Home ၀တ္ထုတိုများ နောက်ဆုံးအချိန်
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1529
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း5023
mod_vvisit_counterတစ်လအတွင်း20592
mod_vvisit_counterစုစုပေါင်6း52022
Join us in Facebook
Facebook Fanbox 1.5.x.0
နောက်ဆုံးအချိန်

Views : 2294    

Favoured : 39

Rating 3.2/5 (17 votes)


နောက်ဆုံးအချိန်
ပုလဲဖြူဖြူ

သူ တစုံတခု၏ နှိုးဆော်မှုကြောင့် အိပ်ရာမှ နိုးသွားသည်။ ရုတ်တရက် မျက်လုံး ဖွင့်လိုက်ပြီးမှ နေရောင်ကြောင့် ကျိန်းစပ်သွား၍ မျက်လုံးများ ပြန်မှိတ်ထားလိုက် ရသည်။ ခဏကြာလို့ ဖြည်းဖြည်းချင်း ဖွင့်ကြည့်တော့မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်ရသည်။ သူ့ဘေးတွင် အပြစ်ကင်းစင်စွာ အိပ်နေသော သူမကို သူတချက် ပြုံး၍ ကြည့်လိုက်သည်။ ကြည်လင်သော သူမမျက်နှာလေးက ကလေး တစ်ယောက် အိပ်နေသည့်နှယ်။ သူဘယ်လိုများ နှိုးရက်ပါမည်နည်း။ သို့သော် မရ၊ သူ့မှာ နှိုးရမည့်တာဝန်ရှိသည်။ တော်ကြာသူမ နောက်ကျလျှင် သူ့အပြစ် ဖြစ်သွားလိမ့်မည်လေ။ သူ့အပြစ်တော့ အဖြစ်မခံနိုင်ပါ။

သူသီချင်း တစ်ပုဒ်ကို တိုးတိုးလေး ညည်းလိုက်သည်။ တိုးရာမှ တဖန် အနည်းငယ် အသံကို မြှင့်လိုက်တော့ သူမ လူးလွန့်လာသည်။ ဟုတ်သည်။ သူမက သူ့သီချင်းသံနှင့်မှ နိုးထတတ်သည် မဟုတ်ပါလား။ သူ့အသံသာသာကို ကြားတော့ သူမ မနေနိုင်တော့၊ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ပြီး အပြုံးနှင့် သူ့ကို နှုတ်ဆက်သည်။ သူမနှင့် အတူနိုးထရသည့် ထိုကဲ့သို့သော မနက်ခင်းများကို သူချစ်သည်။ ထို့အတူ သူမကိုလည်း….။

=။=။=။=။=။=။=။=။=။=။=။=။=။=။

သူမက မျက်နှာသစ် အ၀တ်အစားလဲပြီး မနက်စာ စားနေစဉ် သူ့အားကြည့်ကာ “ဒီနေ့ဘာလုပ်စရာတွေရှိလဲဟင်” ဟုဆိုသည်။ ထိုအခါသူက သူမအား schedule calendar ကလေးကို ပြလိုက်သည်။ ထိုအခါမှ သူမက “သြော်… သူငယ်ချင်းတွေနဲ့ ချိန်းထားတာပဲ မေ့တော့မလို့.. ပြီးရင် Valentines day အတွက် လက်ဆောင် ၀ယ်ရဦးမယ်” ဟုဆိုကာ သူ့အား ပြုံးပြုံးကြီး ကြည့်၍ပြောသည်။ သူမ အပြုံးက သူ့အား ကူးစက်ကာ သူပါမပြုံးပဲ မနေနိုင်ချေ။ 

ထိုစဉ် သူမ သူငယ်ချင်းများဆီက message ၀င်လာသောကြောင့် သူမကို ပြလိုက်တော့ “ဟော.. ဟိုကောင်တွေ ထွက်လာကြပြီတဲ့၊ တို့တွေလည်း သွားကြမယ်ဟေ့” ဟုဆိုကာ သူ့အား သူမလက်ကိုင်အိတ်ထဲသို့ ထည့်ကာ အိမ်မှ ထွက်လာခဲ့တော့သည်။ 

