Home News ခရစ္စမတ်နေ့ အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးကို စိတ်မနှံ့သူ တစ်ဦးက ဝင်ရောက်တွန်းလှဲ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1747
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13214
mod_vvisit_counterတစ်လအတွင်း7740
mod_vvisit_counterစုစုပေါင်6း39168
Join us in Facebook
Facebook Fanbox 1.5.x.0
ခရစ္စမတ်နေ့ အခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးကို စိတ်မနှံ့သူ တစ်ဦးက ဝင်ရောက်တွန်းလှဲ

Views : 2052    

Favoured : 47

www.thanlwin.comဗာတီကန်စီးတီး (ဒီဇင်ဘာ ၂၅) - နှစ်စဉ်ကျင်းပမြဲဖြစ်သော ခရစ္စမတ်အခါတော်နေ့ အခမ်းအနားကို ခရစ်ယာန် ဘာသာဝင်တို့၏ အထွဋ်အမြတ် နေရာတစ်ခုဖြစ်သော ဗာတီကန်စီးတီးတွင် ကျင်းပရာ ပုပ်ရဟန်းမင်းကြီး အခမ်းအနားသို့ လမ်းလျှောက်ဝင်လာစဉ် စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးက ဝင်ရောက်တွန်းလှဲခဲ့သည်ဟု သိရသည်။

 

ခရစ္စမတ် အခါတော်နေ့ ကျင်းပရာ St. Peter’s Basilica ဘုရားရှိခိုးကျောင်းကြီးအတွင်းသို့ အသက် ၈၂ နှစ်အရွယ်ရှိ ပုပ်ရဟန်းမင်းကြီး  Benedict XVI နှင့် အခြား ခရစ်ယာန် ဘုန်းတော်ကြီးများ အစီအစဉ်တကျ စီတန်းဝင်ရောက်လာစဉ် အဆိုပါ စိတ်မနှံ့သူ အမျိုးသမီးက တားဆီးထားသည့် သံတန်းများကို ကျော်၍ ပုပ်ရဟန်းမင်းကြီးကို တွန်းလှဲခဲ့ခြင်းဖြစ်သည်။ ထိုသို့တွန်းလှဲလိုက်ခြင်းကြောင့် ပုပ်ရဟန်းမင်းကြီးမှာ တစုံတရာ ထိခိုက်နာကျင်မှု မရှိခဲ့သော်လည်း ခြံရံလိုက်ပါလာသည့် ပြင်သစ်ဘုန်းတော်ကြီး Roger Etchegaray မှာမူ တင်ပါးနှင့် ခြေထောက်တွင် ဒဏ်ရာရရှိသွားပြီး ရောမမြို့ရှိ Gemelli ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူရမည်ဟုသိရသည်။ ပုပ်ရဟန်းမင်းကြီးကို တွန်းလှဲခဲ့သူမှာ အသက် ၂၅ နှစ်အရွယ်ရှိ အီတလီနှင့် ဆွစ်ဇာလန် ဒွိနိုင်ငံသားခံယူထားသည့် Susanna Maiolo ဆိုသည့် အမျိုးသမီဖြစ်သည်။ သူမကို ရဲတပ်ဖွဲ့နှင့် လုံခြုံရေးများက ထိန်းသိမ်းလိုက်ပြီး ဆေးရုံတွင် စိတ်အခြေအနေကို စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

 

ပုပ်ရဟန်းမင်းကြီးမှာ အဆိုပါဖြစ်ရပ်ကြောင့် တုန်လှုပ်နေဟန်ရှိသော်လည်း ခရစ္စမတ်နေ့ အခမ်းအနားအစီအစဉ်များကို ဆက်လက်ကျင်းပသွားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်ဆုတောင်းများကို ဘာသာစကား ၆၅ မျိုးဖြင့် တောင်းဆုခြွေသွားခဲ့သည်။

 

 

Source : torontosun.com

Photo : canoe.ca

Video : YouTube

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Saturday, 26 December 2009 03:52