Home စာဖတ်သူတို့ပေးစာများ
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1510
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9696
mod_vvisit_counterတစ်လအတွင်း25265
mod_vvisit_counterစုစုပေါင်6း56695
Join us in Facebook
Facebook Fanbox 1.5.x.0
စာဖတ်သူများထံမှ ပေးစာ

Views : 3440    

Favoured : 55

Rating 2.5/5 (6 votes)

စာဖတ်သူများထံမှ ပေးစာ

သံလွင်အယ်ဒီတာ

သံလွင်အိပ်မက်ရဲ့ နောက်ဆုံးထုတ် မဂ္ဂဇင်းကို ဖတ်ပြီးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ကျွန်တော့်ခံစားချက်တွေကို ဘယ်လို ပြောရမှန်းတောင် မသိပါဘူးဗျာ။ Microfinance နဲ့ ဆင်းရဲမွဲတေမှု အကြောင်းအတွက် အထူး ကျေးဇူးတင်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခြေအနေ ပေးရင် အဲလိုလုပ်ငန်းမျိုး လုပ်ကိုင်ချင်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေကို ကျွန်တော်က ချေးငှားချင်တာပါ။ ကျွန်တော် ဖြစ်စေချင်တာကတော့ သူတို့ရဲ့ နေ့စဉ် နေထိုင်နေတဲ့ဘ၀တွေမှာ အဆင်ပြေပြေလေး နေစေချင်တယ်။ လူ့အခွင့်အရေးရဲ့ အရသာ၊ လူဖြစ်ရခြင်းရဲ့ အရသာတွေကို ခံစားစေချင်တာပါဗျာ။ ဒါကို Microfinance လို့ ခေါ်မှန်း လုံးဝကို မသိခဲ့မိဘူး။ ကျေးဇူးအထူး(အထူး) တင်ရှိပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးတဲ့အချိန်မှာ အကြံဥာဏ်တွေ ရသွားခဲ့တဲ့အတွက် မွေးရပ်မြေကို ပြန်ပြီး ဒီလုပ်ငန်းလေးကို စတင်လုပ်ကိုင်ဖို့ စဉ်းစားမိပါတယ်။ ကျွန်တော်ဟာ လူချမ်းသာတစ်ယောက် မဟုတ်ပေမယ့် အကူအညီ လိုအပ်နေတဲ့လူတွေ အတွက် အတိုင်းအတာတစ်ခုထိတော့ ကူညီနိုင်ပါလိမ့်မယ်။ ၁၀တန်းကျောင်းသားဘ၀က သင်ခဲ့ဖူးတဲ့ ပုံပြင်လေးထဲက အတိုင်း “တခြားလူတွေကို ကူညီတာဟာ မိမိကိုယ်ကို ကူညီရာလည်း ရောက်ပါတယ်” ဆိုသလိုပေါ့။ ကဲ ... နောက်တစ်ခေါက် ထပ်ပြီးပြောပါရစေ ... အရမ်းကျေးဇူးတင်ပါတယ်လို့။
ayarwady
ayarwady သို့

အခုလို ကျွန်တော်တို့ မဂ္ဂဇင်းကို ဖတ်ပြီး ဒီလိုခံစားချက်မျိုး ဖြစ်ပေါ်လာတယ်ဆိုတဲ့အတွက် အရမ်းကို ၀မ်းသာမိ ပါတယ်။ လူတိုင်း လူတိုင်း အခုလိုမျိုး ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေ အများအကျိုးကို ဆောင်ရွက်ကြမယ်ဆိုရင် လောကကြီးတစ်ခုလုံး ဘယ်လောက်တောင် သာယာလှပလိုက်မလဲဗျာ။

x x x x x x x
သို့ အယ်ဒီတာ

သံလွင်အိပ်မက်အီးဇင်း

ကျွန်မကတော့ သံလွင်အိပ်မက်အီးဇင်းကို အစဉ်တစိုက် အားပေးလာခဲ့သူပါ။ အခုသံလွင်အိပ်မက်နဲ့ အတူတူ သံလွင်သတင်းစဉ်တွေကိုပါ ဖတ်ရတဲ့အတွက် အရမ်းကို အားရ ကျေနပ်မိပါတယ်။ နောက်ပိုင်းရော ဘာတွေ ထပ်တိုးချဲ့သွားဖို့ ရှိပါသလဲ။ သံလွင်အဖွဲ့သားများ ကျန်းမာချမ်းသာပါစေ။
jjlove27

jjlove27သို့

ကျွန်တော်တို့ သံလွင်အိပ်မက်အီးဇင်းနဲ့ သံလွင်သတင်းစဉ်တွေကို ကြိုက်နှစ်သက်တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ နောက်ပိုင်း တိုးချဲ့သွားချင်တာတွေတော့ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့လည်း အလုပ်တစ်ဖက်နဲ့ ဖြစ်နေတဲ့အတွက် အခုလက်ရှိအနေအထားကိုပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်ရွယ်ထား ပါတယ်။

x x x x x x x
အယ်ဒီတာသို့

သံလွင်အိပ်မက်က ၀တ္ထုတွေကို အရမ်းကြိုက်ပါတယ်။ သမီးလည်း ၀တ္ထုရေးတတ်ချင်ပေမယ့် ဘယ်ကစပြီး ဘယ်လို ရေးရမှန်းမသိပါဘူး။ သံလွင်ကနေပြီး ၀တ္ထု ရေးနည်းလေး ဘာလေး လမ်းညွှန်ပေးနိုင်ရင်  သိပ်ကောင်းမှာပါ။ စာမူကို ဘယ်လိုပို့လို့ရမလဲ ဆိုတာ သိချင်ပါတယ်။ ပြီးတော့ စာမူပေးပို့ဖို့ အတွက် ဘာတွေ လိုအပ်ပါသလဲ။ ကဗျာလေးတွေတော့ နည်းနည်းရေးပါတယ်။  သမီးရေးတဲ့ ကဗျာလေးတွေက ကလေးတော့ နည်းနည်းဆန်နေမလား မသိဘူး။ ဒါပေမယ့် အယ်ဒီတာကြီးတွေ စိတ်ကြိုက်ရွေးပြီး မကြိုက်ရင်လည်း ပယ်နိုင်ပါတယ်။
မီးငယ်

မီးငယ်ရေ
သံလွင်အိပ်မက်က ၀တ္ထုတွေကို ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ၀တ္ထုရေးနည်းကိုတော့ သံလွင်အိပ်မက်မှာ လမ်းညွှန်ပေးနိုင်ဖို့ အစီအစဉ်မရှိသေးပါဘူး။ အကြံပေးလိုတာကတော့ ၀တ္ထုတိုတွေ များများဖတ်ပြီးလေ့လာပါ။ ပြီးတော့များများလေ့ကျင့်ပြီး ရေးကြည့်ပါ။ တစ်ချိန်မှာ စာရေးကောင်းသူ တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ စာမူကိုတော့
editor@thanlwin.com ကို တိုက်ရိုက်ပေးပို့နိုင်ပြီး စာမူပေးပို့ဖို့ အတွက် ဘာတွေ လိုအပ်လဲ ဆိုတာကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.thanlwin.com/new/index.php?option=com_content&view=article&id=90&Itemid=114

User comments Quote this article in website Favoured Print Send to friend
Sunday, 15 November 2009 15:00