Home News ဆရာဝန် ဂိမ်းအဆော့ကောင်းနေစဉ် ၅လသား ကလေးငယ် သေဆုံး
09 | 02 | 2010
ဆရာဝန် ဂိမ်းအဆော့ကောင်းနေစဉ် ၅လသား ကလေးငယ် သေဆုံး

Views : 1791    

Favoured : 9


ဘေဂျင်း (နိုဝင်ဘာ ၁၃) - တရုတ်ပြည်အရှေ့ပိုင်းရှိ ဆေးရုံတစ်ခုတွင်  တာဝန်ကျသည့် ဆရာဝန်က အွန်လိုင်းတွင် ဂိမ်းဆော့နေသဖြင့် မျက်လုံးဝေဒနာ ခံစားနေရသည့် ၅လသား အရွယ် လူနာ ကလေးငယ်တစ်ဦး ဗုဒ္ဓဟူးနေ့က သေဆုံးခဲ့ရသည်ဟု သောကြာနေ့ထုတ် တရုတ်နေ့စဉ် သတင်းစာတွင် ဖော်ပြပါရှိသည်။

အဆိုပါ ophthamologist ဆရာဝန်အား ၎င်း၏ ဆေးကုသခွင့် လိုင်စင်ကို ရုတ်သိမ်းခဲ့ပြီး Nanjing ကလေးဆေးရုံမှလည်း အလုပ်ထုတ်ပစ်ခဲ့သည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။

လူနာ ကလေးငယ်၏ အခြေအနေ ဆိုးရွားနေစဉ်တွင် ဒေါက်တာ Mao Xiojun သည် စာတမ်းပြုစုနေခဲ့သည်ဟု ဆေးရုံက မူလအစ၌ ပြောဆိုခဲ့သော်လည်း စုံစမ်း စစ်ဆေးတွေ့ရှိချက်အရ ၎င်းမှာ Go ဟု အမည်ရသည့် အွန်လိုင်းဂိမ်းအား ဆော့နေခဲ့သည်ဟု သိရသည်။

အဆိုပါ ဆေးရုံ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ Li Shandong က “Mao ဟာ ကျွန်တော်တို့ကို ဟိုတနေ့က လိမ်ပြောခဲ့တာပါ။ ကွန်ပျူတာ ကျွမ်းကျင်သူနဲ့ စစ်တော့ အထောက်အထားတွေ့တဲ့အခါကျမှ အွန်လိုင်းမှာ ဂိမ်းဆော့နေတာပါလို့ သူ ၀န်ခံတော့တယ်” ဟု ထိုသတင်းစာတိုက်သို့ ပြောကြားခဲ့သည်။

ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ထိုဆေးရုံမှ ၀န်ထမ်း ၁၁ ဦးမှာလည်း ပြစ်ဒဏ်များ ကျခံရမည် ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများကို ကိုးကား၍ စင်ဟွာသတင်းဌာနက ပြောကြားခဲ့သော်လည်း မည်သို့ အပြစ်ပေးမည် ဆိုသည်ကိုမူ မသိရသေးပေ။

တရုတ်နိုင်ငံ၌ ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် ဆေးဝါးကုသမှုနှင့် ပတ်သက်၍ မကျေနပ်သဖြင့် နှစ်စဉ် တရားစွဲဆိုမှုပေါင်း ၁၀,၀၀၀ ခန့်  ရှိနေကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

Source: AFP

User comments Quote this article in website Favoured Print Send to friend ဆက်ဖတ်ရန်
Written by Nyi Nyi   
Friday, 13 November 2009 16:41