သြော်.. ပြောဖို့မေ့သွားလို့ဗျို့.. ကျုပ်က လက်ကိုင်ဖုန်း တစ်လုံးပေါ့၊ ပိုပြီး တိတိကျကျပြောရရင် Sony Ericsson w910i ပေါ့ဗျာ။ သူမရဲ့ လက်စွဲလေ၊ ဟဲဟဲ။ 

=။=။=။=။=။=။=။=။=။=။=။=။=။=။

သူနှင့်သူမ စတွေ့သည်မှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ သူမ၏ အရင်ဖုန်း ပျက်သွားသောကြောင့်၊ လွန်စွာမှ ရိုးရှင်းလှသည်။ သို့သော် ဟိုအနီရောင်မနှင့် ဟိုကောင်ကြောင့် သူမနှင့် လွဲမလို ဖြစ်လိုက်သေးသည်။ ဟုတ်သည်၊ ထိုအနီရောင်ကို သူမ၏ချစ်သူဆိုသော သူက မိန်းမဆန်သည်၊ ယူသင့်သည်ဟု ပြောနေသောကြောင့် အနက်ရောင်ဖြစ်သော သူ့မှာ ကျိတ်၍ ၀မ်းနည်းခဲ့ရသေးသည် မဟုတ်ပါလား။ သို့ပေမဲ့ ဘယ်သူတွေ ဘာပြောပြော သူမက ပြတ်သည်။ “အနက်ရောင်ပဲ ယူလိုက်မယ်” တဲ့။ ကဲ.. ဘယ်လောက်ချစ်ဖို့ ကောင်းသည့် သူမလဲလို့။ 

ထိုမှစ၍ သူက သူမအား ချစ်သလို၊ သူမကလည်း သူ့ကို လက်က မချပေ။ မေတ္တာများ အသွား အပြန်ရှိတယ်ဆိုတာ ခုမှပဲ ယုံတယ်ဗျာ။ ဒါက ထားပါ၊ ကျုပ်ဆိုတဲ့ ကောင်က သူမ မျက်နှာကို မှန်လို ကြည့်နေတဲ့ ကောင်ဗျ။ မျက်နှာရိပ် မျက်နှာကဲကို ကြည့်လိုက်တာနဲ့ သူမ ပျော်နေလား၊ စိတ်ညစ်နေလား ဒက်ကနဲကို သိတာ။ အဲ့လောက်ကို ကျုပ်က ချစ်တာ သူမကို..။

ဒါပေမဲ့ သူမရဲ့ ချစ်သူဆိုတဲ့ကောင်ကိုတော့ သိပ်ကြည့်မရဘူးဗျ။ အဲ.. မနာလိုတာလည်း ပါတာပေါ့ဗျာ။ မနာလိုဆို ကြည့်လေ ဟိုနေ့က စကားပြောနေလိုက်ကြတာများ…။

“ဟယ်လို.. ကိုလား၊ ချစ်ပါ..”

“အင်း.. ပြောလေချစ်.. ဘာလဲ ကို့ကို လွမ်းနေပြီလား၊ ဟား… ခုလေးတင် ချစ်နဲ့တွေ့လာတာလေ”

“အာ.. မဟုတ်ပါဘူး ကိုကလဲ.. ချစ်ပြောဖို့ မေ့သွားလို့ ခုနက.. ဒီနှစ် Valentines day လေ.. အဲ့ဒါ လျှောက်လည်မယ်နော်ကို.. ချစ်တို့ ပြီးခဲ့တဲ့ နှစ်နှစ်လုံး တခါမှ အဲ့ဒီနေ့မှာ မလည်ဘူးဘူးလေ..”

“သြော်.. ဒါများ ချစ်ရယ်.. လည်တာပေါ့၊ ကိုလည်း အားတယ်လေ.. ပြီးခဲ့တဲ့နှစ်တွေက ကိုက မအားလိုက် ချစ်က မအားလိုက်နဲ့ မလို့လေ..”

