| ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား … |
|
|
၁ ၊ ၂ ကျွန်တော် ဘလော့ဂါ နဲ့ ချက်တာ ဆိုတဲ့ ပို့စ်လေးကိုရေးတုန်းက ချက်တင်မှာလဲ ကောင်းကျိုးတွေရှိပါသေးတယ်။ အဲဒါတွေကိုလဲ ရေးပါဦးလို့ ပြောလာသူတွေရှိပါတယ်။ ကျွန်တော်လဲရေးမယ် ရေးမယ်နဲ့ အခုမှပဲရေးဖြစ်ပါတော့တယ် …။ ပထမတော့ ချက်တင်ရဲ့ကောင်းကျိုးတွေကိုချည်းချရေးဖို့စဉ်းစားပေမယ့် … ရေးရင်းရေးရင်းနဲ့ ချက်တင်စွဲနေသူတွေအတွက် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေပါ ပါသွားပါတယ်။ ကျွန်တော်ရေးထားတာတွေထဲမှာ အစွန်းရောက်နေတဲ့ အမှားမျိုးများပါခဲ့မယ်ဆိုရင် အဲဒီ့အမှား ဟာ လူငယ်တွေကို ချက်တင်ဝဲဂယက်ထဲမှာပဲနစ်မြောပြီး အကျိုးမဲ့ဖြစ်မနေစေချင်လို့ဆိုတဲ့ စေတနာနဲ့ မှားတဲ့ စေတနာအမှားမျိုးပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ နောက်ပြီး ကျွန်တော်သုံးနှုံးတဲ့ စကားလုံးတွေထဲမှာ နည်းနည်းလေးပြင်းထန်တာမျိုးတွေ ပါသွားမယ် ဆိုရင်လဲ အဲဒါဟာ ကရုဏာဒေါသောနဲ့ ပြောမိတယ်လို့ပဲ မှတ်ယူကြစေချင်ပါတယ် …။ ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား …
ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး တောင်တောင်အီအီလျှောက်စဉ်းစားနေမှာစိုးရိမ်လို့ ကျွန်တော် ဘာအကြောင်းကို ပြောချင်တာလဲ ဆိုတာနဲ့ပတ်သက်ပြီး အရင်ဆုံးရှင်းရမယ် ထင်ပါတယ်…။
ကျွန်တော် အင်တာနက် (Internet) လို့ခေါ်တဲ့ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ကျွန်တော်က စင်ကာပူနိုင်ငံမှာ ကျောင်းသွားတက်တာမဟုတ်ပဲ ... အလုပ်သွားလုပ်တာဆိုတော့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ... အင်တာနက်ဆိုတာကြီးကို စတင်သုံးစွဲခဲ့တဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက် ကတော့ ခွဲခွာနေရတဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ဆိုတာ တစ်ခုပဲဖြစ်ခဲ့ပါတယ် ...။ အရှင်းဆုံးပြောရရင် ... Chatting Services တွေရဲ့အကူအညီနဲ့ ခွဲခွာနေရတဲ့ မိသားစုဝင်တွေနဲ့ နီးကပ်နေသလိုဖြစ်ခဲ့ပါတယ် ...။ နောက်ပြီး ... MIRC လို chatting site တွေနဲ့ လည်း အတူနေသူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ် ...။ အဲဒီ့မှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် က တဆင့်မြင့်တက်သွားပါတယ် ...။ အဲဒါကတော့ မြန်မာအချင်းချင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းအသစ် အသစ်တွေရှာဖွေ မိတ်ဖွဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် အသိအမြင်တွေဖလှယ်ရယူ မယ်ဆိုပြီးဖြစ်ပါတယ်။ MIRC ထဲမှာ မြန်မာနိုင်ငံက သူတွေနဲ့ တွေ့သလို နိုင်ငံခြားသားတွေနဲ့လဲ ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ဖူးပါတယ် ...