| အင်တာဗျူး |
|
|
ကျွန်တော်တို့သံလွင်အိပ်မက် အဖွဲ့သားများသည် သီးလေးသီးအငြိမ့် အဖွဲ့မှ မင်းသမီးများ နှင့် လူရွှင်တော်များကို ဇန်န၀ါရီလ အတွင်း စင်္ကာပူ ပထမဖျော်ဖြေပွဲ အပြီးတွင် အင်တာဗျူး ခဲ့ပါသော်လည်း အဆင်မပြေမှုများကြောင့် သံလွင်အိပ်မက် ထွက်ရန်နှောင့်နှေးခဲ့ပါသည်။ သီးလေးသီးအဖွဲ့သည်အခက်အခဲများစွာကိုကျော်ဖြတ်က မလေးရှား၊ထိုင်း၊ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ ရှိ ရွှေမြန်မာများကို ကပြဖျော်ဖြေခဲ့ကြသည်။စင်္ကာပူတွင် ဒုတိယအကြိမ် ကပြဖျော်ဖြေကြသည်။ ဤအကြိမ်တွင် မင်းသမီး နှစ်ယောက်၊ ဂေါ်ဇီလာနှင့် ကြယ်သီး တို့သာဖျော်ဖြေနိုင်ခဲ့ကြသည်။ ကျန်သောသီးသုံးသီးသည် စင်္ကာပူဝင်ခွင့်ဗီဇာကို နောက်ကျမှရသောကြောင့် ရောက်လာနိုင်ခြင်းမရှိပေ။ ပြည်သူများ၏ အားပေးမှုကြောင့် အောင်မြင်လာသောသီးလေးသီးအဖွဲ့သည် သတင်းဌာန များနှင် အင်တာဗျူးများ ဖြေပြီးဖြစ်လေသည်။ သို့သော် သံလွင်အိပ်မက်မေးသော မေးခွန်းများသည် မတူညီသော ရှုထောင့်မှဖြစ်သောကြောင့် စာဖတ်သူများ ကျေနပ်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ မေးခွန်းများကိုဖြေပေးသော သီးလေးသီး အဖွဲ့သားများကို ကျေးဇူးအထူးတင်ရှိပါသည်။ သံလွင်အိပ်မက်။ ။ အခုခရီးစဉ်က ပထမဆုံးနိုင်ငံခြား ဖျော်ဖြေရေး ခရီးစဉ်လား။ ဘယ်သူအရင်စဖြေမလဲ။ ကိုစိန်သီးဖြေပေးပါလား။ စိန်သီး။ ။ ဒီဖျော်ဖြေရေးခရီးစဉ်က ပထမဆုံးခရီးစဉ်မဟုတ်ပါဘူး။ ဌာနမှာတုန်းက နှစ်နိုင်ငံ ချစ်ကြည်ရေးတို့၊ အာဆီယံ ဆယ်နိုင်ငံ ယဉ်ကျေးမှု ခရီးစဉ်တို့ စတဲ့ခရီးစဉ်တွေရှိခဲ့ပါတယ်။ သံလွင်အိပ်မက်။ ။ အဲဒီခရီးစဉ်တွေတုန်းက နိုင်ငံတော်က လွှတ်တဲ့ နိုင်ငံကိုယ်စားပြု အနုပညာသည်ပေါ့လေ။ အခုခရီးစဉ်ကတော့ နိုင်ငံခြားမှာရှိတဲ့မြန်မာပြည်သူတွေကဖိတ်ခေါ်တဲ့ဖျော်ဖြေတာပေါ့လေ။ အဲဒီတော့ ဒီခရီးစဉ်နှစ်ခုကြားမှာ ဘာတွေကွာခြားတာတွေများရှိသလဲ။ စိန်သီး။ ။ ကွာခြားတာတွေရှိပါတယ်။ မြန်မာနိုင်ငံကနေ အစိုးရဌာနကနေ ကျွန်တော်တို့ကို လွတ်တုန်းကတော့ သဘင်သည် မင်းသားတွေအနေနဲ့ပေါ့။ အခုတစ်ခေါက်ကတော့ မင်းသားတွေအနေနဲ့လည်း ကျွန်တော်တို့ ဖျော်ဖြေတယ်။ အဓိကကတော့ ကျွန်တော်တို့က လူရွှင်တော်တွေအနေနဲ့ ဖျော်ဖြေရတယ်။ အခက်အခဲဆိုတာကတော့ ရှိတာပေါ့။ အယင်က နိုင်ငံတော်ခရီးစဉ်ယဉ်ကျေးမှုဖလှယ်ရေး အနေနဲ့ဆိုတော့ ကျွန်တော်တို့ရဲ့ပရိတ်သတ်က နိုင်ငံခြားသားတွေက အဓိကဆိုတော့ ပဒေသာအကတို့ရာမဇာတ်တို့ စတဲ့ဟာတွေကပြရတာပေါ့။ အခုကတော့ အငြိမ့်ဆိုတော့ ပြက်လုံးတွေကိုမြန်မာလိုပြောရတာပေါ့။ အဲဒီပြက်လုံးတွေအတွက် ပြင်ဆင်ရတယ်။ ကျွန်တော်တို့က နိုင်ငံခြားမှာရှိတဲ့ မြန်မာပြည်သူတွေကို အရမ်းကို ကပြဖျော်ဖြေချင်တော့ ပွဲဖြစ်အောင်အဓိကထားရတယ်။ အယင်ကတော့ ဆိုင်းဝိုင်းတို့ ဆိုင်းဆရာတို့ အတွက်ပူစရာမလိုဘူး။ အခုတော့ ရောက်တဲ့နေရာမှာ ရောက်တဲ့နေရာက ဆိုင်းဝိုင်းတို့ ဆိုင်းဆရာတို့ နဲ့ တိုက်ရတယ် ညှိရတယ်။ ကျွန်တော်တို့တွေပိုပြီး အားစိုက်ထုတ်ရတယ်။ နဲနဲ ပိုပင်ပန်းတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့တွေပျော်ပါတယ်။ သံလွင်အိပ်မက်။ ။ အရင်ခရီးစဉ်တွေတုန်းက အခုလာခဲ့တဲ့သူတွေအကုန်လုံးသွားကြတာပဲလား။ သံလွင်အိပ်မက် ။ သီးလေးသီး ဘယ်လိုစတင်ပြီး ဖြစ်ပေါ်လာတာလဲ ။ ကိုကြယ်သီး ဖြေပေးပါဦး။ ကြယ်သီး ။ ဖြစ်ပေါ်လာပုံကတော့ လူရွှင်တော် ကရင်းကနေဖြစ်လာပဲလေ။ ပြီးပြီ.. ။ ဟဲ..ဟဲ..။ လူရွှင်တော်တွေ အယင်ဖြစ်တာပါ။ ကိုစိန်သီးဆို ကိုပေါက်စီကျွန်တော်ဆို ဂျိုးသိန်း ဆိုပြီး ရှိခဲ့ဘူးတယ်။ ပန်းသီးနဲ့ ဇီးသီးကတော့ သူတို့ရဲ့ပထမဆုံးအနုပညာ နာမည်တွေပါ။ သီးလေးသီးဆိုတာကတော့ ကျွန်တော်တို့ရဲ့ အစ်ကိုလဲအစ်ကို ဆရာလည်း ဆရာဖြစ်တဲ့ ကိုဇာဂနာ(ကိုသူရ)က “ဇီးသီးနဲ့ပန်းသီးတော့ရှိနေပြီ ဒါပေမယ့် မင်းတို့ဟာ စည်းလုံးမှုတစ်ခုအနေနဲ့ မတွေ့ရသေးဘူး. စည်းစည်းလုံးလုံးဖြစ်တဲ့ အဓိပ္ပါယ် ကိုပေါ်လွင်စေအောင်လို့ လုပ်ရမယ်။ အသီးဆိုလည်း အသီးလေးသီးပေါ့၊ ဂျိုးသိန်းဆိုလည်း ဂျိုးရာ၊ဂျိုးထောင် ပေါ့ ၊ ပေါက်စည်ဆိုလည်း အီကြာကွေး၊ပေါင်မုန့်ထပ်တရာ ပေါ့ ဆက်နွယ်နေတဲ့ အရာတွေ ပေါင်းစည်းကြရင် ကောင်းမယ်” လို့ အကြံပေးတယ်။ အဲဒီတော့ အသီးကနှစ်သီးရှိပြီးသားဆိုတော့ မဲကနှစ်မဲများနေတော့ စိန်သီးနဲ့ ကြယ်သီးဆိုပြီး ကျွန်တော်တို့နှစ်ယောက်က ပြောင်းလိုက်တယ်။ အဲဒီကစတာပါပဲ။ သံလွင်အိပ်မက်။ ။ မင်းသမီးတွေကျတော့ ဘယ်လိုရွေးခဲ့တာလဲ။ ကြယ်သီး။ ။ မင်းသမီးနှစ်ယောက်ထဲမှာ မြစပယ်ငုံ ကတော့ ယဉ်ကျေးမှု တက္ကသိုလ်ကနေပြီး ကျွန်တော်တို့ ရွေးခဲ့တာပါ။ ခေါင်းဆောင်မင်းသမီး မချောစုမျိုးကတော့ကျွန်တော်တို့ အကိုနောင်တော်တွေဖြစ်တဲ့ ကိုဂေါ်ဇီလာတို့ ကိုကင်းကောင်တို့ ကိုဖိုးဖြူတို့လက်ထက်ကတည်းက ကနေတာပါ။ မြပုဏ္ဏမာရဲ့ အစာပိတ်မျိုးဆက်လို့ပြောလို့ရပါတယ်။ သူက ကျွန်တော်တို့ထက်စောတာပေါ့။ သံလွင်အိပ်မက်။ ။ ဟို မျှော်စင်ကျွန်းမှာတုန်းက မင်းသမီးသုံးယောက်တွေ့ခဲ့တယ်နော်.. ကြယ်သီး။ ။ ဟုတ်ပါတယ်။ ကျွန်တော်က ရယ်စရာပြောတာနော်.. ခေါင်းဆောင်မင်းသမီးက အသက်ကြီး လာပြီဆိုတော့ ရှေ့ထွက်မင်းသမီးကို ခေါင်းဆောင်မင်းသမီးတင် ဖို့ရှေ့ထွက်မင်းသမီးအသစ် ရှာထားမယ်ဆိုပြီးရှာခဲ့တာပဲ.. ဒါပေမယ့်ခေါင်းဆောင်မင်းသမီးကိုက လက်လွတ်လို့ မရသေးဘူး ဖြစ်နေတယ်။ သူက ဟောင်းလေ ကောင်းလေ ဖြစ်နေတော့ သူ့ကိုလက်မလွှတ်နိုင်ဘဲ အသစ်ရှာထား တဲ့မင်းသမီးကို ပြန်ဖြုတ်လိုက်ရတယ်။ သံလွင်အိပ်မက်။ ။ အရင်က အနုပညာအဆင့်အတန်းနဲ့ အခုအနုပညာအဆင့်အတန်း ဘယ်လိုများ ကွာခြားပါသလဲ။ ကြယ်သီး။ ။ ကျွန်တော်တို့ အထင်နဲ့ အမြင်က အခုလက်ရှိပွဲကြည့်သူ ပရိတ်သတ်တွေရဲ့ အထင်အမြင်နဲ့ ထပ်တူဖြစ်နေလိမ့်မယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲကြည့်ပရိတ်သတ်တွေက အရင်က အခြေအနေမှာ သိလည်းမသိဘူး၊ မြင်လည်းမမြင်ဘူး၊ ကြားလည်းမကြားဘူးပေါ့။ အခုပရိတ်သတ်ကတော့ သိလည်းသိတယ်၊မြင်လည်းမြင်တယ်၊ ကြားလည်းကြားတယ်။ အကြားအမြင်ပိုများလာတော့ အသိဥာဏ် ပိုမြင့်လာတယ်ပေါ့။ ပရိတ်သတ် အသိဥာဏ်ပိုမြင့်လာတဲ့အခါ အနုပညာလည်း အဆင့်အတန်း ပိုမြင့်လာရမှာပဲလေ။ ကျွန်တော်တို့တွေက ပြည်သူချစ်တဲ့ အနုပညာသည်တွေဖြစ်သလိုပြည်သူတွေကြားထဲက မွေးဖွားလာတဲ့သူတွေလည်းဖြစ်တယ်. ဒါကြောင့် ပြည်သူအဆင့်အတန်းမြင့်လာလေ အနုပညာလဲ အဆင့်အတန်းမြင့်လာမှာပေါ့။ ကန်မြင့်တော့ ကြာတင့်တာပေါ့။ သံလွင်အိပ်မက်။ ။ မြန်မာ့သဘင်လောကမှာ ဘိုးစိန်တို့၊ အောင်ဗလတို့ စတဲ့ သဘင်လောကို ဆန်းသစ် တီထွင်ခဲ့တာတွေ ရှိတယ်ပေါ့နော်။ အခုသဘင်လောကမှာရော အဲဒီလို တီထွင်ဆန်းသစ်မှုတွေ ရှိပါသလား။ ကြယ်သီး။ ။ အင်း.. လက်လှမ်းမှီရာတော့ ကြိုးစားအားထုတ်ကြပါတယ်။ ဘယ်သူ့ခေတ်မှာ ဘယ်သူက ထွင်ခဲ့တယ်ဆိုတာ မှတ်တမ်းမှတ်ရာနဲ့ တိတိကျကျမရှိတာကတော့ ၀မ်းနည်းစရာပေါ့။ ကျွန်တော်တို့ ပုဂံရာဇ၀င်ကို တုတ်ထမ်းဓါးထမ်းပြီးပြောဆိုသလိုပေါ့ မှတ်တမ်းမှတ်ရာမရှိတာ။ မှတ်တမ်းမှတ်ရာ ခိုင်ခိုင်လုံလုံရှိရင် ငြင်းနေစရာမလိုဘူးပေါ့။ အဲလို ခိုင်ခိုင်မာမာ မှတ်တမ်းမှတ်ရာနဲ့ ကျွန်တော်တို့တွေ ဆီရောက်လာတဲ့ အနုပညာအမွေကိုတော့ ထိန်းသိမ်းချင်တယ်၊ ထိန်းလည်းထိန်းသိမ်းတယ်။ |
|
စိန်သီး။ ။ အယင်ခရီးစဉ်တွေတုန်းက ကျွန်တော်တို့သီးလေးသီးအဖွဲ့မှာ ကျွန်တော်(စိန်သီး)၊ ကြယ်သီး နဲ့ ပန်းသီးတို့က အတူတူနှစ်နိုင်ငံ
သုံးနိုင်ငံလောက်သွားဖူးပါတယ်။ ဇီးသီးကတော့ ငယ်လည်းငယ်တယ် အလုပ်ဝင်တာလည်းနောက်ကျတော့ အခုခရီးက ပထမဆုံးခရီးပေါ့လေ။




Thanlwin Ainmat Online Magazine