Home News စင်ကာပူတွင် ငါးအင်းများမှ ငါး ၂ သိန်းခန့် ပျက်စီး
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1532
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း5026
mod_vvisit_counterတစ်လအတွင်း20595
mod_vvisit_counterစုစုပေါင်6း52024
Join us in Facebook
Facebook Fanbox 1.5.x.0
စင်ကာပူတွင် ငါးအင်းများမှ ငါး ၂ သိန်းခန့် ပျက်စီး

Views : 1987    

Favoured : 39

www.thanlwin.comစင်ကာပူ (ဇန်နဝါရီ ၁) - စင်ကာပူနိုင်ငံ Pasir Ris ကမ်းခြေ တဝိုက်ရှိ ငါးမွေးမြူရေး အင်းများမှ ငါး ၂ သိန်းခန့်သည် ရေတွင်ဖြစ်ပွား တတ်သော ဇီဝတစ်မျိုးကြောင့် သေဆုံးခဲ့ကြပြီး ငါးသေဆုံးမှုမှာ ဆက်လက်တိုးမြင့် လာဖွယ်ရှိသည်ဟု သိရသည်။

 

ထိုသို့ ငါးများသေဆုံးမှုမှာ လွန်ခဲ့သော ၁၀ ရက်ခန့်ကတည်းက စတင်နေခြင်းဖြစ်ပြီး အခြေအနေပိုမို ဆိုးရွားလာကာ ငါးအင်း ၁၃ ခုမှ မွေးမြူထားသော ငါးအားလုံးနီးပါး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ စင်ကာပူပိုင် ကျွန်းတစ်ခုဖြစ်သော Pulau Ubin ကျွန်းတဝိုက်မှ ငါးများလည်း စတင်သေဆုံးနေကြကြောင်း သိရသည်။ ငါးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များက ယခုကဲ့သို့ ငါးသေဆုံးမှုကြောင့် ဒေါ်လာ သိန်းပေါင်းများစွာ ဆုံးရှုံးရကြောင်း ညည်းတွားခဲ့ကြသည်။ သေဆုံးသွားသည့် အချို့ငါးများမှာ လာမည့် တရုတ်နှစ်သစ်ကူးအတွက် ရည်ရွယ်ကာ နှစ်ချို့မွေးမြူထားသော ငါးများဖြစ်သည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေး အာဏာပိုင်များက ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ ရေတွင်မျောပါတတ်သော ပိုးမွှား၊ အပင်ငယ် သို့မဟုတ် မှိုကဲ့သို့သောဇီဝ မျိုးစိတ်တစ်ခုသည် ငါးများတွင် ကပ်ရောက်ပြီး ပြန့်ပွားမှုလည်း အလွန်မြန်ဆန်ကြောင်း၊ ထိုဇီဝသည် ပင်လယ်ရေတွင်ရှိသော အောက်စီဂျင်ကို လျင်မြန်စွာ ကုန်ခမ်းစေပြီး ငါးများမှာ အသက်ရှူကျပ်ပြီး သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ယခုကဲ့သို့ စင်ကာပူ ငါးလုပ်ငန်းတွင် ငါးများသေဆုံးမှုမှာ ပထမဆုံးဖြစ်ပြီး စီးပွားရေးထိခိုက်မှုမှာ ၁၀ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း လုပ်ငန်းရှင်တချို့က ပြည်တွင်း သတင်းစာကြီးဖြစ်သော The Straits Times သို့ ပြောကြားခဲ့သည်။

 

Source & Photo: The Straits Times

 

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Saturday, 02 January 2010 10:34