Home News ဘွဲ့လွန်အောင်မြင်ပြီးသူ အသက် ၁၇ အရွယ် လူငယ်
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1736
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13203
mod_vvisit_counterတစ်လအတွင်း7729
mod_vvisit_counterစုစုပေါင်6း39158
Join us in Facebook
Facebook Fanbox 1.5.x.0
ဘွဲ့လွန်အောင်မြင်ပြီးသူ အသက် ၁၇ အရွယ် လူငယ်

Views : 2177    

Favoured : 34


ဗီယင်နာ (ဒီဇင်ဘာ ၁၅) - အသက် ၁၅ နှစ်အရွယ်တွင် အထက်တန်း အောင်မြင်ခဲ့ကာ ၁၆ နှစ် အရွယ်တွင် ဘွဲ့ရခဲ့ပြီး အသက် ၁၇ နှစ် အရွယ်၌ ဘွဲ့လွန်အောင်မြင်ပြီးသူ လူငယ်တစ်ဦးဖြစ်သည့် Marian Kogler သည် သြစတြီးယားနိုင်ငံတွင် အသက်အငယ်ဆုံး မဟာဘွဲ့ရရှိ ပြီးသူ ဖြစ်လာသည်။

၎င်းသည် Computational Intelligence အထူးပြုဘာသာရပ်ဖြင့် ဘွဲ့လွန် အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်း ဗီယင်နာ နည်းပညာတက္ကသိုလ်က တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ထို့အပြင် ၎င်းသည် ဆော့ဝဲလ်နှင့် သတင်းအချက်အလက် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားပြီး ဖြစ်ကာ ထိုတက္ကသိုလ်၌ပင် ကွန်ပျူတာသိပ္ပံ ပါရဂူဘွဲ့အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု သိရသည်။

စာရေးဆရာနှင့် ရုံးစာရေး မိဘနှစ်ပါးမှ မွေးဖွားခဲ့သည့် Kogler သည် အသက် ၃ နှစ်သား အရွယ်ကတည်းက စာရေးတတ်၊ ဖတ်တတ်နေပြီ ဖြစ်သည်။

၎င်း၏ မဟာဘွဲ့အတွက် ပြုလုပ်သည့် သုတေသနစာတမ်းအား သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်များနှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ဂျာနယ်များတွင် ဖော်ပြခဲ့ကြောင်း ၎င်း၏ ဆရာတစ်ဦးဖြစ်သူ Rudolf Freund က ပြောကြားခဲ့သည်။

Source: AFP
Photo: www.resources.vol.a

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Tuesday, 15 December 2009 16:16