Views : 2447  |
Favoured : 76 |
လူနာ

ပြတင်းတံခါးတွေ ဖွင့်ပေးပါ
မလိုအပ်ဘဲ မီးခလုတ်တွေ နှိပ်ရတဲ့ရက်တွေ များပြီ
ခန်းဆီးတွေကို တသက်လုံး ပိတ်ထားမှာလား။
အဲသလိုဆိုရင်
သဘာဝတရားရဲ့ အလင်းရောင်ဆိုတာ
ငါတို့နဲ့ မသက်ဆိုင်တော့တဲ့ အရာ။
နေ့လား
ဒါမှမဟုတ် ညလား
ငါ့ပါးပြင် နမ်းရှိုက်သွားတာ။
နစ်နာကြေးကို
ဘယ်သူတွေနား လက်ဖြန့်တောင်းရမှာလဲ
လူမသိသူမသိ ခိုးခိုးရှိုက်ရတဲ့
ငိုကြွေးသံ အချို့တ၀က်အတွက်။
ဖွင့်ဖောက်မဖတ်လည်း
ကူးယူဖော်ပြလို့ရတဲ့ ဝေဒနာတွေ။
မိုးတွေရွာတယ်
ညည အိပ်မပျော်တော့ဘူး
တစက်စက်ယိုစီးနေတဲ့ အမိုးမှာ
လှပတဲ့ အက္ခရာတွေကို သိမ်းထုပ်မထားနိုင်တာ ကြာခဲ့ပြီ။ ။
မောင်ခင်လေး |
|