“အင်းပါ.. အဲ့ဒါပြောတာ ကိုရဲ့.. ချစ်က ကို့အတွက် လက်ဆောင်တောင် ၀ယ်ပေးဖို့ idea ရနေပြီနော်… ဒါပဲ”

“ဟုတ်ပါပြီ.. ကို့မှာလဲ Idea ရှိပါတယ်ကွ.. နောက်မှ Romantic လိုက်တာ ဆိုပြီး ပိုခိုက်သွားမယ် ဟားဟား”

“အမယ်.. တော်ပါ.. ဒါဆို ဒါပဲနော်ကို.. မေ့မှာစိုးလို့ သတိပေးတာ.. ဆားတမ်းဟဲ…!!!”

“ဟုတ်ပါပြီ.. ကိုလဲ ဆားတမ်းဟဲ..!!!”

ဟွန်း…. တွေ့ပြီမဟုတ်လား အဲ့ကောင် ဘယ်လောက် အမြင်ကတ်စရာ ကောင်းလဲဆိုတာ။ သြော်.. ဒါနဲ့ မသိတဲ့လူတွေ မှတ်ထားဦးဗျ၊ ဆားတမ်းဟဲ ဆိုတာ ကိုရီးယားလို ချစ်တယ်တဲ့..။ ဟဲဟဲ ဒါလဲ ကျုပ်မလို့ သိတာဗျ၊ သူမလေးက ကိုရီးယားဘာသာ တတ်တယ်လေ။ 

ဒါနဲ့ပဲ အဲ့ဒီ valentines day ကြီးရောက်လာတယ်ပေါ့ဗျာ။ ကျုပ်ကတော့ အေးဆေးပါပဲ၊ သူမ လိုရာကို ဆက်သွယ်ပေးပြီး အချိန်မှန် အိပ်ရာ နှိုးပေးဆဲပါပဲ။ တစ်ခါတစ်လေ သူမကို သီချင်းတောင် ဆိုပြတယ်ဗျ၊ ဒါမျိုးက တော်ရုံကောင် မလုပ်ပေးဘူးနော.. ကျုပ်ကသာ သဘောထား ကြီးလွန်းလို့၊ သူမကို ချစ်လွန်းလို့။ သူမ ချစ်သူဆိုတဲ့ ကောင်ဆို သီချင်းဆိုတာဖွတ်။ သူမ ဘယ်လိုလုပ် ဒီလိုကောင်မျိုးနဲ့ ရည်းစား တော်ထားမှန်း မသိဘူးဗျာ၊ လူကလည်း မဲသဲနေတာပဲ(ကျုပ်အမြင်မှာ) ကျုပ်သာ အရင်သိရင်တားမှာ။ ဒါက ထားပါလေ၊ ဖြစ်ပြီးတာလဲ ပြင်လို့မှ မရတာ။

အဲ့လိုနဲ့ Valentines day မှာ လျှောက်လည်ကြ၊ လက်ဆောင် ပစ္စည်းတွေလဲကြပေါ့ဗျာ၊ ကျုပ်ကဏ္ဍမှ မပါတာ၊ စိတ်မ၀င်စားပါဘူး။ သူတို့ကတော့ အတော်ပျော်နေကြလေရဲ့။ ခဏနေတော့ ကျုပ်လဲ ပျင်းပြီး အိပ်ပျော်သွားပါရောလား၊ ကျုပ်နိုးတော့ အိမ်တောင် ပြန်ရောက်နေပြီဗျ၊ ဟိုကောင်လဲ ကျုပ်ရဲ့ သူမလေးကို အိမ်ပို့ပြီးပြန်သွားပြီ။ ကျုပ်လည်း ခုမှ သူမကို သေချာကြည့်ခွင့်ရတော့တယ်..။ သူမကတော့ ရလာတဲ့ လက်ဆောင်တွေနဲ့ နှင်းဆီပွင့်လေးကို ကိုင်ပြီး ပြုံးနေလေရဲ့၊ အင်း.. သူမပျော်နေတာ မြင်တော့ ကျုပ်လဲ ပျော်ပါတယ်ဗျာ၊ မနာလိုတာကတော့ တပိုင်းပေါ့ ဟိုကောင်ကို။

