Home News မလေးရှားတွင် မြန်မာနိုင်ငံကူးလက်မှတ် အတု ပြုလုပ်သည့်အဖွဲ့အား ဖမ်းဆီး
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1493
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း4987
mod_vvisit_counterတစ်လအတွင်း20556
mod_vvisit_counterစုစုပေါင်6း51985
Join us in Facebook
Facebook Fanbox 1.5.x.0
မလေးရှားတွင် မြန်မာနိုင်ငံကူးလက်မှတ် အတု ပြုလုပ်သည့်အဖွဲ့အား ဖမ်းဆီး

Views : 2478    

Favoured : 39


မလေးရှား (ဇန်န၀ါရီ ၈) - မလေးရှားနိုင်ငံတွင် စာရွက်စာတမ်းအတုများကို ဖန်တီး ပြုလုပ်ပြီး မလေးရှားရင်းဂစ်ငွေ ၃၀ မှ ၁၀၀ အထိ ဈေးနှုန်း အသီးသီးဖြင့် ရောင်းချနေသည့် အဖွဲ့တစ်ခုအား ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖွဲ့သည် လွန်ခဲ့သည့် ၃လ ကတည်းက ထိုသို့ ပြုလုပ်နေခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံကူးလက်မှတ်အတုနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှ ထုတ်ပေးသည့် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုသော ကဒ်အတုများကို အတုများ ပြုလုပ်၍ ရောင်းချခဲ့သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒါရိုက်တာ ဖြစ်တာ Abdul Rahman Harun က ထိုအဖွဲ့တွင် ပါဝင်သူများဖြစ်သည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် နိုင်ငံခြားသား ၂ ဦးအား ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့သည်ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ အသက် ၃၃ နှစ် အရွယ် မြန်မာနိုင်ငံသား တစ်ဦးကို Bukit Mertajam အနီး Jalan Baru လမ်းပေါ်ရှိ ကားအတွင်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါကားကို ရှာဖွေရာတွင် မြန်မာနိုင်ငံကူးလက်မှတ် အတုများ၊ စတစ်ကာများ၊ အလုပ်ပါမစ် စတစ်ကာများ အစရှိသည့် စာရွက်စာတမ်းအတုများကို တွေ့ရှိခဲ့သည်ဟု ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့နောက် Bukit Mertajam ရှိ အိမ်အတွင်းသို့ ဆက်လက်သွားရောက် ရှာဖွေခဲ့ရာတွင် ကားလိုင်စင်အတုများ၊ စတစ်ကာများ၊ UNHCR ကဒ်များ စသည့် စာရွက်စာတမ်းအတုများ ပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ တစ်လုံးအားလည်း သိမ်းဆည်း ရမိခဲ့သည်။

ထို့ပြင် အဆိုပါအိမ်ရှိ အသက် ၄၈ နှစ်အရွယ် မလေးနိုင်ငံသား တစ်ဦးနှင့် အသက် ၄၃ နှစ် အရွယ် တရုတ်အမျိုးသမီးတစ်ဦးအားလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည့် အမျိုးသားမှာ စာရွက်စာတမ်း အတု ပြုလုပ်သည့် အဖွဲ့၏ ခေါင်းဆောင် ဖြစ်ဖွယ် ရှိပြီး မြန်မာနိုင်ငံသားများကို ၎င်း၏ အေးဂျင့်များ အဖြစ် ဆောင်ရွက်စေ၍ ရောင်းချစေခြင်း ဖြစ်မည်ဟု ယူဆရသည်။  

၎င်းတို့နှင့် အတူ ဖမ်းဆီးခံခဲ့ရသည့် တရုတ်အမျိုးသမီးမှာ နိုင်ငံကူးလက်မှတ် ရှိသော်လည်း ပြည်ဝင်ခွင့်ဗီဇာမှာမူ ၁၈ လ ကျော် ရက်လွန်နေခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံသားများမှာ နိုင်ငံကူးလက်မှတ် မရှိဘဲ တရားမ၀င်နေထိုင်ခြင်း၊ စာရွက်စာတမ်းများ ပြုလုပ်ခြင်း၊ တရားမ၀င် လုပ်ငန်းတွင် လုပ်ကိုင်ခဲ့ခြင်း စသည့် အမှုများဖြင့် တရားစွဲခံရဖွယ် ရှိပြီး တရုတ်အမျိုးသမီးမှာမူ ဗီဇာသက်တမ်းထက် ကျော်လွန်၍ နေထိုင်မှုဖြင့် တရားစွဲခံရဖွယ် ရှိသည်ဟု Abdul Rahman က ပြောကြားသည်။

အဖွဲ့၏ ခေါင်းဆောင်မှာမူ အစိုးရစာရွက်စာတမ်း အတုများ ပြုလုပ်မှုနှင့် တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများအား လက်ခံထားမှုတို့ဖြင့် တရားစွဲဆို ခံရဖွယ် ရှိသည်။

Source: The Star
Photo: http://democracyforburma.files.wordpress.com

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Friday, 08 January 2010 11:16