Home News HIV ပိုးရှိသူ ခင်ပွန်းသည်က ဇနီးကို သူ၏သွေးများ အပ်ဖြင့်ထိုးသွင်းခဲ့
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1738
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13205
mod_vvisit_counterတစ်လအတွင်း7731
mod_vvisit_counterစုစုပေါင်6း39160
Join us in Facebook
Facebook Fanbox 1.5.x.0
HIV ပိုးရှိသူ ခင်ပွန်းသည်က ဇနီးကို သူ၏သွေးများ အပ်ဖြင့်ထိုးသွင်းခဲ့

Views : 3232    

Favoured : 41

www.thanlwin.comနယူးဇီလန် (ဒီဇင်ဘာ ၆) - နယူးဇီလန်နိုင်ငံတွင် HIV ရောဂါပိုး ရှိနေသူ ခင်ပွန်းသည်က ဇနီးဖြစ်သူ အိပ်နေချိန်တွင် သူ၏ သွေးများကို အပ်ဖြင့် ထိုးသွင်းခဲ့သည့် အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည်။

 

ဖော်ပြပါ ဖနီးမောင်နှံနှင့် မိသားစုသည် ၂၀၀၄ ခုနှစ်က နယူးဇီလန်သို့ လာရောက် အခြေချနေထိုင်ရာတွင် ဆေးစစ်ဆေးမှုပြုလုပ်ခဲ့ရာ ခင်ပွန်းသည်တွင် AIDS ရောဂါဖြစ်စေသည့် HIV Positive ပိုးတွေ့ရှိခဲ့ရပြီး ဇနီးနှင့်ကလေးများတွင်မူ မတွေ့ရှိခဲ့ပေ။ ဇနီးဖြစ်သူက ကလေးများကို ထောက်ရှု၍ အတူဆက်လျက်နေထိုင်လျက် ရှိသော်လည်း လိင်ဆက်ဆံမှုကို ခွင့်မပြုခဲ့ဟု သိရသည်။ လွန်ခဲ့သော မေလတွင် ဇနီးသည်က သူမ၏ ဘယ်ဘက်လက်မောင်းတွင် အပ်ရာကဲ့သို့ ဒဏ်ရာတစ်ခု ရှိလာသည်ကို သတိထားမိခဲ့သည်။ ထိုနေ့က သူမ သင်တန်းတစ်ခုမှ အိမ်အပြန်တွင် ခင်ပွန်းဖြစ်သူကို ရေချိုးခန်းထဲတွင် သွေးအပြည့်ထည့်ထားသည့် အပ်နှင့် တွေ့ခဲ့ရသည်ဟု ဆိုသည်။ နှစ်ရက်ခန့်အကြာတွင်လည်း အိပ်ပျော်နေစဉ် ခြေထောက်တွင် အပ်စူးသကဲသို့ စူးကနဲ ဖြစ်သွားသဖြင့် လန့်နိုးသွားခဲ့ရာ ခင်ပွန်းဖြစ်သူမှာလည်း နိုးလျက်ရှိသည်ကို တွေ့ရသဖြင့် သူမကို အပ်ဖြင့် ထိုးသလောဟု မေးမြန်းခဲ့ရာ ခင်ပွန်းက ငြင်းဆိုခဲ့သည်။ သို့သော်လည်း အိပ်ယာခင်းပေါ်တွင် သွေးစက်များကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ဇနီးသည်က ဆရာဝန်ဖြင့် တိုင်ပင်ခဲ့ပြီး လေးလအကြာတွင် ပြန်လည်ဆေးစစ်ခဲ့ရာ သူမတွင်လည်း HIV Positive ပိုးရှိနေကြောင်းတွေ့ရှိခဲ့ရသည်။

 

ဇနီးသည်က ခင်ပွန်းဖြစ်သူကို အမှန်ကို ဝန်ခံခိုင်းခဲ့ရာ သူကလည်း အပ်နှင့်ထိုးခဲ့သည်မှာ ဟုတ်မှန်ကြောင်း ဝန်ခံခဲ့သည်။ သူက “မင်းကို သွေးတွေထိုးသွင်းခဲ့တာ မင်းလည်းငါ့လိုပဲ ခံစားရပြီး ငါတို့အတူနေကြရအောင်၊ ငါ့ကိုပစ်မသွားအောင်လို့ပါ။ ငါတောင်းပန်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ဇနီးသည်က ဆိုသည်။

 

အဆိုပါအမှုကို ရှေ့နှစ်ဆန်းတွင် အောက်ကလန် တရားရုံး၌ ကြားနာမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက အသက် ၃၅ နှစ်ရှိ ခင်ပွန်းဖြစ်သူသည် ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံသွားရဖွယ်ရှိသည်ဟု သိရသည်။

 

Source : stuff.co.nz

Image : discovery.com

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Sunday, 06 December 2009 14:55