Home News ဒေါ်လာ ၅ သိန်း ဒဏ်ကြေးပေးရမယ့် Google
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1828
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13295
mod_vvisit_counterတစ်လအတွင်း7821
mod_vvisit_counterစုစုပေါင်6း39250
Join us in Facebook
Facebook Fanbox 1.5.x.0
ဒေါ်လာ ၅ သိန်း ဒဏ်ကြေးပေးရမယ့် Google

Views : 2258    

Favoured : 32

GoogleSao Paulo (နိုဝင်ဘာ ၁၀) - အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးဖြစ်သည့် Google ကို Formula 1 ကားမောင်း အကျော်အမော် Rubens Barrichello အား နစ်နာစေမှုဖြင့် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၅ သိန်းပေးရန် ဘရာဇီးတရားရုံး တစ်ခုက တနင်္လာနေ့တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

 

Google မှ ပိုင်ဆိုင်သော Social Networking ဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်သည့် Orkut အင်တာနက် စာမျက်နှာများတွင် Rubens Barrichello ၏ နာမည်ကို ကာယကံရှင် မသိဘဲ အသုံးပြု၍ သုံးစွဲသူ (User Account) များဖွင့်လှစ်ထားခြင်းကြောင့် ယခုကဲ့သို့ တရားရုံးက အရေးယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ သုံးစွဲခဲ့သည်မှာ ၂၀၀၆ ခုနှစ် ဇူလိုင်ကတည်းကဖြစ်ကြောင်း တွေ့ရှိခဲ့ပြီးနောက် တရားရုံးက တစ်နေ့ခြင်းစီအတွက် ဒေါ်လာ ၅၉၀ ပေးဆောင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထို User Account များ ပိတ်သိမ်းလိုက်သည့် နေ့တိုင်အောင် တွက်ချက်ပါက စုစုပေါင်းဒဏ်ကြေးငွေမှာ ဒေါ်လာ ၇ သိန်းအထိ မြင့်တက်သွားဖွယ်ရှိသည်ဟု သိရသည်။ တရားရုံးက Google သည် အဆိုပါ ဝက်ဘ်ဆိုက်ဒ်ကို စီမံခန့်ခွဲနေသည့် ပိုင်ရှင်ဖြစ်သလို အသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းများကို ချမှတ်ထားသူလည်း ဖြစ်သဖြင့် ယခုကိစ္စတွင် Google ၌ တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

 

Orkut သည် ဘရာဇီးနိုင်ငံတွင် သုံးစွဲသူ အလွန်များပြားသော ဝက်ဘ်ဆိုက်ဒ်တစ်ခုဖြစ်သည်။ ယခုနောက်ပိုင်းတွင် ပေါ်တူဂီ ဘာသာဖြင့် သုံးစွဲနိုင်သည့် Facebook ကြောင့် သုံးစွဲသူ အနည်းငယ်လျော့ပါးလာကြောင်းသိရသည်။ Orkut တွင် Rubens Barrichello ၏ နာမည်ကို အသုံးပြုထားသူ ၃၀၀ ခန့်ရှိသည်ဟု ဒေသမီဒီယာများတွင် ဖော်ပြပါရှိသည်။ Google ကမူ တရားရုံးဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ တစုံတရာ မှတ်ချက်ပြုခြင်းမရှိသေးပေ။

 

Source : CNA

Photo : ibnlive.com

 

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Wednesday, 11 November 2009 08:41