Views : 2062  |
Favoured : 62 |
သံလွင်သတင်း (သြဂုတ် ၂၆) - ဇူလိုင်လအတွင်းက ဖြန့်ချီခဲ့သော သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း (၅) နှစ်ပြည့် အထူးထုတ်မှ “ဒလက်တောပုံပြင်” အမည်ရှိ ဝတ္ထုတိုကို အယ်ဒီတာများနှင့် စာမူရှင်၏ ခွင့်ပြုချက်ဖြင့် VOA ရေဒီယို မြန်မာပိုင်း အစီအစဉ်မှ အသံလွှင့်လျက်ရှိသည်။
ဒလက်တောပုံပြင်ဝတ္ထုတိုကို ကမ္ဘာစိုးမင်းမှ ရေးသားခဲ့ခြင်းဖြစ်ပြီး သံလွင်အိပ်မက်တွင် ဖော်ပြခဲ့သော သူ၏ တတိယမြောက် လက်ရာလည်းဖြစ်သည်။ ထိုဝတ္ထုတိုတွင် မြန်မာ့နိုင်ငံရေးလောကမှ ကြေညာချက်များ ထုတ်ပြန်ကြသည့် အကြောင်းအရာများကို အခြေခံ၍ သရော်စာဆန်ဆန် ရေးသားထားသည်။ ဒလက်တောပုံပြင်ကို VOA မြန်မာပိုင်း အစီအစဉ်၏ အနုပညာမိုးကောင်းကင်ကဏ္ဍတွင် အင်္ဂါနေ့ညနေတိုင်း အပိုင်းခွဲ၍ ထုတ်လွှင့်နေခြင်းဖြစ်သည်။ ပထမပိုင်းကို သြဂုတ်လ ၂၅ ရက်နေ့ ထုတ်လွှင့်သွားပြီးဖြစ်ရာ ဤနေရာတွင် သွားရောက်နားဆင်နိုင်သည်။ (သံလွင်သတင်းစဉ်) |
|