ပြောထားရဦးမယ်.. ကျုပ်ရဲ့သူမက မြန်မာပြည်မှာ မဟုတ်ဘူးဗျ၊ သူမလေးက ကျောင်းလာ တက်နေတာ ဒီကျွန်းပေါ်မြို့လေးမှာ။ သူမကခု စာမေးပွဲတွေ ဖြေပြီးလို့ ရွာခဏ ပြန်မယ်တဲ့ဗျ၊ ကျုပ်နဲ့တော့ ဝေးကြဦးမှာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ သူမကမှ international roaming မလုပ်သွားတာ။ ကျုပ်ကသာ သူမကို လွမ်းနေရတာပါ၊ ကြည့်ပါလား သူမလေးကတော့ ဟိုချစ်သူဆိုတဲ့ ကောင်ကိုသာ လွမ်းနေတာပါ။ သွားတောင် မသွားရသေးဘူး၊ ဟွန်း.. ပိုကိုပိုတယ်ဗျာ။

ဒါနဲ့ပဲ ပြန်မယ့်နေ့ကို ရောက်လာတယ်ပေါ့ဗျာ။ သူမက ဟိုကောင်ကို မှာတမ်းတွေချွေနေတာ မပြီးတော့ဘူးဗျာ၊ ကျုပ်မှာသာ တစ်ယောက်ထဲ ကျိတ်ပြီး ၀မ်းနည်းနေရတာ၊ လှည့်တောင်မကြည့်ပါဘူး။ ဒါပေမဲ့ ကျုပ်ကတော့ သူမကိုဆို ခွင့်လွှတ်ပြီးသားပါ။ သူမလေးကတော့ မျက်နှာငယ်လေးနဲ့ ဟိုကောင်ကို လာကြိုဖို့မှာနေလေရဲ့။ ဟိုကောင်ကလဲ အစားမှန်မှန်စားဖို့၊ သူ့ကိုပဲ လွမ်းမနေပဲ ပျော်ပျော်နေဖို့ တွေမှာနေလေရဲ့။ နောက်ဆုံး နှုတ်ဆက်ကြပြီး လေယာဉ်ထွက်ခွာဖို့ အချိန်နီးကပ်လာပါပြီ၊ သူမလဲ အထုပ်တွေ ဆွဲပြီး ကျုပ်ကိုလဲ လေယာဉ်ပေါ်ရောက်တာနဲ့ ဆက်သွယ်ရေး ကိရိယာတွေ ပိတ်ရမယ်ဆိုတော့ သူမချစ်သူကို စကားခဏပြောပြီးနောက်မှာ အရာရာဟာေ၀၀ါးလာပြီး ကျုပ်လဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပါတော့တယ်။

=။=။=။=။=။=။=။=။=။=။=။=။=။=။


“အား………” ကျုပ် ရုတ်တရက် အာဂေါင် ခြစ်ပြီး အော်လိုက်မိတယ်ထင်တယ်။ ခေါင်းတွေက တစ်စစ်စစ်ကိုက်နေသည်၊ ကိုက်ဆို ရက်သတ္တပတ်၃ပတ်လောက် သူအိပ်နေခဲ့တာကိုး..။ မျက်စိစုန်မှိတ်ထားရာကနေ ကြိုးစားပြီး မျက်လုံးတွေ ဖွင့်ကြည့်လိုက်မိတယ်။ သူမမျက်နှာလေးကို အေးချမ်းစွာ မြင်လိုက်ရမှ သူသက်ပြင်း ချနိုင်တော့တယ်။ ဟူး.. တော်ပါသေးရဲ့ကွာ။ ခုမှပဲ အလွမ်းပြေတော့တယ်.. ကျုပ် သူမမျက်နှာလေးကို အ၀ကြည့်နေမိတယ်။ သူမကလဲ ပြုံးပြုံးလေးနဲ့ ဘေးက အဖော်ကောင်မလေးနဲ့ စကားတွေပြောလို့။ 

