Home News တိုက်ဂါးဝုဒ် ဂေါက်သီးကစားခြင်းမှ ရက်အကန့်အသတ်မရှိ အနားယူမည်
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1749
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13216
mod_vvisit_counterတစ်လအတွင်း7742
mod_vvisit_counterစုစုပေါင်6း39172
Join us in Facebook
Facebook Fanbox 1.5.x.0
တိုက်ဂါးဝုဒ် ဂေါက်သီးကစားခြင်းမှ ရက်အကန့်အသတ်မရှိ အနားယူမည်

Views : 1753    

Favoured : 34

www.thanlwin.comအင်တာနက် (ဒီဇင်ဘာ ၁၂) - လူမှုရေး ပြဿနာများဖြင့် ရင်ဆိုင်နေရသော ကမ္ဘာ့နံပတ် ၁ ကြေးစား ဂေါက်သီး အကျော်အမော် တိုက်ဂါးဝုဒ်သည် ဆုကြေးစား ဂေါက်သီးကစားခြင်းမှ ရက်အကန့်အသတ်မရှိ အနားယူကြောင်း သောကြာနေ့က ကြေညာခဲ့ပြီး ဖြစ်ပျက်ခဲ့သည်များအတွက် ခွင့်လွှတ်ကြပါရန် တောင်းပန်ခဲ့သည်။

 

တိုက်ဂါးဝုဒ်သည် သူ၏ကိုယ်ပိုင် အင်တာနက် စာမျက်နှာမှတဆင့် ကြေညာခဲ့ရာတွင် “ကျွန်တော့်အတွက်နဲ့ လူတွေ ဘယ်လောက် စိတ်ပျက်ခဲ့ကြရတယ်၊ နာကြင်ခဲ့ကြရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဓိကကတော့ ကျွန်တော့် ဇနီးနဲ့ ကလေးတွေပေါ့။ ဒီအတွက် ကျွန်တော်အနူးအညွတ် တောင်းပန်လိုပြီး ခွင့်လွှတ်ကြပါလို့လည်း တောင်းဆိုပါရစေ။ အပြန်ပြန် အလှန်လှန် စဉ်းစားအပြီးမှာ ကြေးစားဂေါက်သီးကစားခြင်းကနေ အကန့်အသတ်မရှိ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော် ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်၊ နောက်ပြီး ပိုမိုကောင်းမွန်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ အာရုံစိုက်ချင်လို့ပါ” ဟု ဖော်ပြထားသည်။

 

ယခုကဲ့သို့ အားလုံးကို အံ့အားသင့်စေသည့် ဆုံးဖြတ်ချက်ကြောင့် တိုက်ဂါးဝုဒ်သည် သူ့အား ဘီလျံနာဖြစ်လာအောင် ထောက်ပံ့ပေးနေသည့် စပွန်ဆာ ကုမ္ပဏီများနှင့်လည်း ရှင်းလင်းစရာများ ရှိလာမည်ဖြစ်သည်။ လက်ရှိတွင် တိုက်ဂါးဝုဒ်ကို အဓိက ထောက်ပံ့ပေးနေသော ကုမ္ပဏီကြီးများမှာ Nike ၊ Gillette ၊ Accenture ၊ AT&T နှင့် TAG Heuer တို့ဖြစ်သည်။ ၎င်းတို့အနက် အချို့က တိုက်ဂါးဝုဒ်၏ ဆုံးဖြတ်ချက်ကို နှစ်လိုဟန်မရှိသော်လည်း အချို့ကမူ ထောက်ခံအားပေးခဲ့ကြသည်။ Nike ကုမ္ပဏီက “တိုက်ဂါးဟာ Nike ရဲ့ တစိတ်တဒေသ ဖြစ်လာတာ ဆယ်စုနှစ် တစ်ခုမကတော့ပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး ဂေါက်သီးကစားသမားဖြစ်ပြီး အကြီးကျယ်ဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ ဂေါက်သီးလောကထဲ ပြန်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ သူနဲ့ သူ့မိသားစုကို Nike က အပြည့်အဝ ထောက်ခံသွားမှာပါ” ဟုဆိုသည်။

 

တိုက်ဂါးဝုဒ်တွင် လက်ရှိဇနီးအပြင် အခြားအမျိုးသမီးတစ်ဦးနှင့် လူမသိသော ဇာတ်လမ်းများရှိနေကြောင်းကို နိုဝင်ဘာလကုန်ပိုင်းတွင် The National Enquirer သတင်းစာက ဖော်ထုတ်ခဲ့ရာမှ အစပြု၍ သူ၏ လူမှုရေးဖောက်ပြန်မှုများ တစ်ခုပြီး တစ်ခုပေါ်ပေါက်လာခဲ့သည်။ အဆိုပါသတင်းစာတွင် ဖော်ပြခဲ့သော ညကပွဲရုံမန်နေဂျာဖြစ်သူ Rachel Uchitel အပြင် နောက်ထပ် ၁၀ ဦးထက်မနည်းသော အမျိုးသမီးများက ဂေါက်သီးအကျော်အမော်နှင့် မလွတ်မကင်းဖြစ်ခဲ့သည်ဟု ဝန်ခံခဲ့ကြသည်။

 

Source : AFP, AP

Photo : MSN

 

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Sunday, 13 December 2009 11:12