| စည်းလုံးခြင်းသည် အင်အား |
|
|
ငယ်စဉ်က သင်ကြားခဲ့ဘူးသော ပုံပြင်ကလေးတွင် အဖိုးအိုတစ်ဦးသည် သူ၏သားငယ်များကို ခေါ်ယူက တုတ်စည်းတစ်ချောင်းကို ချိုးဖြတ်စေသည်။ သားများသည် တုတ်စည်းကို ရိုက်ချိုးသော်လည်း မကျိုးပေ။ အဖိုးအိုက တုတ် အစည်းကို ဖြည်စေ၍ တုတ်တစ်ချောင်းစီကို ချိုးစေပြန်၏ ။ ဤတစ်ကြိမ်တွင် တုတ်ချောင်းလေးများကို အလွယ်တကူ ချိုးနိုင်လေသည်။ ထိုအခါ အဖိုးအိုက သားတို့ကို စည်းစည်းလုံးလုံးနေကြဖို့ လိုကြောင်းနှင့် တကွဲတပြားနေပါက သူတစ်ပါး၏ ရန်ကိုခုခံနိုင်ရန်မလွယ်ကူကြောင်းကို ဆိုဆုံးမလေသည်။ ဟုတ်ပါသည်။ စည်းလုံးစွာနေထိုင်လျှင် ပြဿနာဖြစ်ပါက အတူတကွ ဖြေရှင်းနိုင်ပေသည်။ “နွားကွဲလျင် ကျားဆွဲလိမ့်မည်” ဆိုသော စကားပုံသည်လည်း ဤ အဓိပ္ပါယ်ပင်ဖြစ်ပေသည်။ နွားတစ်ကောင်ချင်း အုပ်စုတွင်းမှ ခွဲထွက်လျင် ကျားသည် အလွယ်တကူနှင့် သင်းကွဲနေသောနွားကို သတ်ယူစားသောက်နိုင်ပေမည်။ ကျွန်တော်တို့ ငယ်စဉ်က ကျောင်းစာအုပ်၊ ပုံပြင်များ နှင့် ဘုရားဇာတ်တော်များတွင် စည်းစည်းလုံးလုံးနေထိုင်ရန် သင်ကြားခဲ့ရသော်လည်း လက်တွေ့တွင် စည်းစည်းလုံးလုံးနေထိုင် လုပ်ဆောင်ရန်အဖွဲအစည်းများမရှိခဲ့ပေ။ အဖွဲ့အစည်းဆိုလျှင်ပင် ကြားမိသူတို့၏ စိတ်တွင် “အောင်မယ် ဒီကောင်က ဟိုအဖွဲ့ဝင်တဲ့” ဟူသော မကောင်းမြင်သော စိတ်ကလေးများ အယင်ပေါ်လာလိမ့်ရှိပေသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တွင် ကျောင်းများ၌ လူငယ်အဖွဲ့အစည်းများဖြစ်သော လမ်းစဉ်လူငယ် ၊ ရှေ့ဆောင်လူငယ် ၊ လူမှုဝန်ထမ်းအဖွဲ့ ကြက်ခြေနီ နှင့် လူရည်ချွန်တို့ ရှိခဲ့ဖူးသည်။ ပါတီဝါဒ ဖြန့်ဝေရန် လမ်းစဉ်လူငယ်တို့ ရှေ့ဆောင်လူငယ်တို့ကို ဖွဲ့စည်းခဲ့သည်ဟု လူတချို့ကပြောကြသော်လည်း ကျွန်တော်က စည်းစည်းလုံးလုံး လုပ်ကိုင်တတ်သည့် အကျင့် လူငယ်တွေကြားတွင် ရင့်သန်လာစေရန် အထောက်အကူပြုသည်ဟုထင်ပါသည်။ ၁၉၈၈ ပြီးနောက်ပိုင်း၌ ထိုလူငယ်အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့သည်။ ဘာကြောင့်ပါလဲ ။ ထိုလူငယ်များသည် ပြည်လုံးကျွတ် ဆန္ဒပြပွဲတွင် ပြည်သူ့ဘက်မှ ရပ်တည်လိုက်ကြသောကြောင့် ဖြစ်ဟန်တူသည်။ လူငယ်သည် ရဲရင့်သည်၊ ပြတ်သားသည်၊ သန့်စင်သည်၊ လုပ်ရဲကိုင်ရဲသည်။ ထိုသူတို့သည် လူထုကို ဦးဆောင်လာသည်။ ထို့ကြောင့် စည်းလုံးမှုအစပြုသော လူငယ်အဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်တို့တွင် ကင်းထောက် (Scout) သင်တန်းဟူ၍ ရှိသည်။ မြန်မာပြည်တွင်လည်း ရှိခဲ့သည်ဟုကြားဖူးသည်။ ထိုကင်းထောက်အသင်းသည်လည်း လူငယ်တို့ကို စည်းလုံးမှု ပူးပေါင်းလုပ်ကိုင်တတ်မှုများရှိအောင် ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။ ကျွန်တော်ငယ်စဉ်ကမူ ကြက်ခြေနီသင်တန်းသာရှိတော့သည်။ ထို့ကြောင့် သီအိုရီ စာတွေ့အရ စည်းရုံးပါဟူ၍ အော်နေကြသော်လည်း ပူးပေါင်းလုပ်ကိုင်တတ်ခြင်းနှင့် ကျွန်တော်တို့ ဝေးခဲ့ကြရသည်။ ကြက်ခြေနီကိုမူ ဆက်လက်ထားရှိသော်လည်း ယူနီဖောင်းဝတ်စိတ်ဓာတ်ကိုသွင်းပေးသည်။ ကြက်ခြေနီ၏ အလုပ်သည် ရှေးဦးသူနာပြုစေတနာ့ဝန်ထမ်း ဖြစ်၍ မီးသတ်၏ အလုပ်သည် မီးငြိမ်းသတ်ရန်ဖြစ်လေသည်။ ပွဲလမ်းသဘင်တို့ လုပ်ရာတွင် ကြက်ခြေနီ၊ မီးသတ် ၊ ရဲ နှင့် ရပ်ကွက်လူကြီးတို့သည် ပွဲခင်း လုံခြုံရေးနေတွင် စတည်းချကြသည်။ အစမူလ၏ ရည်ရွယ်ချက်သည် ပွဲအတွင်းတွင် ခိုက်ရန်ဖြစ်ပွားပါက ရဲနှင့် ရပ်ကွက်လူကြီးမှထိန်းသိမ်းရန်၊ ကြက်ခြေနီသည် ရှေးဦးသူနာပြုနည်းဖြင့် ဆေးကုသရန်နှင့် မီးသတ်မူကား ပွဲအတွင်း မီးလှန့်ခဲ့သည်ရှိသော် အဆင်သင့်ငြိမ်းသတ်နိုင်ရန် ဖြစ်သည်။ သို့သော် ကာလကြာလာသောအခါ မီးသတ်နှင့် ကြက်ခြေနီကား ရပ်ကွက်လူကြီနှင့်လုံခြုံရေး ရဲကို ကူညီပေးရသော လုံခြုံရေးများဖြစ်လာသည်။ ယူနီဖောင်းကို ၀တ်လိုက်လျင် တာဝန်ဆိုသော အရာတစ်ခုကို ထမ်းဆောင်နေခြင်းဟု စိတ်မှထင်မှတ်လာသည်။ သို့ရာတွင် တာဝန်နယ်ပယ် လမ်းမှားနေခြင်းကိုကား ဂရုမပြု ဖြစ်နေခြင်းမှာ စိတ်မကောင်းစရာပင်ဖြစ်လေသည်။ ဤတွင် ကျွန်တော်တို့၌ စည်းလုံးစွာလုပ်ကိုင်ခြင်းထက် ကွဲပြဲခြင်းက ပိုမိုများပြားလာခဲ့သည်။ “အမြင်မတူလျင် လမ်းခွဲမယ်” ဆိုသောစကားလုံး ၊ “သဘောမတူဘူး ထွက်တယ်” ဆိုသော စကားမျိုးကို ကျွန်တော်တို့ တတွေ လွယ်လွယ်နှင့် ပြောလာကြသည်။ “လူများရင် ချေးများတယ်” ဆိုတဲ့ စကားပုံ ၊ “ပွဲပြီးရင် ခွာပြဲတယ်” ဆိုတဲ့ စကားပုံများ အသုံးများလာခဲ့သည်။ တိုင်းပြည်အကျိုး ပြည်သူအကျိုး လုပ်ကိုင်သူအချင်းချင်း၌ပင် အကွဲကွဲ အပြဲပြဲဖြစ်ကာ ရှေ့ဆက်မတိုးနိုင်ဘဲ ဆင်းရဲခြင်းဝဲဂယက်တွင် တ၀ဲလည်လည် ဖြစ်နေကြသည်။ အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲအတွက် ဒီမိုကရက် နှစ်ယောက်ဖြစ်ကြသော ဟယ်လာရီ ကလင်တန် နှင့် ဘားရက် အိုဘားမား တို့သည် အခြေအတင် ငြင်းခုန်ကာ ယှဉ်ပြိုင်လျက်ရှိသည်။ သူတို့၏ ငြင်းခုန်ချက်များသည် တိုင်းပြည်ကို အခြေပြုသည်။ လူထုတွင် တည်သည်။ ထိုငြင်းခုန်ပွဲများအပြီးတွင် သူတို့၏ပါတီအတွက် နိုင်ငံအတွက် အတူတူ လက်တွဲလုပ်ကိုင်ကြပေဦးမည်။ ပိုလန်နိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းထွက်လာနိုင်ခြင်းသည် နိုင်ငံခေါင်းဆောင်တို့ စားပွဲတစ်ဝိုင်းတွင် ထိုင်ကာ မတူညီမှုများကို နားလည်ကာ လက်တွဲနိုင်ခြင်းကြောင့်ဖြစ်သည်။ ကျွန်တော်တို့ အရှေ့တိုင်းသမားများတွင်မူ “ငါ” ဆိုသောအစွဲလေးများ ပြင်းထန်သည်။ ငါ့အဖွဲ့အစည်း ၊ ငါ့ပါတီ ဟူသော