“ညီမလေး အထုတ်တွေ အောက်အရင်ချထားလိုက်လေ.. ပေးဒီအထုတ်တွေ အစ်မကိုင်ထားပေးမယ်” ဟုဆိုကာ နံဘေးခုံမှ ကောင်မလေးကိုပင် ပြုံးပြုံးလေး ကူညီနေသေးသည်၊ သူမကို ချစ်သည့်အထဲမှာ ထိုသို့ ကူညီတတ်သည့် စိတ်ကလေးကို သူ အမြတ်နိုးဆုံး ဖြစ်သည်လေ။

“ဟုတ်ကဲ့ ကျေးဇူးပဲနော် အစ်မ၊ ဒါနဲ့ အစ်မကို အိမ်က လာကြိုမှာလားဟင်..” ဟု ထိုကောင်မလေးမှ ပြန်စပ်စုသည်။

“မဟုတ်ဘူး ညီမ.. အစ်မ ချစ်သူလာကြိုမှာ..” ဟု သူမက ရှက်ပြုံးကလေးနှင့် ဖြေသည်ကို ထိုကောင်မလေးကလဲ နားလည်စွာ ခေါင်းညိမ့်ပြုံုးပြသည်။

ကျုပ်လဲ အိပ်နေရတာ ကြာပြီဖြစ်တာမို့ အကြောအချဉ်တွေ ဆန့်လိုက်မိတယ်။ ထိုအခါကျမှ ကျုပ်လဲ ပုံမှန်အတိုင်း ပြန်ဖြစ်ပြီး တာဝန်တွေ ထမ်းဆောင်ဖို့ ပြင်တော့တယ်။

ရုတ်တရက် သူမချစ်သူ ဟိုကောင်ထံမှ message ၀င်လာ၍ ပြောမပေးချင်သော်လည်း တာဝန်အရ သူမကို အသိပေး လိုက်သည်။ သူမကအပြုံးလေးနှင့် သူ့ကို ကောင်ကိုင်ကာ message ကိုဖတ်လိုက်သည်။ ဘာရှိမတုန်း၊ လာကြိုနေပြီ ဘာညာပဲ ဖြစ်မှာပေါ့ဟု တွေးကာ စိတ်ထဲမှ ပစ်ပစ်နှစ်နှစ် ဆဲပစ်လိုက်သည်။ မှတ်ကရော။ 

သို့သော် သူမမျက်နှာပေါ်မှ ပြုံးရိပ်များ ချက်ချင်းဆိုသလို ပျောက်သွားသည်ကို သူအလိုလို ရိပ်မိလိုက်သည်။ သူအရမ်း စိုးရိမ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူမ မျက်နှာမှာ ပြိုတော့မည့် မိုးလိုအရိပ်များ လွှမ်းမိုးသွားသောကြောင့်။ သူမနေနိုင်တော့၊ သူမ၏ message များကို ယူဖတ်လေ့ မရှိသော်လည်း စိုးရိမ်မှုကြောင့် ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ ယူဖတ်လိုက်မိသည်။

ဟာ…. တောက်! သူ တောက် ကျယ်လောင်စွာ တောက်ခေါက်လိုက်မိသည်။ စာထဲတွင် ရေးထားသည်က သူမကို လာမကြိုနိုင်တော့ကြောင်း၊ ထို့အတွက် တောင်းပန်သည့်အကြောင်းနှင့်၊ သူမအား မချစ်တော့သဖြင့် အဆက်အသွယ်မလုပ်တော့ရန် စသဖြင့်….။

=။=။=။=။=။=။=။=။=။=။=။=။=။=။

သူမူး နေသည်။ သူမလဲ မူးနေသည်ထင်သည်၊ နေ့ရက်ပေါင်းများစွာ အိပ်ရေးပျက်ခဲ့သောကြောင့်။ သူကတော့ အားမရှိသောကြောင့် ဖြစ်မည်ထင်သည်။ သူမ သူ့အား ဂရုမစိုက်ခဲ့သည်မှာ လနှင့် ချီနေပေပြီ။ ထိုတစ်ရက်မှစ၍…။ 

