသိ။ မသိတာကို အသိလုပ်ခဲ့တာတွေ ဘယ်လောက်တောင် များနေပြီလဲ။ အဲဒီမသိခြင်းတွေကို နောက်မှာ ချန်ခဲ့ရင်း တနင်္ဂနွေနေ့တိုင်း သူမ ငါးမျှားထွက်မည်။
ဒီတစ်ခါတိုက်သော လေက ပိုစိမ့်လာသည်။ မိန်းမိန်းမူးမူး ငိုက်မျည်းချင်စရာ။ “ခင်ဗျားက သိပ်ကိုတော်တာပဲ နော် ” ပညာသားမပါတဲ့ အထင်တကြီး ခပ်ပိန်းပိန်း ချီးမွမ်းသူတွေ။ “မ ကလေ လှတယ်ဆိုတာထက် သိပ်ဆွဲဆောင်နိုင်တာ သိလား။” မျက်လုံးချင်းဆုံအောင် ခပ်ရဲရဲကြည့်ရင်း မထိတထိ အပြောတွေ။ “အိမ်မှာ အဆင်မပြေဘူးကွာ။ ကလေးနဲ့ အခုလို စကားပြောနေရတာတော့ စိတ်ချမ်းသာတယ်။ ” ဆီရွှဲအောင်လိမ်းထားတဲ့ ခေါင်းကြီးကို ယမ်းခါရင်း ပြောတဲ့ မျက်နှာထူအမ်းအမ်းတွေ။ ရှောင်ကာ.. တိမ်းကာ.. ကကာ.. သီကာ.. ရယ်ကာ.. မောကာ.. အိုး.. ပြာလဲ့လဲ့ မီးရောင်တွေကြားမှာ.. လူဂုဏ်တန်တွေရဲ့ တွေ့ဆုံပွဲတွေမှာ.. ဖန်ခွက်ချင်း တခွင်ခွင် ထိတိုက်သံတွေကြားမှာ.. ပိုးဖဲဝတ်ရုံ ပွတ်တိုက်သံ တရွှမ်းရွှမ်းတွေကြားမှာ.. စီးကရက်မီးခိုးနံ့.. ရေမွှေးနံ့.. စူးရှရှ ရီဝေေ၀ရနံ့တွေကြားမှာ.. ကြော်ကြားမှုဆိုတာ ဘာလဲ။ အောင်မြင်မှုဆိုတာ ဘာလဲ။ မိန်းမတစ်ယောက်ရဲ့ အရေးပါမှုဟာ.. အလုပ်အကိုင်.. ၀င်ငွေ.. လှပမှု .. ဘယ်နေရာမှာလဲ။ အဲဒါတွေက ကင်းလွတ်တဲ့ တနင်္ဂနွေနေ့ တစ်နေ့ မှာတော့ သူမ ငါးမျှားချင်ပါသည်။ ဘာငါးတွေကို မျှားမှာလဲ။ ဈေးသွားရန် ဟင်းချက်ရန် ၀ါသနာမပါသောသူမ... ငါးအမျိုးအစားတွေကို မသိပါ။ အို သိစရာလည်းမလိုပါ။ သူမ သိတာက ငါးစာနောက်မှာ ငါးမျှားချိတ်ပါမှန်းသိလို့ ကွင်းရှောင်သွားတဲ့ငါး... ငါးစာကို ဘေးက ပါးပါးနပ်နပ် တွတ်စားသွားတဲ့ငါး...။ အစာတပ်ထားတဲ့ ငါးမျှားချိတ်ဖြောင့်ဖြောင့် တစ်ခုလုံးကိုပင် မျိုချတဲ့ ငါးမျိုးကတော့ လောဘကြီးတဲ့ငါး.. အဟပ်ကြီးတဲ့ငါး.. အစူးစမ်းအဆင်ခြင်မရှိတဲ့ငါး.. ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့ငါး.. အဲဒီငါးမျိုးတွေပဲ ဖြစ်မည်။ သိပ်ပါးနပ်တဲ့ငါး ကျတော့လည်း အန္တရာယ်မပေးမှန်းရိပ်မိလို့ မသိချင်ယောင်ဆောင်ပြီး တမင်မျိုချတာ ဖြစ်ကောင်းဖြစ်မည်။ ဒါဆိုရင်တော့ ပွဲက နှစ်ဘက်စလုံးအတွက် ပျော်စရာဖြစ်နိုင်သားနော်။ ရယ်စရာ ကောင်းတာတစ်ခုကတော့ အကောက်မပါတဲ့ ငါးမျှားချိတ်ဖြောင့်တစ်ခုက ပါးဟက်ကို ထိုးဖောက်ငြိတွယ်စေတဲ့ အကောက်တစ်ခုပါတဲ့ ငါးမျှားချိတ်လောက် ငါးကို ဆွဲဆောင်မှု မရှိသလိုဖြစ်နေတာပဲ ဖြစ်သည်။ ဟိုရှေ့က အဘိုးကြီး ငါး လေးငါးကောင်လောက် ဆွဲတင်ပြီးတဲ့ အချိန်မှာ သူမဆီတော့ တစ်ကောင်တစ်လေ လာတွတ်လျှင် တော်တော် ကံကောင်းလှပြီ။ ငါးစာပြုတ်ကျသွားလို့ ပြန်တပ်ရတာလဲ အကြိမ်ကြိမ်။ ဘယ်လိုဖြစ်ဖြစ် သူမကတော့ ဒီလိုပဲ ငါးမျှားနေချင်သေးသည်။ ဗြုန်းဆို လက်ကိုတင်းလာသော အထိအတွေ့ကို သူမခံစားလိုက်ရသည်။ ငါးမျှားကြိုးကို