Home ၀တ္ထုတိုများ တိမ်ဖုံးသွားသော ငွေလမင်း
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1462
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9648
mod_vvisit_counterတစ်လအတွင်း25217
mod_vvisit_counterစုစုပေါင်6း56646
Join us in Facebook
Facebook Fanbox 1.5.x.0
တိမ်ဖုံးသွားသော ငွေလမင်း

Views : 3454    

Favoured : 56

Rating 4.2/5 (17 votes)



တိမ်ဖုံးသွားသော ငွေလမင်း
အိမ့်ချမ်းမြေ့


Thanlwin Ain Matအိမ်ရှေ့တံခါးကို သော့ဖွင့်ပြီး ဇော်ရှိန်း အိမ်ထဲဝင်လိုက်တော့ ညနေ ခြောက်နာရီထိုးလုပြီ။ အိမ်ခန်းထဲသို့ဝင် အင်္ကျီ အ၀တ်အစားများကိုလဲပြီး ကွန်ပြူတာခလုတ်ကို ဖွင့်လိုက်သည်။ ပြီးတော့ ဂျီတော့ခ်ထဲကို ၀င်ထားလိုက်ပြီး အိမ်ရှေ့ခန်းကို ဇော်ရှိန်း ပြန်ထွက်လာခဲ့သည်။ အိမ်ရှေ့ခန်းက အတော်အတန် ကျယ်ဝန်းပြီး မီးဖိုနှင့်ပါ တွဲနေသည်။ မနေ့ကတည်း ကချက်ထားသော ကြက်သားနှင့်အာလူးဟင်းကျန်အိုးကို ရေခဲသေတ္တာထဲမှထုတ်ပြီး မီးဖိုပေါ်သို့ တင်နွှေးထားလိုက်သည်။ ထမင်းကြမ်းကိုတော့ ပန်းကန်ထဲထည့်ပြီး မိုက်ခရိုဝေဖ်ထဲ နှစ်မိနစ်ခန့် ထည့်နွှေးထားလိုက်သည်။ ဇော်ရှိန်း ငှားထားသော တစ်ယောက်အိပ် အိမ်ခန်းက ရေ၊ မီး၊ တယ်လီဖုန်း၊ အင်တာနက်၊ အ၀တ်လျှော်စက်ဖိုး အကုန်အပြီးအစီးမှ တစ်လကို ဒေါ်လာ ငါးရာ့ငါးဆယ်ပေးရသည်။  သည်မြို့က ဆင်ခြေဖုံးရပ်ကွက်အချို့မှာ အိမ်ရှင်များက အိမ်အကြီးကြီးတွေကိုဆောက်သည့် အခါ ဇော်ရှိန်းတို့လို လူငှားများကို တင်ရန်အတွက် ရေချိုးခန်း၊ မီးဖိုများပါထည့်ပြီး အခန်းပိုများပါ တွဲပြီးဆောက်လေ့ ရှိကြသည်။ နှစ်ယောက်အိပ် အိမ်ခန်းများကို တစ်လဒေါ်လာ ရှစ်ရာခန့်ယူပြီး၊ တစ်ယောက်ခန်းများကို ဒေါ်လာငါးရာခန့်ယူလေ့ရှိသည်။ ကိုယ့်ဟာကိုယ် တိုက်ခန်းငှားနေမည်ဆိုပါက၊ တစ်ယောက်အိပ် တိုက်ခန်းတစ်ခုကိုပင် ရေမီး၊ တယ်လီဖုန်း မပါဘဲနှင့်ပင် ဒေါ်လာ ခုနှစ်ရာခန့် ပေးရမည်ဖြစ်၍ သည်လိုအိမ်မျိုးက သည်လိုအခန်းမျိုးမှာပဲ ဇော်ရှိန်း အခန်းငှားနေလိုက်သည်။