။ သူ့နိုင်ငံအကြောင်းတွေမေး၊ သူတို့ရဲ့ယဉ်ကျေးမှုအကြောင်းတွေမေးရင်းနဲ့ အင်မတန်မှဗဟုသုတရသလို ကိုယ့်နိုင်ငံရဲ့ အကြောင်းတွေ၊ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ မြန်မာတို့ရဲ့ စိတ်ထား နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေ အကြောင်းတွေကိုပြောပြရင်း မြန်မာဆိုတာ ဘာလဲ ဆိုတာကိုပါ ... ကမ္ဘာကသိအောင် လုပ်ခွင့်ရခဲ့ဖူးပါတယ် ...။ MIRC ထဲက မြန်မာတွေအများစုကတော့ မြန်မာအချင်းချင်း Chat ကြတဲ့ အခါမှာ Burglish လို့ ခေါ်တဲ့ မြန်မာအသံထွက်ကို အင်္ဂလိပ်လိုပေါင်းပြီး ပြောတတ်ကြပါတယ် …။ Nay Kaung Lar … ? Sate nyit nay loe … စသည်ဖြင့် ပြောကြပါတယ် …။ ကျွန်တော်ကတော့ Burglish ဆိုတဲ့ Language ကို ဘယ်လိုမှသဘောမကျတာကြောင့် အင်္ဂလိပ်လိုပဲပြောဖြစ်တာများပါတယ် …။ အဲဒါကြောင့်လဲ အင်္ဂလိပ်စာ သိသိသာသာကို တိုးတက်လာပါတယ် …။ ကျွန်တော်နဲ့ Chat ထဲမှာတွေ့ဖြစ်သမျှသူ တော်တော်များများကိုလဲ Burglish အစား English လိုပဲပြောဖို့ ကျွန်တော်တိုက်တွန်းလေ့ရှိပါတယ်။ နဲနဲတော့ ပင်ပန်းပါတယ် …။ ကိုယ်ပြောချင်တာကို သူနားလည်အောင် လှည့်ပတ်ရှင်းပြရတာမျိုးတွေရှိသလို သူပြောတာကိုလဲ နားလည်အောင် Dictionary ခဏခဏလှန် နေရတာမျိုးတွေ ရှိပါတယ်။ အဲဒီလို အပင်ပန်းမခံပဲ အလွယ်လမ်းလိုက်ပြီး Burglish ကိုပဲ ထဲထဲဝင်ဝင်သုံးခြင်းဟာ အင်္ဂလိပ်စာတိုးတက်မှုကိုနှောင့်နှေးစေသလို … နိုင်ငံခြားသားသူငယ်ချင်းမိတ်ဆွေတွေရရှိနိုင်မှုကိုလဲ တားမြစ်လိုက်သလိုဖြစ်သွားပါတယ် …။ ကျွန်တော်ရဲ့ chatting ၀င်ရခြင်းရည်ရွယ်ချက်က နိုင်ငံအရပ်ရပ်က သူငယ်ချင်းမိတ်ဆွေတွေ တိုးပွားချင်ပြီး အစစအရာရာမျှဝေခံစားနိုင်ကြဖို့ ဖြစ်တာကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့ Profile အမှန်တွေကို ပြောပြပြီးမှ Chat လေ့ရှိပါတယ် …။ ဒါကလည်း သိပ်ကိုအရေးကြီးပါတယ် …။ ကျွန်တော့်အမြင် အရတော့ ဘယ်သူမှန်းမသိ၊ ဘယ်အရွယ်မှန်းမသိ၊ ဘယ်ကမှန်းမသိ၊ ဘာမှန်းမသိတဲ့ လူတစ်ယောက်နဲ့ တရင်းတနှီးမိတ်ဆွေသူငယ်ချင်းဖြစ်ချင်တဲ့ ဆန္ဒမရှိပါဘူး …။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အမှန်တွေကိုပဲပြောသလို … တဘက်ကလူတွေပြောတာကိုလဲ ယုံကြည်မိခဲ့တာတွေရှိခဲ့ဖူးပါတယ် …။ ဒါပေမယ့် တော်တော်များများက အမှန်အတိုင်းမပြောကြဘူးဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်တော်သိလာခဲ့ပါတယ် …။
၁ ၊ ၂ |
|
ကွန်ပျူတာတွေကို တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပေးထားတဲ့ ကွန်ယက်ကြီးအကြောင်းနဲ့ အဲဒီ့အထဲကမှာ
chatting နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့အမြင်လေးတွေအကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ မှတ်မှတ်ရရပြောရရင် ကျွန်တော် စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ အချိန် ၂၀၀၄ ခုနှစ်ရောက်မှ
