Home News မြန်မာရဟန်းတစ်ပါး လေယာဉ်အရေးပေါ် ထွက်ပေါက်ကို ဖွင့်လိုက်၍ လေယာဉ်နောက်ကျမှု ဖြစ်ပေါ်ခဲ့
09 | 02 | 2010
မြန်မာရဟန်းတစ်ပါး လေယာဉ်အရေးပေါ် ထွက်ပေါက်ကို ဖွင့်လိုက်၍ လေယာဉ်နောက်ကျမှု ဖြစ်ပေါ်ခဲ့

Views : 2581    

Favoured : 14

Thanlwinနယူးဒေလီ (နိုဝင်ဘာ ၂၄) - တနင်္လာနေ့မနက်က အိန္ဒိယနိုင်ငံ ကာလကတ္တားမှ ရန်ကုန်မြို့သို့ ပျံသန်းမည့် လေကြောင်းခရီးစဉ် တစ်ခုတွင် လိုက်ပါလာသည့် မြန်မာရဟန်းတစ်ပါးသည် လေကောင်းလေသန့် ရရန်အတွက် လေယာဉ်ပျံမတက်မီလေးတွင် လေယာဉ်၏ အရေးပေါ်ထွက်ပေါက်ကို ဖွင့်လိုက်သည့်အတွက် ခရီးစဉ်သည် ၇ နာရီခန့် ကြန့်ကြာသွားခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ လေယာဉ်၏ အရေးပေါ်ထွက်ပေါက်ကို မှားယွင်းဖွင့်လှစ်လိုက်သည့် ရဟန်းမှာ သက်တော် ၄၅ နှစ်ရှိ Waza Thunga ဘွဲ့အမည်ရှိ ရဟန်းဖြစ်သည်။ အဆိုပါရဟန်းသည် လေယာဉ် ပျံတက်ရန်အတွက် ပြေးလမ်းပေါ်တွင် အားယူနေစဉ် မွန်းကြပ်လာသည်ဟု ခံစားရသဖြင့် ၎င်းထိုင်ခုံဘေးရှိ အရေးပေါ်ထွက်ပေါက်ကို ဖွင့်ပစ်လိုက်ခြင်းဖြစ်သည်။ မည်သို့ ဖွင့်ရမည်ကို လေယာဉ်မှ ပေးထားသည့် အရေးပေါ်အသုံးပြုနည်း စာအုပ်မှ ကြည့်ရှုခဲ့သည်ဟု သိရသည်။ တာဝန်ရှိသူများက လေယာဉ်နှင့်လိုက်ပါမည့် ခရီးသည် ၁၃၅ ယောက်ကို လေယာဉ်ပေါ်မှ ဆင်းသက်စေခဲ့ပြီး လိုအပ်သည့် ပြုပြင်မှုများ စိတ်ချရသည်အထိ ပြန်လည်လုပ်ဆောင်ပြီးမှ လေယာဉ်ကို ထွက်ခွာစေခဲ့သဖြင့် ၇ နာရီခန့် နောက်ကျသွားခြင်းဖြစ်သည်။

 

အရေးပေါ်တံခါး လက်ကိုင်ကို လှည့်လိုက်သည်နှင့် အရေးပေါ် တံခါးလည်း ပွင့်သွားပြီး အရေးပေါ် အချက်ပေးခေါင်းလောင်းသံများလည်း ထွက်ပေါ်လာခဲ့သည်ဟု လေကြောင်းလိုင်းအရာရှိ Pulok Mukherjee က The Hindu သတင်းစာသို့ ပြောကြားခဲ့သည်။ ၎င်းက “ဒါ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ ခရီးသည်တစ်ယောက်က အရေးပေါ်ထွက်ပေါက်ကို မရည်ရွယ်ဘဲ မှားဖွင့်မိတာကတော့ ဘယ်တတ်နိုင်မလဲ” ဟုဆိုသည်။

 

အင်္ဂလိပ်စကား အနည်းငယ်သာ ပြောတတ်သော အဆိုပါရဟန်းသည် ဒုတိယအကြိမ်မြောက် လေယာဉ်စီးခြင်းလည်း ဖြစ်ပြီး ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ အရေးယူခြင်း ရှိ၊ မရှိကို မသိရှိရသေးပေ။

 

Source : Bernama

Image : ggpht.com

 

 

 

 

User comments Quote this article in website Favoured Print Send to friend ဆက်ဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Tuesday, 24 November 2009 14:01