| ဘ၀ကား |
|
|
ကျွန်တော့်မှာ ကားသမား မိတ်ဆွေသူငယ်ချင်း တော်တော်များများ ရှိပါသည်။ တချို့က ငွေကြေးတတ်နိုင်သဖြင့် မော်ဒယ်မြင့်ကား အကောင်းစားတွေ ၀ယ်စီးကြရင်း (၀ယ်ရောင်းကြသည်) တချို့က အောက်ကားလေးတွေ ၀ယ်ပြီး တက္ကစီးလုပ်မောင်းသည်။ တချို့က စပေါ်တင်ပြီး ငှားမောင်းကြ၏။ တချို့က လေးဘီးသမား။ တချို့က ဘတ်(စ်)ကားသမား။ များသောအားဖြင့်တော့ “အောက်ကား”သမားတွေနဲ့သာ အထိအတွေ့များသည်။ “အောက်ကား”ဆိုတာကလည်း ရင်ကြပ်ပန်းနာသည် တစ်ယောက်ကဲ့သို့ မကြာခဏဆိုသလို ချူချာနေတတ်သည်။ ပြဿနာတစ်ခုမဟုတ် တစ်ခုအမြဲရှိနေတတ်သဖြင့် ချူချာနေတတ်သည်။ ပြဿနာတစ်ခုမဟုတ်တစ်ခု အမြဲရှိနေတတ်သဖြင့် မက္ကင်းနစ်၊ ဒိုင်နမို မော်တာဆရာ၊ ကာဘရိုက်တာဆရာ၊ အောက်ပိုင်းဆရာ၊ ရှော့ဘားဆရာ၊ ဘက်ထရီဆရာတို့ကို မိသားစုဆရာဝန်လို သဘောထားပြီး အမြဲလက်ကိုင်ပြုနေရ၏။
သိန်းပေါင်းရာနှင့်ချီတန်သော ကားတွေအကြောင်း၊ မြန်မာပြည်ကို တောင် မရောက်သေးသော နောက်ဆုံးပေါ်ကားတွေအကြောင်း၊ အနာဂတ်မှာမှ ပေါ်ပေါက်လာမည့် ထူးပေ့ဆန်းပေ့ဆိုသော ကားတွေအကြောင်း ဖော်ပြနေသည့်ကြားက ခုလို အောက်ကားထက်နိမ့်သော ကားတွေအကြောင်း တခမ်းတနားရေးလိုက်ခြင်းသည် ၀ယ်ရောင်းစခန်းအပေးခွင်ထဲမှာ ဘီ-သုံးရာခြောက်ဆယ် လေးဘီးကားလေး လာထိုးထားသလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့မှ အားမကိုးဘဲ၊ ရှိတာနဲ့ ဖြစ်အောင် တီထွင်ကြံဆနိုင်သော မြန်မာတို့၏ ဦးနှောက်ကိုတော့ ချီးကျူးသင့်ပါသည်။ ပြီးတော့ … ကျွန်တော်တို့ထက်တောင် အသက်ပိုကြီးသော၊ သူငယ်တန်းမှ တက္ကသိုလ်ဘွဲ့ရသည်အထိ ဒိုးတူပေါင်းဖက်ခဲ့ရသော၊ ခုချိန်ထိခရီး သွားပြည်သူလူထု သွားလိုရာခရီးကို မညည်းမညူ၊ ရုန်းကန်ပို့ဆောင်ပေးနေဆဲ ဖြစ်သော ကျေးဇူးရှင်ယာဉ်အိုဟောင်းကြီးများကို လည်း မမေ့မလျှော့ဂုဏ်ပြုအပ်သည်ဟု ထင်မသောကြောင့် ဤကဗျာကို ရေးလိုက်ရပါသည်။ ဘ၀သမားတွေ စီးသောကြောင့် “ဘ၀ကား”ဟု အမည်ပေးထားပါသည်။ “ဘ၀ကား”
အို . . ခရီးသွား ၀ယ်သူ့စိတ်ကြိုက်ဂျာနယ် ၂၂.၈.၂၀၀၀ |
|
လက်ဖက်ရည်ဆိုင်မှာ သူတို့နဲ့ မကြာခဏဆုံသည်။ သူတို့ကားတွေစုတ်ပုံ၊ ချာပုံတို့ကို အချင်းချင်းရယ်သွမ်းသွေးကြတာ အမြဲကြားနေရသည်။ တချို့ စကားလုံးလေးတွေက အလင်္ကာမြောက်လှသည်။ တစ်ခါတလေ ကဗျာတစ်ပိုင်း တစ်စတောင်ပါလာကြသေးသည်။ ဒါကိုသဘောကျလို့ သူတို့ ကားတွေအကြောင်း ကဗျာတစ်ပုဒ် ရေးကြည့်ဖို့ စိတ်ကူးမိ၏။ ကဗျာ ထဲတွင် ပါဝင်သော တချို့စကားလုံးများသည် သူတို့၏ ရင်ထဲက ထွက်လာသော စကားလုံးများပင်ဖြစ်၏။ တချို့မှာ သူတို့ကိုယ်တိုင် စပ်ထားသော ကဗျာတစ်ပိုင်းတစ်စကို ကာရန်သင့်အောင်ပြုပြင် ထားခြင်းဖြစ်ပါသည်။ တချို့အပိုဒ်တွေကတော့ ကျွန်တော်၏ စိတ်ကူးနှင့် ထပ်မံဖြည့်စွက်ထားခြင်း ဖြစ်ပါသည်။




Thanlwin Ainmat Online Magazine