သတိကြီးစွာ တဖြည်းဖြည်း ရစ်ပတ် ဆွဲတင်လိုက်သည်။ ဟော.. ငါး.. ငါး။ လေးခနဲ ပါလာသည်။ တော်တော် အကောင်ကြီးမည်ထင်ရသည်။ ငါးကသိပ်မရုန်းပဲ အလိုက်သင့် ပါလာသည်။ ငါးမျှားတံကို ဆွဲမလိုက်တော့ ကန်ရေပြင်ပေါ်က တစ်ပေခန့် အကွာမှာ အမြီး တဖြတ်ဖြတ်ခါနေသည့် ငါးတစ်ကောင်လုံး ထင်းထင်းပေါ်လာသည်။ ငါးကို သူမ အားရစွာ ကြည့်နေမိသည်။ ငါးက သူမကို တဒင်္ဂမျှ ငေးစိုက် ပြန်ကြည့်သယောင်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်၊ ငါးက ကန်ရေပြင်ပေါ်ကို ဗွမ်းခနဲ ပြန်ကျသွားသည်။ ဒါပဲ။ အစာလည်း ပါသွားပြီ။ အကောက်မပါသော ငါးမျှားချိတ်ဖြောင့်လေးသာ တန်းလန်း လှုပ်ခါ ကျန်ရစ်သည်။ ကန်ရေပြင်ပေါ် ငါးကျသွားရာနေရာမှ ရေဂယက် ၀ိုင်းဝိုင်းကလေးများကို သူမ မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ ခဏကြာတော့ ဂယက်ကလေးများ ပျောက်သွားသည်။ ကန်ရေပြင်က ဘာမှမဖြစ်ခဲ့သလို ပြန်လည် ငြိမ်သက်သွားပြန်သည်။ ဒါပဲ။ သူမအဖို့တော့ ဘ၀ဆိုတာလည်း ဒါပဲဖြစ်သည်။ ၁၆ စက်တင်ဘာ ၂၀၀၇ |
|
တစ်ယောက်ရှိမည်။ တကယ်တော့ ဒီကန်တစ်ခုလုံးမှာ ငါးလာမျှားတာဆိုလို့ သူမရယ် အဲဒီ အဘိုးကြီးရယ်။ ဒါပဲ။ အဘိုးကြီးက သူမကို စကားတစ်လုံးမှ မပြော။ သူမကလည်း အဘိုးကြီးကို မပြော။ ငါးမျှားနေစဉ် သူမထံက အသံတစ်ခုခု ထွက်လာလျှင် အဘိုးကြီးက သူမကို မျက်မှောင်ကျုံ့ကာ တစ်ချက်ကြည့်မည်။ ဒါပဲ။ ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်ခု ကုန်ဆုံးချိန်နီးလျှင် သူမက အဘိုးကြီးကို လက်တစ်ချက်ဝှေ့ယမ်းပြကာ နှုတ်ဆက်ပြီး ပြန်မည်။ အဘိုးကြီးက မပြုံးမရယ် မျက်မှောင်ကျုံ့ကာ တစ်ချက်ပြန်ကြည့်ပြီး မျက်နှာလွှဲသွားမည်။ ဒါပဲ။ သူမအတွက် တနင်္ဂနွေ တစ်နေ့တာဆိုတာ ဒါပဲ။
အိပ်ချင်ပြေအောင် ၀ါးနေသော စပျစ်သီးခြောက်တွေကို ပါးစပ်ထဲ အကုန်လောင်းချလိုက်တော့ လက်ဖ၀ါးက စေးကပ်ကပ် အတွေ့တို့သာ ကျန်ခဲ့သည်။ အဲဒီ လက်ဖ၀ါးတွေဟာ အဲ.. ဒီ.. လက်ဖ၀ါးတွေဟာ ဟေး.. ဟိုင်း.. ဟဲလို... အနောက်တိုင်းဆန်ဆန် ခပ်ပေါ့ပေါ့ နှုတ်ဆက်သံတွေ အဲဒီ လက်ဖ၀ါးတွေဟာ လူပေါင်းစုံရဲ့ ခွဲကျိတဲ့ အဆီပြန် လက်ဖ၀ါးတွေ အေးစက်စက် လက်ဖ၀ါးတွေ အာရုံငါးပါးတို့ ပူရှိန်းနေတဲ့ လက်ဖ၀ါးတွေ နဲ့ အကြိမ်ပေါင်းများစွာ နီရဲမတတ် ဆွဲ.. ယမ်း.. နှုတ် .. ဆက် ... လို့။ အဲဒီ... လက်ဖ၀ါးတွေဟာ... ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် တုန်းကတော့ လူငယ်လေး တစ်ယောက်ရဲ့ မရဲတရဲ ဆုပ်ကိုင်မှုမှာ တွန့်တိုစွာ... ရှက်ရွံ့စွာ... ကြည်နူးရင်ခုန်စွာ... စိတ်လှုပ်ရှားဖူးခဲ့တယ်ဆိုတာ ယုံနိုင်ဖွယ်ပင်မရှိနော်။ အဲဒီလက်ဖ၀ါးတွေဟာ... အခုလောလောဆယ်တော့ ငါးမျှားတံ တစ်ချောင်းကိုသာ ကျစ်ကျစ် ဆုတ်ထားသည်။




Thanlwin Ainmat Online Magazine