Home News စင်္ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် မြန်မာစာပေဟောပြောပွဲ ကျင်းပမည်
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1813
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13280
mod_vvisit_counterတစ်လအတွင်း7806
mod_vvisit_counterစုစုပေါင်6း39236
Join us in Facebook
Facebook Fanbox 1.5.x.0
စင်္ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ် မြန်မာစာပေဟောပြောပွဲ ကျင်းပမည်

Views : 2154    

Favoured : 38


စင်္ကာပူ (နိုဝင်ဘာ ၁၉) - စင်္ကာပူနိုင်ငံ၌ ပထမဦးဆုံးအကြိမ် မြန်မာ စာပေဟောပြောပွဲကို ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျင်းပနိုင်ရန် စင်္ကာပူရောက် စာပေမြတ်နိုးသူများမှ ကြိုးပမ်းစီစဉ်လျက်ရှိသည်။

ထိုစာပေဟောပြောပွဲကို Raffles Place Mrt အနီးရှိ NTUC Centre (One Marina Boulevard) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး အချိန်မှာ နေ့လည် ၁၂နာရီမှ ညနေ ၆နာရီအထိ ဖြစ်သည်။ ပါဝင်ဟောပြောမည့် စာရေးဆရာများမှာ ဆရာနေ၀င်းမြင့်၊ ဆရာချစ်ဦးညို နှင့် ဆရာမဂျူးတို့ ဖြစ်ကာ စာရေးဆရာများ၏ လူကြိုက်များသည့် စာအုပ် အချို့ကိုလည်း အမှတ်တရ အဖြစ် လက်မှတ်ထိုး ရောင်းချပေးနိုင်ရန် စီစဉ်လျက် ရှိသည်။

လက်မှတ်များကို စတင်ရောင်းချနေပြီ ဖြစ်ပြီး လက်မှတ်တန်ဖိုးမှာ စင်ကာပူ ၁၅ဒေါ်လာဖြစ်၍ ပင်နင်ဆူလာ ပလာဇာ ပဉ္စမထပ်ရှိ သပြေနုဆိုင်တွင် ၀ယ်ယူရရှိနိုင်သည်။

ကျောင်းသားကျောင်းသူများအတွက် အထူးအစီအစဉ်အဖြစ် စတင် ရောင်းချသည့်နေ့မှ ၂ပတ်အတွင်း (နိုဝင်ဘာ ၂၉ရက် ၂၀၀၉ အထိ) ကျောင်းသားကဒ် မိတ္တူပေး၍ တစ်စောင်လျှင် စင်ကာပူ ၁၀ ဒေါ်လာ နှုန်းဖြင့် ကန့်သတ် လက်မှတ်စောင်ရေ ၁၀၀ အတွင်း ၀ယ်ယူနိုင်ကြောင်း သိရသည်။

စာပေဟောပြောပွဲမှ ရရှိလာမည့် အကျိုးအမြတ်များအား ဆင်းရဲနွမ်းပါး၍ ဆေးဝါးပြုစု ကုသရန် လိုအပ်နေသည့် သက်ကြီးရွယ်အို စာရေးဆရာများကို ထောက်ပံ့သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

စာပေဟောပြောပွဲ အသေးစိတ် နှင့် လက်မှတ်များ ကို အောက်ပါ ဖုန်းနံပါတ်များတွင် စုံစမ်း မေးမြန်း ဝယ်ယူနိုင်ပါသည်။

သပြေနု- ၆၃၃၆ ၇၇၀၃၊ ၆၃၃၆ ၇၆၀၁
ဇော်ဇော်နိုင်- ၉၈၅၀ ၆၀၄၆
ယဉ်ထူးထူးနိုင်- ၉၄၅၀ ၂၆၄၆

(သံလွင်သတင်း)






User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Thursday, 19 November 2009 12:40