Home News မိုက်ကယ်ဂျက်ဆင်၏ လက်အိတ်ကို ဒေါ်လာသုံးသိန်းခွဲဖြင့် ဝယ်ယူ
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1808
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13275
mod_vvisit_counterတစ်လအတွင်း7801
mod_vvisit_counterစုစုပေါင်6း39231
Join us in Facebook
Facebook Fanbox 1.5.x.0
မိုက်ကယ်ဂျက်ဆင်၏ လက်အိတ်ကို ဒေါ်လာသုံးသိန်းခွဲဖြင့် ဝယ်ယူ

Views : 1523    

Favoured : 35

MJ Gloveနယူးယောက် (နိုဝင်ဘာ ၂၂) - ကွယ်လွန် သွားရှာပြီဖြစ်သော ပေါ့ပ်ဂီတဘုရင် မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့သည့် လက်အိတ်ကို ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက အမေရိကန် ဒေါ်လာ သုံးသိန်းခွဲဖြင့် စနေနေ့က လေလံစွဲ ဝယ်ယူသွားကြောင်း သိရသည်။

 

 

မိုက်ကယ်ဂျက်ဆင်၏ အသုံးအဆောင် ပစ္စည်းများကို နယူးယောက်မြို့တွင် လေလံတင် ရောင်းချခဲ့ရာ ပစ္စည်းအများစုမှာ မျှော်မှန်းထားသည့် ဈေးထက် အဆပေါင်းများရရှိခဲ့ပြီး ၎င်းတို့အနက် ၁၉၈၃ ခုနှစ်တွင် မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ဖျော်ဖြေခဲ့သည့် အဆိုပါလက်အိတ်မှာ မျှော်မှန်းထားသည်ထက် ၉ ဆများခဲ့သည်ဟု သိရသည်။ တောက်ပသော ကျောက်များစီခြယ်ထားသည့် ထိုလက်အိတ်ကို ဝယ်ယူသည့် ဈေးနှုန်း ဒေါ်လာသုံးသိန်းခွဲကို အခွန်အခများ ထပ်ပေါင်းပါက ဝယ်ယူသူမှ ဒေါ်လာ လေးသိန်း နှစ်သောင်းခန့် ကုန်ကျမည်ဖြစ်သည်။ ဝယ်သူသွားသူမှာ ဟောင်ကောင်မှ စီးပွားရေး လုပ်ငန်းရှင် Hoffman Ma ဆိုသူဖြစ်ပြီး မကာအိုရှိ ဟော်တယ်တစ်ခုတွင် ပြသသွားမည်ဟု သိရသည်။

 

၁၉၈၉ ခုနှစ်က Bad အမည်ရှိ ဂီတဖျော်ဖြေပွဲတွင် မိုက်ကယ်ဂျက်ဆင် ဝတ်ဆင်ခဲ့သည့် ဂျာကင်အကျီကိုလည်း ဒေါ်လာ နှစ်သိန်း နှစ်သောင်းခွဲဖြင့်လည်းကောင်း၊ ဦးထုပ်ကို ဒေါ်လာ နှစ်သောင်းနှစ်ထောင်ဖြင့်လည်းကောင်း အသီးသီးရောင်းချ သွားခဲ့သည်။

 

မိုက်ကယ်ဂျက်ဆင်သည် ပြီးခဲ့သော ဇွန်လက အသက် ၅၀ အရွယ်တွင် နေအိမ်၌ ကွယ်လွန်ခဲ့သည်။

 

Source & Photo : BBC

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Sunday, 22 November 2009 16:01