အယူမျိုးလေးများရှိတတ်သည်။ “ငါနှင့်မတူ ငါ့ရန်သူ”ဟူ၍ သတ်မှတ်ချင်ကြသည်။ တိုင်ဝမ် ပါလီမန်အတွင်းတွင် ၀ရုန်းသုန်းကားဖြစ်သည်ကိုတွေ့မြင်ဖူးသည်။ “ဒါ ကျုပ်တို့ နိုင်ငံပြည်တွင်းရေးပါ” ဟု တရုတ်နိုင်ငံက ခပ်မာမာပြောနေသည်။ ဆွေးနွေးခြင်းကို သူစိတ်မ၀င်စားပေ။ အာဏာနှင့် စစ်တပ်သုံး ထိန်းချူပ်ခြင်းသည် ပြသနာဖြေရှင်းခြင်းမဟုတ်ပေ။ စားပွဲတစ်ဝိုင်းတွင် အတူထိုင်၍ဆွေးနွေးနိုင်ရန်မှာ “ငါ”ဟူသော မာန်လေးကိုနည်းနည်းချကာ “သူ”ရောဘာဖြစ်ချင်သလဲ ဟူသောမေးခွန်းမျိုး ကိုယ့်အတွေးတွင်ဝင်လာရန် လိုအပ်သည်။ ထို့နောက် “တို့” တတွေ နိုင်ငံအတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ ပြည်သူတွေအတွက် ဘာလိုဖြေရှင်းရမလဲ ဟူ၍ဆွေးနွေးကာ စဉ်းစား ဆုံးဖြတ်သင့်သည်။
မန္တလေးမြို့မ အသင်းကြီး ယနေ့တိုင် အောင်မြင်နေခြင်းသည် တစ်ဦးကို တစ်ဦးလေးစားခြင်းမှ၊ မတူညီမှုများမှ လှပသော သံစဉ်များကို မွေးထုတ်လိုက်ခြင်းဖြစ်သည်။ စန္ဒယားဆရာ၊ တယောသမား၊ လေမှုတ်တူရိယာမှုတ်သူ ၊ ဆိုင်းသမား ၊ ဒိုးသမား စသည့်ဖြင့်အားလုံးတို့သည် လှပသာယာသော သံစဉ်တေးသွားမျာကိုထုတ်လုပ်ရန် တန်းတူ အရေးပါသူများဖြစ်ကြသည်မဟုတ်ပါလော။ ထို့ကြောင့် တစ်ယောက်ချင်း၏ အားသာချက်များကိုယူသလို အားနည်းချက်များကိုလည်း နားလည်ကာ အဖွဲ့အစည်းများနှင့် မြန်မာပြည်အေးချမ်း တိုးတက်အောင် တည်ဆောက်ကြရန်လိုအပ်လှပေသည်။ |
|
“စည်းလုံးခြင်းသည် အင်အား” ဆိုသော ဆောင်ပုဒ်လေးကို ငယ်စဉ်ကပင် ရင်းနှီးခဲ့သည်။ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းကျောင်း တို့တွင်
ထင်ရှားသော စာစီစာကုံးခေါင်းစဉ်လေးလည်းဖြစ်သည်။ စည်းလုံးခြင်းသည် အင်အားဖြစ်စေသည်။ ညီညွတ်မှုသည် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိ
စေနိုင်သည်။
လူသည် တစ်ဦးတစ်ယောက်စီမွေးဖွားလာ၍ မတူညီသောပတ်ဝန်းကျင်များတွင် ကြီးပြင်းလာကြသည်။ မတူသော ၀ါသနာများရှိသည်။ မတူသော ခံစားချက်တို့ရှိသည်။
ထိုမတူညီမှုများသည် စည်လုံးမှုအတွက် အဟန့်အတားကို ဖြစ်စေနိုင်ပါသလား။ ကတ်စက္ကူလေးများကို ဆက်ကာကစားရသော (jigsaw puzzle) ကစားနည်းမှ
စက္ကူအပိုင်းအစလေးများလိုပင် အပိုင်းအစလေးများအားလုံးသည် မတူညီသော်လည်း ပုံ(ပန်းချီကားတစ်ချပ်) ဖြစ်လာစေရန် အရေးကြီးပေသည်။
မတူညီသော ပတ်ဝန်းကျင် အတွေ့အကြုံများကို အားတစ်ခုဖြစ်စေခြင်းသည်ပင်စည်းလုံးခြင်းပင်ဖြစ်လေသည်။ မတူညီသောအမြင်များနှင့် ဆွေးနွေးခြင်းသည်ပင် ဆန်းသစ်သော
အမြင်သစ်များကို ပေါ်ထွက်စေသည်။ ။ ထိုမတူသောအတွေ့ကြုံသော သူများပေါင်းစည်း၍ စုပေါင်းတည်ဆောက်ထားသော စနစ်တစ်ခုကို ဒီမိုကရေစီဟုခေါ်သည်။




Thanlwin Ainmat Online Magazine