Home News သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် စင်္ကာပူ ကုမ္ပဏီတစ်ခုနှင့် ဒေါ်လာ ၇၇ သန်းတန် စာချုပ်ချုပ်ဆို
09 | 02 | 2010
သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် စင်္ကာပူ ကုမ္ပဏီတစ်ခုနှင့် ဒေါ်လာ ၇၇ သန်းတန် စာချုပ်ချုပ်ဆို

Views : 864    

Favoured : 10

သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် စင်္ကာပူ ကုမ္ပဏီတစ်ခုနှင့် ဒေါ်လာ ၇၇ သန်းတန် စာချုပ်ချုပ်ဆိုစင်္ကာပူ (နိုဝင်ဘာ ၂၇) - မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရန်အတွက် မြန်မာကုမ္ပဏီ တစ်ခုနှင့် စင်္ကာပူ ကုမ္ပဏီတစ်ခုတို့ အမေရိကန် ဒေါ်လာ ၇၇ သန်းတန် စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း စင်္ကာပူ ကုမ္ပဏီဘက်မှ ထုတ်ပြန်သည့် ကြေညာချက်တစ်ခုကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြပါရှိသည်။

 

ထိုသို့ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသည့် စာချုပ်ချုပ်ဆိုခဲ့သည့် စင်္ကာပူ ကုမ္ပဏီမှာ Swiber Holdings ကုမ္ပဏီဖြစ်သည်ဟု သိရသည်။ Swiber ကုမ္ပဏီသည် ကီလိုမီတာ ၁၅၀ ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်ပေးရမည်ဖြစ်ပြီး လုပ်ငန်းများကို ၂၀၁၀ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်သွားမည်ဖြစ်သည်ဟု သောကြာနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ လုပ်ငန်းအရပ်ရပ်သည် ၆ လခန့်ကြာမြင့်မည်ဟုလည်း ဖော်ပြထားသည်။ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Raymond Goh က “မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ လုပ်ကိုင်ခွင့်ရတာ ဂုဏ်ယူမိသလို စိတ်လည်းလှုပ်ရှားမိပါတယ်” ဟုဆိုသည်။ သို့သော်လည်း မြန်မာကုမ္ပဏီ၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

 

မြန်မာနိုင်ငံတွင်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဏာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၂.၇၂ သန်းရှိရာမှ ၂၀၀၈-၂၀၀၉ တွင် ၉၈၅ သန်းအထိ ရှိလာခဲ့သည်ဟု ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်သည့် မြန်မာအစိုးရ ကြေညာချက် တစ်ခုတွင် ပါရှိခဲ့သည်။

 

Source : AFP

Photo : pseka.net

User comments Quote this article in website Favoured Print Send to friend ဆက်ဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Saturday, 28 November 2009 13:40