Home News ကလေးထိန်းဖြစ်သူက ကလေးအား မူးယစ်ဆေးကျွေး၍ သူတောင်းစားများထံ ဌားစား
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1410
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း4904
mod_vvisit_counterတစ်လအတွင်း20473
mod_vvisit_counterစုစုပေါင်6း51902
Join us in Facebook
Facebook Fanbox 1.5.x.0
ကလေးထိန်းဖြစ်သူက ကလေးအား မူးယစ်ဆေးကျွေး၍ သူတောင်းစားများထံ ဌားစား

Views : 2327    

Favoured : 34


နယူးဒေလီ (နိုဝင်ဘာ ၆) - အိန္ဒိယနိုင်ငံ၏ အိုင်တီမြို့ဖြစ်သော Bangalore တွင် ကလေးထိန်းဖြစ်သူက ၇ လသား အရွယ် ကလေးတစ်ဦးအား မူးယစ်ဆေး မှန်မှန်ကျွေး၍ သူတောင်းစားများထံ တစ်ရက်လျှင် ၂ ဒေါ်လာဖြင့် ဌားစားသည့် အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့သည်ဟု သောကြာနေ့ထုတ် The Times of India သတင်းစာတွင် ဖော်ပြပါရှိသည်။

ကလေးအမေဖြစ်သူသည် နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အလုပ်မှ စောစောပြန်လာသည့် နေ့တွင် ကလေးအား မတွေ့သည့်အခါမှ ၎င်းဖြစ်ရပ်အား သိရှိခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ကလေးထိန်းဖြစ်သူက ကလေးအား ပြီးခဲ့သည့် သတင်းပတ် ၃ ပတ်မှ စ၍ ထိုသို့ ဌားရမ်းခဲ့ခြင်း ဖြစ်သည်ဟု ၀န်ခံခဲ့သည်ဟူ၍ သိရသည်။

ကလေးငယ်များကို ချီပိုးထားသည့် သူတောင်းစားများသည် အိန္ဒိယရှိ မြို့ကြီးမြို့ငယ် အသွယ်သွယ်တွင် ရှိသော လမ်းဆုံလမ်းခွများ၌ အဆန်းတကြယ်မဟုတ်သည့် မြင်ကွင်း ဖြစ်သည်။

အိန္ဒိယတွင် အမျိုးသမီး လုပ်သားများ လုပ်ငန်းခွင်သို့ ၀င်ရောက်လာသည့် ပမာဏ တိုးပွားလာသည်နှင့်အမျှ မိဘများ အလုပ်ခွင် ၀င်နေချိန်တွင် မိမိတို့၏ ကလေးငယ်များအား ကလေးထိန်းများ ဌား၍ စောင့်ရှောက်ခိုင်းကြရသည်။

Source: Reuters
Photo: AFP/Getty

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Written by Nyi Nyi   
Saturday, 07 November 2009 17:08