ဇော်ရှိန်း ထမင်းဟင်းများကိုနွှေးအပြီး ပန်းကန်ထဲတွင် ပုံလိုက်ကာ ထမင်းစားပွဲသေးသေးလေးတွင် ထိုင်မစားတော့ဘဲ ကွန်ပြူတာရှေ့သို့ ပန်းကန်ကိုယူကာ ထွက်လာခဲ့သည်။ ဂျီတော့ခ်ကို တစ်ချက်ကြည့်လိုက်တော့ သူမ ရောက်မလာသေး။ ခြောက်ကပ်ကပ် ဆီပြန်ဟင်းကျန်နှင့် ထမင်းတစ်လုပ်စားလိုက်၊ ကောင်းနိုးရာရာ ဆိုက်ဒ်များမှ သတင်းများ၊ ဘလော့ဂ်များကို ဖတ်လိုက်နှင့် သူမကို မျှော်နေမိသည်။

“ကိုကို”

စပီကာမှ တွမ် ဆိုသည့် အသံကလေးနှင့်အတူ ဖန်သားပြင်ပေါ်မှာ သူမ အမည်ဘေးက မီးလေး လင်းလာသည်။ ဇော်ရှိန်း ရင်ထဲမှာ နွေးထွေးသွားသည်။

“မျှော်လိုက်ရတာ လမင်းရယ်”

ဇော်ရှိန်း စာပြန်ရိုက်လိုက်သည်။

“ဆောရီးကိုကို၊ ဒီဘက်က လိုင်းတွေက သိပ်မကောင်းလို့”

“အရမ်းလွမ်းတာပဲ”

“မီးလဲ လွမ်းတယ်၊ ကိုကို အားရင် ဖုန်းခေါ်မလားဟင်”

“အင်း ခေါ်မယ်လေ”

စားလက်စ ထမင်းပန်းကန်ကို ချလိုက်ပြီး စားပွဲပေါ်က ဖုန်းကဒ် တစ်ခုကို ယူလိုက်သည်။ ပြီးတော့ နံပါတ်များကို နှိပ်လိုက်သည်။

“ဟလို… ကိုကို.. ကြားရလား”

“ကြားရတယ်၊ ပြော.. အဆင်ပြေလား၊ ကိုကို ငွေပို့လိုက်တာ ရပြီလား”

“အင်း ရပြီကိုကို၊ ကိုကို ဟိုတစ်ခါပို့ပေးတဲ့ ငွေနဲ့ ဒီဆဲလ်ဖုန်းဝယ်ပြီး အခု ဒီဆဲလ်ဖုန်းကို ငှား မလားလို့ ကိုကို၊ တစ်လကို ငါးသောင်းတောင်ရမယ် ကိုကိုရဲ့”

“ဘာဖြစ်လို့လဲ၊ လမင်း သုံးဖို့ ကိုကို ၀ယ်ပေးတာလေ”Thanlwin Ain Mat

“မဟုတ်ဘူးကိုကိုရဲ့၊ ငွေပိုလေးများ ထွက်လာမလားလို့ ငှားမှာ”

“အဲဒီတော့ လမင်းကို ကိုကို ဘယ်လိုဆက်သွယ်ရမှာလဲ”

“နောက်ဖုန်းတစ်လုံးတော့ လိုမယ် ထင်တယ်ကိုကို၊ လောလောဆယ်တော့ မလိုသေးပါဘူးလေ”

“ကိုကို တစ်နေ့က ပို့လိုက်တာကော”

“အဲဒါနဲ့ လောက်မယ် မထင်ဘူး ကိုကိုရဲ့”

“အင်းလေ.. ဒီကြားထဲ ဂျီတော့ခ်နဲ့ ပြောကြတာပေါ့၊ နောက်တော့ ကိုကိုကြည့်စီစဉ်ပါ့မယ်၊”

“အို.. ရပါတယ်ကိုကို၊ ချက်ချင်းကြီးတော့ မဟုတ်ပါဘူး။ အင်တာနက်ဆိုင်ကို လမင်း စက်ဘီးနဲ့ လာရတာတော့ နည်းနည်း ကသိကအောက်ဖြစ်ပေမယ့် ကိုကိုနဲ့ တွေ့ဖို့ပဲဟာ.. ဟင်းဟင်း”

“လမင်း.. ကိုကို လမင်းကိုလွမ်းတယ်”

“လမင်းလဲ လွမ်းတာပဲ ကိုကိုရယ်.. ဘယ်တော့ လာတွေ့မှာလဲဟင်”

