Home News အီတလီဝန်ကြီးချုပ်ကို လူတစ်ဦး ဝင်ရောက်ရိုက်နှက်၍ ဆေးရုံတင်ထားရ
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1518
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9704
mod_vvisit_counterတစ်လအတွင်း25273
mod_vvisit_counterစုစုပေါင်6း56703
Join us in Facebook
Facebook Fanbox 1.5.x.0
အီတလီဝန်ကြီးချုပ်ကို လူတစ်ဦး ဝင်ရောက်ရိုက်နှက်၍ ဆေးရုံတင်ထားရ

Views : 1696    

Favoured : 32

www.thanlwin.comမီလန် (ဒီဇင်ဘာ ၁၃) - အီတလီနိုင်ငံ ဝန်ကြီးချုပ် ဘာလူစကိုနီကို လူတစ်ဦးက တနင်္ဂနွေနေ့ ညပိုင်းက အကြမ်းဖက် ရိုက်နှက်ခဲ့ရာ နှာခေါင်းရိုးကျိုးသွားခဲ့ပြီး သွားနှစ်ချောင်း ကျွတ်ထွက်သွားသဖြင့် ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

 

အသက် ၇၃ နှစ်အရွယ်ရှိ သန်းကြွယ်သူဌေးကြီးဖြစ်သူ ဘာလူစကိုနီသည် မီလန်မြို့တွင် နိုင်ငံရေး ဟောပြောစည်းရုံးပွဲ တစ်ခုပြုလုပ်ခဲ့ပြီး ပရိသတ်ကို နှုတ်ဆက်ရင်း အမှတ်တရ လက်မှတ်ရေးထိုးနေစဉ် လူတစ်ဦးက မီလန်မြို့၏ နာမည်ကျော် ဘုရားကျောင်း ပုံစံငယ်တစ်ခုနှင့် ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်း ပုံစံငယ်သည် သံ၊ ကြေးတို့ဖြင့် ပြုလုပ်ထားပြီး ချွန်မြသော အချွန်အတက် အများအပြားပါဝင်သဖြင့် ဝန်ကြီးချုပ်၏ မျက်နှာတွင် ဒဏ်ရာများ ရရှိသွားခြင်းဖြစ်သည်။ ရိုက်နှက်မှုကြောင့် လဲကျသွားခဲ့ပြီး သူ၏ ကိုယ်ရံတော်များက ကားအတွင်းသို့ တွဲပို့ပေးခဲ့သည်။ သို့သော်လည်း ဘာလူစကိုနီသည် ကားအပြင်သို့ ပြန်ထွက်လာခဲ့ပြီး ဝိုင်းရံနေသော ပြည်သူများကို စိတ်မပူစေရန်အတွက် လက်ဝှေ့ရမ်း နှုတ်ဆက်သွားခဲ့သည်။ ဘာလူစကိုနီသည် လက်ရှိတွင် ဆေးရုံတစ်ခု၌ ကုသမှုခံယူနေပြီး ခွဲစိတ်ကုသမှု ခံယူရန် မလိုအပ်ဟု သိရသည်။

 

နာမည်ကျော် အေစီမီလန် ဘောလုံးအသင်း ဥက္ကဌလည်းဖြစ်သူ ဘာလူစကိုနီကို ဝင်ရောက်ရိုက်နှက်သွားသူမှာ အသက် ၄၂ နှစ်အရွယ်ရှိ Massimo Tartaglia ဆိုသူ ဖြစ်ပြီး ရဲစခန်းတွင် သီးသန့်ချုပ်နှောင်ထားသည်ဟု သတင်းများတွင် ဖော်ပြပါရှိသည်။ ၎င်းသည် စိတ်ရောဂါခံစားနေရသူ တစ်ဦးလည်းဖြစ်ဖွယ်ရှိသည်ဟု သိရသည်။ 

 

 

Source : AFP

Photo : BBC

Video : YouTube

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Monday, 14 December 2009 21:37