အင်တာနက်ဆိုတာကြီးနဲ့ အထူးတလည်ကို ရင်းနှီးခဲ့တာပါ ...။ စင်ကာပူနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့်တွေကို အရောင်းအ၀ယ်လုပ်တဲ့ Internet Service Provider (ISP) တွေက
ပုဂ္ဂလိကပိုင်တွေဖြစ်ပါတယ် ...။ အင်တာနက် အသုံးပြုခွင့်ကိုလည်း သိပ်မများတဲ့ နှုန်းထားနဲ့ ရရှိနိုင်တဲ့အတွက် အိမ်တိုင်းလိုလိုမှာ အလွယ်တကူ အသုံးပြုနိုင်ကြပါတယ် ...။
ဒါကြောင့်လဲ မနက်အိပ်ရာထတာနဲ့ ကမ္ဘာလောကကြီးက ကိုယ့်စားပွဲပေါ်မှာ ကိုယ်ကြည့်လိုမြင်လိုသမျှကို ကြည့်နိုင်မြင်နိုင် လေ့လာနိုင်အောင်လို့ အဆင့်သင့်စောင့်မျှော်နေသလိုပါပဲ ...။
အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေမှာဆို သိပ်ကောင်းပါတယ် ...။ ကျောင်းဝင်းတစ်ခုလုံး ဘယ်နေရာကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိတ်ဆောင်ကွန်ပျူတာ (Laptop) လေးကိုဖွင့်လိုက်တာနဲ့
ကြိုးမဲ့အင်တာနက် စနစ် (Wireless Internet System)နဲ့ အင်တာနက်ကို အသုံးပြုလို့ ရပါတယ် ...။
chatting သုံးနေကြတဲ့ လူငယ်တွေအနေနဲ့ဒီလို လိမ်ညာခြင်းအမှုကို ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး လွယ်လင့်တကူလုပ်နေကြတာဟာ တိုင်းပြည်အတွက် အင်မတန်မှကို ရင်လေးစရာ ကောင်းပါတယ်။
ဒီိလိုလုပ်ခြင်းအားဖြင့် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေ ကင်းမဲ့လာစေနိုင်သလို၊ မိမိရဲ့စကားအတွက် မိမိတာဝန်ယူရတယ်ဆိုတဲ့ အသိစိတ်တွေကိုလဲ ခေါင်းပါးလာစေပါတယ်။ အသုံးပြုခြင်း ရည်ရွယ်ချက်
မတူညီမှုတွေက တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အကျိုးသက်ရောက်မှုတွေကို ကွဲပြားသွားစေတာကိုလဲတွေ့ရပါတယ်။ မိတ်ဆွေ သူငယ်ချင်း တိုးပွားချင်လို့၊ အတွေးအခေါ် အတွေးအမြင်တွေ ဖလှယ်ချင်လို့၊
ဗဟုသုတတွေရှာမှီးချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးတဲ့သူက သူ့ရည်ရွယ်ချက်တွေထဲက အတိုင်း မိတ်ဆွေ သူငယ်ချင်းတွေရ၊ အတွေးအခေါ် အတွေးအမြင် အသစ်တွေရ၊ ဗဟုသုတတွေ
ရလာနိုင်သလို …ဘာမှမယ်မယ်ရရမရှိတဲ့ရည်ရွယ်ချက်တွေနဲ့ လူငယ်ဘာဝအီစီကလီလုပ်ချင်ကြလို့ ၊ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူမှန်းမသိရတာကြောင့် ပြစ်ပြစ်နှစ်နှစ်တွေပြောကြပြီး
စိတ်အရသာခံချင်ကြလို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးကြသူတွေကတော့ ဘယ်လို ကောင်းကျိုးမျိုးမှ ဖြစ်လာမှာမဟုတ်ပဲ … စိတ်ဓါတ်တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အထိကို
ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အချို့တွေရှိပါတယ် … သူဘယ်သူမှန်း ကိုယ်ဘယ်သူမှန်းမသိခြင်းကို အခွင့်ကောင်းယူပြီး … လိင်ပိုင်းဆိုင်ရာ စကားလုံးတွေကို တစ်တစ်ခွခွပြောကြပြီး
အရသာခံကြတာတွေရှိပါတယ် …။ စိတ်ဝေဒနာတစ်မျိုးလို့တောင် ယူဆလို့ရတဲ့ အခြေအနေပါ …။




Thanlwin Ainmat Online Magazine