Home News စင်္ကာပူတွင် ကျောင်းလခများ ဈေးတက်တော့မည်
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1694
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13161
mod_vvisit_counterတစ်လအတွင်း7687
mod_vvisit_counterစုစုပေါင်6း39116
Join us in Facebook
Facebook Fanbox 1.5.x.0
စင်္ကာပူတွင် ကျောင်းလခများ ဈေးတက်တော့မည်

Views : 2521    

Favoured : 32


စင်္ကာပူ (ဒီဇင်ဘာ ၂၁) - စင်္ကာပူတွင် နိုင်ငံသားများကို နိုင်ငံသား မဟုတ်သူများထက် ပိုမို၍ အခွင့်အရေးများ ပေးနိုင်စေရန် စင်္ကာပူပညာရေးဝန်ကြီး Ng Eng Hen က တနင်္ဂနွေနေ့က ကြေညာချက် ၂ ခု ထုတ်ပြန်ခဲ့သည်။

ပထမ ကြေညာချက်အရ လာမည့်နှစ် ဇူလိုင်လမှ စ၍ မူလတန်း Primary 1 ကျောင်းဝင်ခွင့် နေရာအတွက် မဲပေးရွေးချယ်ရာတွင် စင်္ကာပူနိုင်ငံသားများကို ဦးစားပေး ရွေးချယ်သွားမည်ဟု သိရပြီး အခြား ကြေညာချက်အရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှ စပြီး စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ရထားသူများနှင့် နိုင်ငံခြားသားများ၏ ကျောင်းလခများကို ယခင်ထက် ပိုမို ကောက်ခံသွားမည်ဟု သိရသည်။

စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ ကလေး ၃ ဦး၏ မိခင် ဖြစ်သည့် မလေးရှားမှ အိမ်ရှင်မတစ်ဦးဖြစ်သူ အသက် ၄၆ နှစ်အရွယ် မလေးရှား အမျိုးသမီး Dalilah Yusof က အဆိုပါ သတင်းကို ကြားသိရပြီးနောက် အံ့အားသင့် သွားခဲ့သည်ဟု ဆိုသည်။

“လက်ရှိ Secondary တက်နေတဲ့ ကျွန်မရဲ့ သားအတွက် တစ်နှစ်စာ ကျောင်းလခက စင်္ကာပူဒေါ်လာ ၁၈၀ ပေးရပြီး Primary တက်နေတဲ့ ကျွန်မရဲ့ သားနဲ့ သမီးအတွက် တစ်နှစ်စာ ကျောင်းလခက စင်္ကာပူဒေါ်လာ ၁၄၄ ပေးရပါတယ်။ အခုလို စင်္ကာပူအစိုးရ ကျောင်းလခတွေကို ဈေးမြှင့်ယူတော့မယ် ဆိုရင်တော့ သူတို့လေးတွေကို စင်္ကာပူပို့ပြီး ပညာဆက်သင်ဖို့ သင့်မသင့် စဉ်းစားဆုံးဖြတ်ရပါတော့မယ်” ဟု သူမက ဆက်လက် ပြောဆိုခဲ့သည်။

လတ်တလောတွင် စင်္ကာပူတွင် ပညာသင်ယူနေသည့် ကျောင်းသားများ၏ ၈ ရာခိုင်နှုန်းမှာ အမြဲတမ်း နေထိုင်ခွင့် ရထားသူများ ဖြစ်၍ ၄ ရာခိုင်နှုန်းမှာ ပြည်ပမှ လာရောက်သည့် ကျောင်းသားများ ဖြစ်ကြသည်။

စင်္ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ရထားသူများ၏ လက်ရှိ Secondary ကျောင်းလခမှာ စင်္ကာပူဒေါ်လာ ၂၆၄ ပေးရပြီး စင်္ကာပူနိုင်ငံသားမှာ စင်္ကာပူဒေါ်လာ ၂၅၂ သာ ပေးရသဖြင့် ကွာခြားမှု မရှိလှသော်လည်း ကျောင်းလခများ တိုးမြှင့်ကောက်ခံမည်ဆိုလျှင် ၃ ဆ မက ပိုမို၍ ပေးရတော့မည် ဖြစ်သည်။

၂၀၁၂ ဆိုလျှင် အမြဲတမ်းနေထိုင်ခွင့်ရထားသူများမှာ Secondary ကျောင်းလခအဖြစ် တစ်နှစ်လျှင် စင်္ကာပူဒေါ်လာ ၈၅၂ ပေးရမည် ဖြစ်ပြီး  ပြည်ပမှ လာရောက်သည့် ကျောင်းသားများမှာ စင်္ကာပူဒေါ်လာ ၅၈၃၂ အထိ ပေးရဖွယ် ရှိသည်။  

Source: The Straits Times, Malaysian Star
Photo: CNA

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Tuesday, 22 December 2009 12:21