Home News ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1770
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13237
mod_vvisit_counterတစ်လအတွင်း7763
mod_vvisit_counterစုစုပေါင်6း39193
Join us in Facebook
Facebook Fanbox 1.5.x.0
ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံ

Views : 1712    

Favoured : 39


ရန်ကုန် (ဒီဇင်ဘာ ၁၆) - ထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာအာဏာပိုင်များက သူမ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင် ၃ ဦးနှင့် ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံခွင့် ပြုခဲ့သည်ဟု အာဏာပိုင်တစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား အစိုးရဧည့်ဂေဟာသို့ နံနက် ၁၁ နာရီခွဲခန့်တွင် ခေါ်ဆောင်သွားခဲ့ပြီး ထိုတွေ့ဆုံမှုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် ယခုနှစ်အတွင်း သူမ၏ နေအိမ်နှင့် အကျဉ်းထောင် ပြင်ပတွင် ပထမဆုံး တွေ့ဆုံခွင့် ရခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ အာဏာပိုင်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ အတည်ပြု ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပါတီခေါင်းဆောင်များဖြစ်ကြသော ဥက္ကဌဦးအောင်ရွှေ၊ အတွေးရေးမှူး ဦးလွင်၊ အလုပ်အမှုဆောင် ကော်မတီဝင် ဦးလွန်းတင်တို့နှင့် တွေ့ဆုံလျက် ရှိသည်ဟု သိရသည်။

ယခင်လအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သည့် စာထဲတွင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီခေါင်းဆောင်ပိုင်းမှ ထို ၃ ဦးကို တွေ့ဆုံဂါရ၀ ပြုလိုကြောင်း ပန်ကြားခဲ့သည်။ ၎င်းတို့ ၃ ဦးစလုံးမှာ အသက် ၈၅ နှစ်ကျော် ရှိပြီ ဖြစ်ကာ ကျန်းမာရေး ချူချာနေကြပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက “လုံခြုံရေး အခြေအနေအရ အားလုံးကို တနေရာတည်းမှာ တစုတဝေးထဲ တွေ့ဆုံဖို့ အာဏာပိုင်တွေရဲ့ အဆိုပြုချက်ကို ဒေါ်စုက လက်ခံခဲ့ပါတယ်” ဟု အင်္ဂါနေ့ညက သတင်းထောက်များအား ပြောကြားခဲ့သည်။

Source: AFP
Photo: www.thefamouspeople.com

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Wednesday, 16 December 2009 14:54