Views : 2340  |
Favoured : 61 |
စင်္ကာပူ (နိုဝင်ဘာ ၁၆) - ပရိသတ်များ စောင့်စားနေကြသည့် သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ်(၄) ကို ယနေ့ ဖြန့်ချီလိုက်ပြီ ဖြစ်သည်။ ယခုမဂ္ဂဇင်းအတွက် ခေါင်းစဉ်ဖြစ်သော “အပြောင်းအလဲ” နှင့် သက်ဆိုင်သည့် ဆောင်းပါးများ၊ ယခင် ပါဝင်နေကျ ကဏ္ဍများ အပြင် ကဏ္ဍအသစ် အနေဖြင့် ဟာသကဏ္ဍကို ထည့်သွင်း ဖော်ပြထားသည်။
ဆောင်းပါးကဏ္ဍတွင် မျိုးချစ်မေ၏ အပြောင်းအလဲဆိုတာ ဘာလဲ၊ အေးချမ်း(သံလွင်)၏ အမေရိကန်-အာရှ ပါဝါအလှည့်အပြောင်း၊ ဆောင်းပါးရှင် S.S ၏ ကိုယ်ထူးကိုယ်ချွန်ရတော့မယ့် ပညာရေး၊ ညီညီ(သံလွင်)၏ အဖျားတက်နေတဲ့ ကမ္ဘာမြေ စသည့် မျက်နှာဖုံး ဆောင်းပါးများ ပါရှိသည်။ ၎င်းအပြင် ကိုယောဟန်အောင်၏ ဟားဗတ်ဒိုင်ယာရီ (၃)၊ သူရိယ ဘာသာပြန် ရေးသားသည့် ၂၀၀၄ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Wangari Maathai ၏ ဆုပေးပွဲ အခမ်းအနားမှ မိန့်ခွန်းနှင့် ပရိသတ်အများ နှစ်ခြိုက် အားပေးကြသည့် မောင်ပွတ်၏ သိထားသင့်သည့် စင်ကာပူ (၆) စသည့် ဆောင်းပါးများ အပါအ၀င် စုစုပေါင်း ၁၁ ပုဒ်တိတိ အားပါးတရ ဖတ်ရှုရမည် ဖြစ်သည်။
ဝတ္ထုတိုကဏ္ဍတွင်လည်း သံလွင်အိပ်မက်၏ ပင်တိုင်စာရေးဆရာများ၊ မြန်မာ ဘလောဂါများနှင့် ကလောင်သစ်များ၏ လက်ရာများကို စုစုပေါင်း ၁၁ ပုဒ်တိတိ မနားတမ်း ဖတ်ရှုရမည် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွှတ်သွားသူများနှင့် မေးမြန်းထားသည့် အင်တာဗျူးကိုလည်း စိတ်ဝင်စားစရာ ဖတ်ရမည် ဖြစ်သည်။
သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၄) ကို မူလက အောက်တိုဘာလတွင် ထွက်ရှိရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုလတွင်မှ ထုတ်ဝေနိုင်ခဲ့သည်။
(သံလွင်သတင်း) |
|