သူ့မှာ အင်အားသာ မရှိသည်မဟုတ်၊ လနှင့်ချီပြီး ခံစားခဲ့ရသည့် ရောဂါဝေဒနာများ…၊ သူမ အတွက်ယူကြူံးမရ ဖြစ်မှုများနှင့် သူမအား အကြောင်းးမဲ့ စွန့်ပစ်သွားသော သူမ၏ ချစ်သူဟောင်းကြောင့်၎င်း… အကြောင်းကြောင်းကြောင့်ပင်။ ထိုတစ်ရက်၏ နောက်ပိုင်းမှာ သူမအရူးတစ်ပိုင်း ဖြစ်ခဲ့ရသည်ကို သူအသိဆုံး၊ သူမ၏ အသဲစွဲဖြစ်သော သူ့ကိုပင် နံရံသို့ပစ်ပေါက်ခဲ့သည်။ သူ တော်တော် အထိနာခဲ့သည်၊ သေမတတ်…။ သို့သော် သူမအတွက် သူရှိမှ ဖြစ်မည်။ ဒီလို ပုံစံမျိုးနှင့် သူမကို သူစိတ်မချနိုင်ပါ။ ခုချိန်မှာ သူမအတွက် သူတစ်ယောက်သာလျှင် အားကိုးရာဖြစ်သည်ကို သူသိသည်။ အအိပ်အစား မမှန်သော သူမ၏မျက်နှာမှာ အရင်က ပုံရိပ် တစ်စိုးတစ်စဉ်းမှ မရှိ၊ ယခုအချိန် သူမကို တစ်စုံတစ်ယောက်ကများ မြင်လျှင် သစ္ဆေသရဲဟုများ ထင်ကြလေမလားမသိ။

ထိုစဉ် အရူးတစ်ယောက်၏ မျက်လုံးမျိုးဖြင့် သူ့ဆီသို့ သူမလာနေသည်၊ သူအပြုံးနှင့်  ကြိုဆိုနေလိုက်သည်။ သို့သော် သူ့အပြုံးကိုလဲ မမြင်သည့် အကြည့်မျိုးနှင့် ကြည့်ကာ နံပါတ်များကို တတောက်တောက် နှိပ်လိုက်သည်။ ကယောင်ခြောက်ခြား အပြုံးတစ်ခုက သူမမျက်နှာပေါ်မှာ တပ်ဆင်လျှက်..။ 

ထိုအခိုက် သူ့မျက်လုံးများ ရုတ်ချည်းပြာဝေသွားသည်။ သူမျက်လုံးများထဲတွင် မှောင်အတိ။ သူဘာမှ မမြင်ရတော့။ သူ့အသိတွေလဲ တဖြည်းဖြည်းေ၀၀ါးလာသည်။ မဖြစ်ဘူး.. ငါအိပ်သွားလို့ မဖြစ်ဘူး၊ သူမကို ငါစောက်ရှောက်ရဦးမယ်။ မအိပ်နဲ့ မအိပ်နဲ့……. ဟု သူ အတန်တန် အော်သော်လည်း အမှောင်ထုကြီးက ကြီးစိုးလျက်သား…။

=။=။=။=။=။=။=။=။=။=။=။=။=။=။

ဘုရားသခင်.. ငါ့ကိုမအိပ်ခိုင်းပါနဲ့၊ သူမကို ငါ စိတ်ချလို့…. အဖော်ပြုချင်သေးလို့ပါ..။

ငါ့အချစ်တွေ သူမကို ပြောပြချင်သေးလို့ပါကွာ…. . .  .    .      .


=။=။=။=။=။=။=။=။=။=။=။=။=။=။
ပုလဲဖြူဖြူ

User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
Tuesday, 10 November 2009 01:04