Avatar ရုပ်ရှင်ကား ကြည့်ရှုသူ သေဆုံးမှုဖြစ်

Views : 3088    

Favoured : 45

Avatarတိုင်ပေ (ဇန်နဝါရီ ၂၀) - ကမ္ဘာတလွှား အားပေး ကြည့်ရှုသူ အထူးများပြားလျက် ရှိသော နာမည်ကျော် Avatar ရုပ်ရှင်ကားကို ကြည့်ရှုမိသည့် ထိုင်ဝမ်နိုင်ငံသား သွေးတိုးရောဂါ အခံရှိသူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

Kuo အမည်ရှိ အသက် ၄၂ နှစ်အရွယ် အမျိုးသားသည် ယခုလဆန်းပိုင်းက Avatar ရုပ်ရှင်ကားကို သွားရောက်ကြည့်ရှုခဲ့ပြီး ရုပ်ရှင်ပြနေစဉ်အတွင်း စိတ်ခံစားမှု မြင့်မားလာပြီး ရောဂါခံစားလာရသဖြင့် Hsinchu ပြည်နယ် နမ်မန် အထွေထွေဆေးရုံကြီးသို့ ချက်ချင်းတင်ပို့ပေးခဲ့သည်။ ဆေးရုံတွင် လိုအပ်သော စစ်ဆေးမှုများပြုလုပ်သောအခါ ဦးနှောက်တွင် သွေးယိုစီးမှုရှိနေကြောင်း တွေ့ရှိရသည်ဟု အရေးပေါ်ကုသခန်း ဆရာဝန် Peng Chin-chih  ကဆိုသည်။ ၎င်းက “ရောဂါလက္ခဏာကြည့်ရတာတော့ ရုပ်ရှင်ကြည့်ရင်း စိတ်လှုပ်ရှားမှု လွန်ကဲသွားတဲ့ပုံပါပဲ” ဟု ပြောကြားခဲ့သည်။ Kuo သည် ဆေးရုံတွင် ၁၁ ရက်ခန့်ကုသမှုခံယူခဲ့သော်လည်း ပြန်လည်ကောင်းမွန်မလာတော့ဘဲ အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

 

ယခုဖြစ်ရပ်သည် နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာကြီး James Cameron ရိုက်ကူးသည့် သိပ္ပံနှင့် အချစ်ဇာတ်လမ်းရောယှက်ထားသော Avatar ရုပ်ကားနှင့် ဆက်စပ်၍ ပထမဆုံး လူသေဆုံးမှုဖြစ်သည်။

 

Source : AFP

Image : drafthouse.com

 

 

 

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Print
Written by သတင်းထောက် ဧရာကျော်   
Thursday, 21 January 2010 09:03

Last Updated ( Thursday, 21 January 2010 09:25 )