Home News ၂၀၁၂ တွင် ကမ္ဘာပျက်မည် မဟုတ်ဟု နာဆာ ပြော
04 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1830
mod_vvisit_counterမနေ့က2892
mod_vvisit_counterတစ်ပတ်အတွင်း13297
mod_vvisit_counterတစ်လအတွင်း7823
mod_vvisit_counterစုစုပေါင်6း39252
Join us in Facebook
Facebook Fanbox 1.5.x.0
၂၀၁၂ တွင် ကမ္ဘာပျက်မည် မဟုတ်ဟု နာဆာ ပြော

Views : 2651    

Favoured : 37


ဝါရှင်တန် (နိုဝင်ဘာ ၁၀) - အမေရိကန်အာကာသ အေဂျင်စီတစ်ခု ဖြစ်သည့် နာဆာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာပျက်မည် ဆိုခြင်းမှာ မဟုတ်မမှန်ကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၁၂ တွင် ကမ္ဘာပျက်တော့မည်ဆိုသည့် အကြောင်းကို အခြေခံ၍ ရိုက်ကူးထားသည့် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားနှင့် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် ကောလဟလများကို ယုံစားခြင်း မပြုကြရန် ထိုသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆိုနီရုပ်ရှင်ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ၍ ထုတ်လုပ်သည့် ၂၀၁၂ ဟု အမည်ရသည့် ဇာတ်ကားသစ်သည် Mayan လူမျိုးတို့၏ ပြက္ခဒိန်အပေါ် အခြေခံ၍ ကမ္ဘာပျက်ပုံကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးထားခြင်း ဖြစ်သည်။

အချို့သော အင်တာနက်စာမျက်နှာများက ကမ္ဘာမြေကို ၀င်တိုက်မည့် Nibiru ခေါ် Planet X ၏ တည်ရှိနေမှုကို နာဆာက ဖုံးကွယ် ထားသည်ဟု စွပ်စွဲခဲ့ကြသော်လည်း ဤသည်မှာ ကောလဟလသာ ဖြစ်သည်ဟု နာဆာက ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသို့ ကမ္ဘာမြေကို ၀င်တိုက်မည်ဆိုသည်မှာ အမှန်ဖြစ်ပါက အာကာသပညာရှင်များ အနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက သိနေမည် ဖြစ်ကြောင်းနှင့် ယခုလောက်ဆိုလျှင် သာမန်မျက်စိဖြင့် ကြည့်လျှင်ပင် မြင်တွေ့နိုင်လောက်အောင် နီးကပ်နေလောက်ပြီဟု ဖြည့်စွက်ဖော်ပြထားသည်။ “ဒါဟာ တကယ်တော့ အခြေအမြစ်မရှိပါဘူး။ ကမ္ဘာတလွှားက ထိပ်တန်း သိပ္ပံပညာရှင် အတော်များများက ၂၀၁၂မှာ ဘာအန္တရာယ်မှ ရှိမနေဘူးဆိုတာ သိနေကြပါတယ်။ ကမ္ဘာမြေကြီးဟာ နှစ်သန်းပေါင်း ၄၀၀၀ ကျော်လောက် အထိ ဘာမှ မဖြစ်ဘဲ ရှင်သန်နေခဲ့တာပါ” ဟူ၍လည်း ဆက်လက်၍ ဖော်ပြထားသည်။

Source: The Straits Times

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Tuesday, 10 November 2009 17:29