Views : 1583  |
Favoured : 37 |
Apple ကုမ္ပဏီမှ နေ၍ အလူမီနီယမ်ဖြင့် ပြုလုပ်ထားသဖြင့် ပိုမိုပေါ့ပါး ပါးလျကာ nvidia chipset သုံးထားသဖြင့် ယခင်ထက် ၅ဆ ခန့် ဂရပ်စ်ဖစ်ပိုမို ကောင်းမွန်သည့် MacBook များကို ဈေးကွက်အတွင်း ရောင်းချသွားမည်ဟု အင်္ဂါနေ့က စတင် မိတ်ဆက်ခဲ့သည်။
Apple ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ စတီးဗ်ဂျော့က အသစ်ထွက်မည့် Mac Book နှစ်မျိုးကို ပြသခဲ့သည်။ တစ်မျိုးမှာ အမေရိကန်ဒေါ်လာ ၁၅၉၉ ကျသင့်မည့် ၁၅ လက်မအရွယ်ရှိ Mac Book ဖြစ်ပြီး နောက်တစ်မျိုးမှာ အမေရိကန်ဒေါ်လာ ၁၂၉၉ ကျသင့်မည့် ၁၃.၃ လက်မ အရွယ် Mac Book ဖြစ်သည်။
လေ့လာသူများ ထင်မှတ်ထားကြသည့်အတိုင်း အသက်သာဆုံး Mac Book တစ်လုံး၏ ဈေးမှာ ယခင်က အမေရိကန်ဒေါ်လာ ၁၀၉၉ ရှိနေရာမှ ယခုအခါ ၉၉၉ သို့ လျှော့ချခဲ့သည်။
MacBook များကဲ့သို့ပင် ပိုမိုပေါ့ပါး၍ သုံးစွဲရ ပိုမိုလျင်မြန်ကာ ဂရပ်စ်ဖစ်အဆင့်မြှင့်ထားသော Mac Book Pro များလည်း အသစ်ထွက်ရှိမည် ဖြစ်သည်။ ၁၅.၄ လက်မအရွယ် Mac Book Pro မှာ အမေရိကန်ဒေါ်လာ ၁၉၉၉ ကျသင့်မည်ဖြစ်ပြီး Memory နှင့် Hard Disk Dirve အရွယ်အစား ပိုမိုများသည့် Mac Book Pro မှာ အမေရိကန်ဒေါ်လာ ၂၄၉၉ ကျသင့်မည် ဖြစ်သည်။ Mac Book Pro ဈေးနှုန်းမှာမူ ယခင်က ဈေးနှုန်းများနှင့် မခြားနားဘဲ ရှိနေသည်။
စင်္ကာပူရှိ Apple Online Store တွင်မူ ယခင် Mac Book ဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၁၅၈၈ သို့ ပြောင်းလဲသွားပြီး အသစ်ထွက်လာသည့် Mac Book နှစ်မျိုးမှာ စင်္ကာပူဒေါ်လာ ၂၀၈၈ နှင့် ၂၅၈၈ အသီးသီးရှိနေကာ Mac Book Pro မှာ စင်္ကာပူဒေါ်လာ ၃၁၈၈ ကျသင့်ပြီး Mac Book Air ၏ ဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၂၈၈၈ ဖြစ်သည်။
သံလွင်သတင်း
(Ref: Information Week, CNN, Apple) (Photo: AP & Apple) |
|