Home    Old Issues    Contact   


 
စာဖတ်သူများထံမှပေးစာ
သံလွင်စာဖတ်ပရိသတ်များနှင့် ဝိုင်းတော်သားများ
 

ကိုသံလွင်သို့ . . .
မိုးရိုသေစွာ စာရေးလိုက်ပါတယ်။ သံလွင်အိပ်မက်ကို သိတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် သိသိချင်းပဲ ဟိုးအရင် Issue တွေ အကုန် တစ်ခုချင်းလိုက် ဖတ်လိုက်တယ်။ လိုအပ်ချက်လေးတွေ ဟိုနားဒီနားမှာ ရှိနေပေမယ့် Overallကတော့ Goodပါတယ်။ အခုလောလောဆယ်တော့ သံလွင်က Updateလုပ်တာ မတွေ့ဘူးနော်။ ဘယ်လို အခက်အခဲမျိုး ရှိလို့လဲဆိုတာ သိချင်ပါတယ်။ ကူညီနိုင်ရင် ကူညီရတာပေါ့
မိုးမိုး (UK)
မိုးမိုးရေ
အကူအညီပေးမယ်ဆိုလို့ ကျေးဇူးအရမ်းတင်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် သံလွင်အိပ်မက်ကို ခေတ္တရပ်ဆိုင်းထားခဲ့ ရပါတယ်။ အခုတော့ အတွဲ ၂ အမှတ် ၁ ကို အေးအေးဆေးဆေး ဖတ်လို့ ရပါပြီ။

သို့ သံလွင်အိပ်မက်
Oct သံလွင်အိပ်မက် စောင့်မျှော်နေပါတယ်။ ဖွင့်မရတာလား၊ မထွက်သေးတာလား မကွဲပြားလို့ mail ပို့လိုက်တာပါ။ ကိုယ်ပိုင် blog ကအခုမှ အစဖြစ်တာကြောင့် လာရောက် အားပေးမယ်ဆိုရင် အရမ်းကို ၀မ်းသာမှာပါရှင်။ အခက်အခဲ များကြားမှ သံလွင်အိပ်မက် ကို နားလည်နိုင်ပြီး အားပေးလျက်ရှိကြောင်း။ သံလွင်အိပ်မက်အောင်မြင်ပါစေ။
နေညိုရနံ့
အောက်တိုဘာIssueနဲ့ ဇန်န၀ါရီ Issueက အခြေအနေ အရပ်ရပ်ကြောင့် မထုတ်ဖြစ်ခဲ့ပါ။ ကိုယ်ပိုင်ဘလော့ခ်ကို လာရောက် အားပေးချင်ပေမယ့် Address မသိတာကြောင့် မလာဖြစ်သေးပါ။ သံလွင်အိပ်မက်ကို အားပေးတဲ့အတွက်ရော စာမူတွေ ပေးပို့တဲ့အတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။

သို့ သံလွင်အိပ်မက်

ဘာစာမှ မယ်မယ်ရရ သိပ်မဖတ်ဖြစ်ပါဘူး။ ရင်ထဲမှာတော့ ခံစားချက်တွေ ရှိနေတတ်တယ်။ နောက်ပြီး ၀တ္တုလဲ မရေးတတ်ဘူး။ ကဗျာလဲ မခံစားတတ်ဘူး။ အက်ဆေး၊ ဆောင်းပါး မရေးတတ်ဘူး။ စကားဝိုင်းတွေထဲလဲ ၀င်ပြီး မဆွေးနွေးတတ်ဘူး။

သံလွင်ကို တွေ့တာမကြာသေးဘူး၊ တွေ့စကတော့ သမန်ကာလျှံကာပဲ။ နောက်ပိုင်း သူ့မျက်နှာပေါ်က အကြောင်းအရာတွေ ဖတ်ကြည့်မိရင်း သူ့ကို စွဲလမ်းလာတယ်။ ဗဟုသုတလဲရတယ်။ သံလွင်ကို သဘောကျတယ်။

သံလွင်အိပ်မက်ထဲမှာ အကြိုက်ဆုံး ကဏ္ဍတွေကတော့ ၀တ္ထုတို၊ အက်ဆေး၊ ဆောင်းပါး၊ ကာတွန်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အကြောင်းတွေလည်း မဆွေးနွေးတတ်ပေမယ့် နိုင်ငံရေးနဲ့ အထွေထွေ ဗဟုသုတတွေကို နှစ်သက်ပါတယ်။ ပုံမှန်အားဖြင့် စာသိပ်ဖတ်လေ့ မရှိပေမယ့် အခုတော့ အရင် Issueတွေကို ပြန်ပြီး ဖတ်ဖြစ်နေပါတယ်။ တချို့စာတွေဆို ကြိုက်လွန်းလို့ Print out ထုတ်ပြီး မောင်နှမတွေကို ဖတ်ခိုင်းပါတယ်။ အထွေထွေ ဗဟုသုတတွေ ရအောင်ပါ။ သံလွင်အိပ်မက်က ဆွဲဆောင်မှု အရမ်းရှိပေမယ့် အလုပ်ထဲမှာသာ ဖတ်နိုင်ပါတယ်။ အိမ်မှာက အင်တာနက်မရှိဘူးလေ။ သံလွင်အိပ်မက်ကို အရမ်းကျေးဇူးတင်ပါတယ်။
J18 J18သို့ . .
အခုလို စာအရှည်ကြီးရေးတဲ့အတွက် ကျေးဇူးပါ။ သံလွင်အိပ်မက်က လူငယ်တွေ အတွက် အထွေထွေ ဗဟုသုတတွေ ရတယ်ဆိုတာ သိရတဲ့ အတွက် ကျွန်တော်တို့ လုပ်ရကျိုးနပ်ပါတယ်။

သံလွင်အိပ်မက်ကို အရမ်းကြိုက်ပါတယ်။ သိချင်တာ တစ်ခုက သံလွင်အိပ်မက်ထဲက Flash Fileတွေကို ဘယ်လို Downloadလုပ်ရမလဲဆိုတာပါ။
အာကာ

ကိုအာကာရေ - သံလွင်အိပ်မက်ထဲက Flash Fileတွေကို Downloadချလို့ မရပါဘူး။ Printပဲ ထုတ်လို့ ရတယ်။ Issue 11မှာတော့ PDF ဖိုင်တွေကို Download ချလို့ ရပါတယ်။ ကျေးဇူးပါ။

   
Thanlwin Official Website

counter customizable free hit