Home News စင်္ကာပူတွင် လူကြိုက်အများဆုံး စားသောက်ဆိုင်တန်း Tampines တွင်ရှိ
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1412
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း4906
mod_vvisit_counterတစ်လအတွင်း20475
mod_vvisit_counterစုစုပေါင်6း51904
Join us in Facebook
Facebook Fanbox 1.5.x.0
စင်္ကာပူတွင် လူကြိုက်အများဆုံး စားသောက်ဆိုင်တန်း Tampines တွင်ရှိ

Views : 2091    

Favoured : 34

Hawker Centreစင်္ကာပူ (နိုဝင်ဘာ ၈) - စင်္ကာပူနိုင်ငံတွင် လူကြိုက်အများဆုံး စားသောက်ဆိုင်တန်း (Hawker Centre) အဖြစ် Tampines အရပ်ရှိ ဆိုင်တန်းတစ်ခုကို ၂ နှစ်ဆက်တိုက် ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

City Gas ကုမ္ပဏီနှင့် တရုတ်ဘာသာဖြင့် ထုတ်ဝေသော Shin Min သတင်းစာတို့က စားသုံးသူများ၏ ဆန္ဒကို ဝက်ဘ်ဆိုက်ဒ်မှ တဆင့် ၅ လကျော်ကောက်ခံခဲ့ပြီးနောက် City Hawker Food Hunt ဆုကို အဆိုပါဆိုင်တန်းများကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထိုဆိုင်တန်းမှာ Tampines Street 11, Blk 137 ရှိ Round Market & Food Centre အမည်ရှိဆိုင်တန်းများဖြစ်သည်။ ထိုဆိုင်တန်းများကို လွန်ခဲ့သော ၂၆ နှစ်ခန့်ကတည်းက ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။ ဆိုင်ခန်းပေါင်း ၄၅ ခန်းခန့်ရှိသည့် ထိုဈေးဆိုင်တန်းများတွင် အမြဲတန်းလိုလိုပင် စားသုံးသူများဖြင့် ပြည့်နှက်လျက်ရှိပြီး ဖက်ထုပ်ခေါက်ဆွဲ၊ ဝက်နံရိုးခေါက်ဆွဲ၊ ဝက်သားတုတ်ထိုး၊ ကြာဇံကြော်တို့မှာ အထူးနာမည်ကြီးသည်ဟု သိရသည်။

 

“ဒီမှာလာစားကြသူတွေဟာ ဆိုင်ကောင်းတွေပေါလွန်းလို့ ဘာစားရင်ကောင်းမလဲဆိုတာ အတော်လေးရွေးရခက်ကြပါတယ်” ဟု ထိုဆိုင်တန်းများ၏ ဥက္ကဌဖြစ်သူ Mr Soh Peck Kiat က ပြောဆိုခဲ့သည်။

 

Source & Photo : Staritstimes.com.sg

 

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by သတင်းထောက် ဧရာကျော်   
Monday, 09 November 2009 09:40