Home News ရှန်ဟိုင်းတွင် Taxi ဖြင့် သွားလာပါက ပိုမိုလွယ်ကူစေရန် စီစဉ်
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1632
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9818
mod_vvisit_counterတစ်လအတွင်း25387
mod_vvisit_counterစုစုပေါင်6း56817
Join us in Facebook
Facebook Fanbox 1.5.x.0
ရှန်ဟိုင်းတွင် Taxi ဖြင့် သွားလာပါက ပိုမိုလွယ်ကူစေရန် စီစဉ်

Views : 1760    

Favoured : 34


ရှန်ဟိုင်း (ဒီဇင်ဘာ ၂၉) - နောင်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သို့ သွားရောက်မည်ဆိုလျှင် Taxi မောင်းသူများနှင့် ဘာသာစကား အခက်အခဲမရှိဘဲ အဆင်ပြေပြေ ဆက်ဆံနိုင်ရန် စီစဉ်ထားပြီ ဖြစ်သည်။

ခရီးသည်များအနေဖြင့် မိမိသွားလိုသည့် နေရာကို Taxi တွင် တပ်ဆင်ထားသည့် စက်မှ တဆင့် ရွေးချယ်လိုက်မည် ဆိုလျှင် ၎င်းစက်က ယာဉ်မောင်းသူအား အသံထွက်မှန်မှန်ဖြင့် အလိုအလျောက် ညွှန်ကြားပြောဆိုမည် ဖြစ်သည်။

ယခင်ကမူ တရုတ်ဘာသာစကားကို မတတ်ကျွမ်းပါက ရှန်ဟိုင်းတွင် Taxi စီးရာ၌ အခက်ကြုံရလေ့ ရှိသည်။ ထိုအခက်ကြုံရမှုများ ပြေလည်စေရန်အတွက် ဤစနစ်သစ်အား Taxi များတွင် တပ်ဆင်ပေးသွားမည် ဖြစ်သည်။

ဤစနစ်အား မိတ်ဆက်ခဲ့သည့် ကုမ္ပဏီမှာ ကြော်ငြာကုမ္ပဏီတစ်ခုဖြစ်သော Touchmedia ဖြစ်ပြီး Taxi များတွင် မတပ်ဆင်မီကတည်းက အဆိုပါ ပရောဂျတ်အား စတင်၍ လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။

ထိုစနစ်ကို ဖန်တီးနိုင်ရန်အတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရှိသည်ဟု သိရသည်။

လေ့လာတိုင်းထွာရေးနှင့် မြေပုံရေးဆွဲရေးဆိုင်ရာ ရှန်ဟိုင်းမြူနီစပယ် သိပ္ပံနှင့် ပူးပေါင်း၍ အဆိုပါ စက်များကို Taxi အစီးရေ ၁၀,၀၀၀ တွင် တပ်ဆင်သွားမည် ဖြစ်သည်။

လာမည့်နှစ် မေလတွင် ၅လကြာ ကျင်းပမည့် World Expo ပြပွဲအတွက် လာရောက်လည်ပတ်မည့်သူ သန်း ၇၀ ခန့် ရှိမည် ဖြစ်ပြီး ၎င်းအတွက် ရည်ရွယ်၍ Taxi များတွင် Expo မြေပုံကို လာမည့်နှစ်အတွင်း ထပ်မံထည့်သွင်း သွားမည် ဖြစ်သည်။

Source & Photo: CNA

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Tuesday, 29 December 2009 10:47