Views : 1106  |
Favoured : 16 |
ရန်ကုန် (နိုဝင်ဘာ ၁၁) - မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ အာဏာပိုင်များက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသွားများ အနေဖြင့် ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် မိမိတို့၏ ကျန်းမာရေးအား ဂရုစိုက်ကြရန် ဗုဒ္ဓဟူးနေ့က အကြံပြု ပြောဆိုလိုက်သည်။
ထိုအကြံပြုချက်တွင် မွန်းတည့်ချိန် နေရောင်အောက်တွင် သွားလာခြင်းနှင့် ရေကူးခြင်းတို့ကို ရှောင်ရှားကြရန် ပြောကြားထားသည်။ ဆက်လက်၍ ယခင်လက စပိန်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံသား ခရီးသွား ၃ ဦးမှာ ၎င်းတို့၏ ပုဂံခရီးစဉ်အတွင်း အပူဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်းကိုလည်း အသိပေးထားသည်။
၎င်းတို့ ၃ ဦးစလုံးသည် အပူချိန် မြင့်မားမှုကြောင့် ဖြစ်ပွားသည့် နှလုံးရောဂါဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရသည်ဟု သိရသည်။
တရားဝင်စာရင်းဇယားများအရ လာမည့် မတ်လတွင် ကုန်ဆုံးမည့် ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ၂၅၅,၀၀၀ ကျော်ခန့် လာရောက်ခဲ့ကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် လာမည့် ဧပြီလတွင် စတင်မည့် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင်မူ ကမ္ဘာလှည့်ခရီးသွား ၁ သန်းခန့် လာရောက်မည်ဟု မျှော်မှန်းထားသည်။
Source: Xinhua |
|