Home News မြောက်ကိုရီးယားမှ လက်နက်များ တင်ဆောင်လာသည့် လေယာဉ်ကို ထိုင်းတွင်ဖမ်းမိ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1752
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13219
mod_vvisit_counterတစ်လအတွင်း7745
mod_vvisit_counterစုစုပေါင်6း39174
Join us in Facebook
Facebook Fanbox 1.5.x.0
မြောက်ကိုရီးယားမှ လက်နက်များ တင်ဆောင်လာသည့် လေယာဉ်ကို ထိုင်းတွင်ဖမ်းမိ

Views : 1857    

Favoured : 32

www.thanlwin.comဘန်ကောက် (ဒီဇင်ဘာ ၁၃) - မြောက်ကိုရီးယားမှ လက်နက် အမြောက်အများ တင်ဆောင်ပျံသန်းလာသော ကုန်တင်လေယာဉ် တစ်စီးကို ထိုင်းလေဆိပ်တွင် ဆီဖြည့်စဉ် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

မြောက်ကိုရီးယားမှ ထွက်ခွာလာသော အဆိုပါလေယာဉ်ကို ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်တွင် ဆီဖြည့်ရန် ဆင်းသက်စဉ် အာဏာပိုင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ၃၅ တန်ထက် မနည်းသော အလေးချိန်ရှိသည့် လက်နက်များကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ စီးနင်းရှာဖွေရန်အတွက် အမေရိကန်အစိုးရက ထိုင်းအစိုးရကို အကြောင်းကြား အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော ထိုင်းအရာရှိတစ်ဦးက ဆိုသည်။ လေယာဉ်နှင့်အတူ လိုက်ပါလာသော အမှုထမ်း ၅ ဦးကို ဖမ်းဆီးလိုက်သည်ဟုလည်း သိရသည်။ မည်သို့သော လက်နက်များဖြစ်သည်ကို ပြောပြရန် ငြင်းဆိုခဲ့သော်လည်း အချို့သတင်းဌာနကများက မြောက်ကိုရီးယားလုပ် လောင်ချာ၊ ဒုံးလက်နက်နှင့် လက်နက်ကြီးများ ပါဝင်ကြောင်း ဒေသမီဒီယာများကို ကိုးကား၍ ဖော်ပြထားသည်။

 

ထိုင်းအာဏာပိုင်များက လေယာဉ်သည် မြောက်ကိုရီးယားမှ ထွက်ခွာလာခဲ့ကြောင်းကို အတည်ပြု ပြောကြားခဲ့သော်လည်း မည်သည့်နိုင်ငံသို့ ဦးတည်ပျံသန်းလာကြောင်း တိတိကျကျ မရှင်းပြခဲ့ပေ။ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Panitan Wattanayagorn က “လေယာဉ်က အာရှနိုင်ငံတစ်ခုကို ပျံသန်းလာတာပါ။ တောင်အာရှနိုင်ငံတစ်ခု ဖြစ်ဖို့များပါတယ်” ဟုသာ ပြောကြားသွားခဲ့သည်။ အမည်မဖော်လိုသော အရာရှိတစ်ဦးက ပါကစ္စတန်နိုင်ငံ ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။

 

မြောက်ကိုရီးယားနိုင်ငံကို နူကလီးယားလက်နက် စမ်းသပ်မှုနှင့် ပတ်သတ်၍ ကုလသမဂ္ဂမှ တင်းကျပ်သော အရေးယူမှုများ ပြုလုပ်ပြီး လက်နက်ရောင်းချခြင်းကို ပိတ်ပင်ထားသည်။ မြောက်ကိုရီးယားနိုင်ငံတွင် လက်နက်ရောင်းချမှုမှ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁ ဘီလျံထက် မနည်းရှိပြီး အဓိက ဝယ်ယူသူများမှာ အီရန်နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများဖြစ်သည်ဟု သိရသည်။

 

Source : Reuters

Photo : Yahoo

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Sunday, 13 December 2009 15:52