Home    Old Issues    Contact   


 
မေးချင်တာမေး၊ ဖြေချင်တာဖြေ
ကိုသံလွင်
 

ကိုသံလွင်ရေ..
လုပ်ပါဦး ... ဒီခေတ် မိန်းကလေးတွေ ဟိုပေါ်ဒီပေါ်ဖြစ်ကုန်ပြီ... လုံလုံခြုံခြုံ ဖြစ်အောင်လုပ်ပါဦး..
Cherry
ဆင်ဆာတင်ထားပါတယ်၊ စိစစ်ရေးခွင့်ပြုချက် ခဏစောင့်ပါ။

မောင်သံလွင်..
ကုန်ဈေးနှုန်းတွေတက်နေတာ ဘယ်လိုလုပ်ရမလဲ..
ဦးအောင်
ဦးအောင်ရေ.. ပစ္စည်းတွေကို ဦးအောင်သာဝယ်ထားဗျို့။

ဘာလို့သံလွင်အိပ်မက် ထွက်တာကြာနေရတာလဲ ကိုသံလွင်..
မြခက် (စင်္ကာပူ)
သံလွင်အိပ်မက် အယ်ဒီတာတွေ အအိပ်လွန်သွားလို့ပါ။

ကိုကြီးသံ
လုပ်ကြပြန်ပြီ လူထုဆန္ဒခံယူပွဲတဲ့။ ကိုကြီးသံရော ထောက်ခံပါသလား။
မျိုးမျိုး(ရန်ကုန်)
ထောက်ခံပါတယ်၊ အမှန်အကန်ထောက်ခံပါတယ် (ပြည်သူလူထုကိုပြောပါတယ်)။ ကာတွန်းလေးတွေသွားကြည့်လိုက်.. မြန်မြန်သွားကြည့်လိုက်..

ကိုသံလွင်ကြီး
စင်္ကာပူမှာ ဆန်ဈေးတက်တယ်ဆို.. ဟုတ်လား။
သားညီ (USA)

ဆန်ဈေးတော့ တက်ချင်တက်ကြပါဗျာ။ ကျွန်တော့် ခေါက်ဆွဲပြုတ်လေးကို မထိခိုက်ရင်ပြီးတာပါပဲ။

ကိုကိုသံ
ဘယ်တော့ပြန်တွေ့ရမှာလဲလို့…
မီးချစ်( လှိုင်)
ပြန်လာမယ်၊ ပြန်ချစ်မယ်.. မီးချစ်ရယ်

ကိုသံလွင်
မြန်မာပြည် ဘယ်တော့တိုးတက်မှာလဲ
ဇော်လေး( ပျဉ်းမနား)
အမယ်.. ဇော်လေးက နီးနီး နားနားကို မေးလိုက်တာမဟုတ်ဘူး..

ကိုသံ
တချို့လူကောင်းတွေ အသေစောပြီး တချို့ လူဆိုးတွေ ဘာလို့ သက်ဆိုးရှည် နေရတာလဲ။
ရဲမင်း
မိုးခါးရေတွေ သောက်လို့ထင်တယ်ဗျ။ သူတော်ကောင်းတွေက မိုးခါးရေ မကြိုက်ဘူးလေ..

မောင်သံလွင်
ရန်ကုန်မှာ ပြည့်တန်ဆာတွေပိုပေါပြီး HIV ဖြစ်သူတွေ ပိုပေါလာနေပြီ ဘယ်လိုကာကွယ်ရမလဲ..
ဦးသက်နိုင်
HIV ကိုတော့ကာကွယ်လို့ရတယ် ဦးသက်နိုင်ရေ.. ပြည့်တန်ဆာ ကို ပြည့်ရတနာတွေလို့ ထင်နေလားမှမသိတာ။

သီးလေးသီး အဖွဲ့က မြန်မာပြည်ကို ပြန်လာဦးမှာလား ။ ပွဲကြည့်ချင်လို့ပါ။
ဆုဝေ (သင်္ကန်ကျွန်း)
VCD လေးတွေကို အရင်ကြည့်ထားလိုက်ပါဦး ဆုဝေရေ..

   
Thanlwin Official Website

counter customizable free hit