Home News ဘားအံတွင် ဗုံးပေါက်ကွဲသဖြင့် ၈ ဦးသေ ၁၃ ဦးဒဏ်ရာရ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1748
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13215
mod_vvisit_counterတစ်လအတွင်း7741
mod_vvisit_counterစုစုပေါင်6း39171
Join us in Facebook
Facebook Fanbox 1.5.x.0
ဘားအံတွင် ဗုံးပေါက်ကွဲသဖြင့် ၈ ဦးသေ ၁၃ ဦးဒဏ်ရာရ

Views : 2036    

Favoured : 46


ရန်ကုန် (ဒီဇင်ဘာ ၁၇) - ကရင်ပြည်နယ် ဘားအံမြို့တွင် ဗုဒ္ဓဟူးနေ့ညက ဗုံးပေါက်ကွဲခဲ့သဖြင့် လူ ၈ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့သည်ဟု အာဏာပိုင်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ကြာသပတေးနေ့က ပြောဆိုခဲ့သည်။

အဆိုပါဗုံးပေါက်ကွဲမှုမှာ ဗုဒ္ဓဟူးနေ့ည ၉ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကရင်နှစ်သစ်ကူးပွဲတော် ကာလအတွင်း၌ ထိုသို့ ပေါက်ကွဲခဲ့ခြင်းလည်း ဖြစ်သည်။

ရန်ကုန်မြို့မှ မိုင် ၁၂၀ အကွာခန့်ရှိ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှ ဈေးဆိုင်တန်းများ အလယ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု စင်ဟွာသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

မည်သည့် အဖွဲ့အစည်း၏ လက်ချက်ကြောင့် ထိုသို့ ပေါက်ကွဲခဲ့ရသည်ကိုမူ မသိရှိရသေးပေ။

ထပ်မံရရှိသည့် အေအက်ဖ်ပီသတင်းတစ်ပုဒ် အရ အခင်းဖြစ်ပွားရာတွင် လူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သူ ၂ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့သည်။

သောကြာနေ့ထုတ် မြန်မာ့အလင်းသတင်းစာကမူ အဆိုပါပေါက်ကွဲမှုမှာ ကေအန်ယူကြောင့် ဖြစ်ရသည်ဟု စွပ်စွဲထားသည်။

Source: AFP
Photo: www.ddtourmyanmar.com

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Friday, 18 December 2009 12:31