“လာမှာပေါ့ လမင်းရယ်”

***************

အိမ်သော့ကို လှည့်ပိတ်ပြီး ခြံဝင်းထဲက လမ်းလျှောက်ထွက်လာသော ဇော်ရှိန်းတစ်ယောက် ဂျာကင်အကျီင်္အနက်ကို လည်ပင်းထိရောက်အောင် ဆွဲစိလိုက်သည်။ ဧပြီလထဲ ၀င်နေတာတောင်မှ အအေးဓာတ်က ပိုနေသေးသည်။ ခြံထဲမှာ အရောင်စုံပေါက်နေသော ပန်းပင်ပုပုလေးများကို တစ်ချက်ငုံ့ကြည့်ရင်း အကျီင်္အိတ်ထဲမှ ဆေးလိပ်နှင့် မီးခြစ်ကို ထုတ်ကာ အိမ်နားက ကားဂိတ်ဆီသို့ လမ်းလျှောက်လာခဲ့သည်။ အမှတ် ၃၆၆ကားက နာရီဝက်တစ်ခါ ရထားဘူတာသို့ ပြေးဆွဲနေကြ။ သည်အချိန်ဆို ဘူတာနားက ကော်ဖီဆိုင်မှာ သူငယ်ချင်းများ ရောက်နှင့်လောက်ပြီ။ ကားဂိတ်ရောက်သည်နှင့် အချိန်တိကျသော ဘတ်စ်ကားက ဂိတ်တိုင်တည့်တည့်မှာ ရပ်ပေးသည်။ ကားပေါ်တက်၊ ဒရိုင်ဘာကို လက်ထဲက ကဒ်ပြားပြပြီး အဆင်းပေါက်နားမှာ သွားထိုင်လိုက်သည်။ ဘတ်စ်ကားထဲမှာတော့ လူ လေးငါးယောက်ထက်မပို။

ကားက မှန်မှန်မောင်းနှင်နေသည်။ အပြင်မှာ ထင်းရှုးပင်တွေ တရိပ်ရိပ် ကျန်ခဲ့သည်။ ညက ဆည်းလည်းသံတမျှ သာယာ နာပျော်ဖွယ်သော လမင်း၏ အသံချိုချိုလေးတွေကို ပြန်ကြားယောင်နေမိပြီး တစ်ချက်ပြုံး လိုက်မိသည်။ အထီးကျန်သော ဇော်ရှိန်း ဘ၀ထဲမှာ သူမက တကယ်ကို လင်းလက် တောက်ပသောငွေလမင်း။ သူမ၏ ချစ်စဖွယ် မျက်နှာလေးကို စတွေ့တဲ့နေ့က အင်တာနက် ဆိုက်ဒ်တစ်ခုက ချက်တင်ခန်း တစ်ခုမှာ။ သူမနှင့် ညစဉ်လိုလို ချက်တင်ထိုင်ပြီး ဇော်ရှိန်းနှင့် သူမ သံယောဇဉ် ငြိတွယ်လာကြသည်။ ပညာတော်သင် ကျောင်းသူဘ၀မို့ အလုပ်လုပ်ပြီး လခမှန်မှန်ရနေသော ဇော်ရှိန်းလို ငွေပိုငွေလျှံသိပ်မကျန်သောသူမ၊ ဘ၀တက်လမ်းအတွက် ကြိုးစားနေသောသူမကို အသနားပိုပြီး ကျောင်းစာအုပ်ဖိုး၊ အ၀တ်အစားဖိုး စသဖြင့်အကြောင်းပြကာ ဇော်ရှိန်းငွေပို့ပေးခဲ့သည်။ သူမကလဲ မငြင်းခဲ့။ သူမ ကျောင်းပြီးသွားပြီး မြန်မာပြည်ပြန်ကာ မိခင်ဝန်ကြီးငှာန တစ်ခုမှာ အလုပ်ဝင်လုပ်သည်အထိ သူမနှင့်ဇော်ရှိန်းတို့ သံယောဇဉ်က ခိုင်မြဲနေဆဲ။ တစ်နေ့တော့ ဇော်ရှိန်း ဘ၀ထဲကို ငွေလမင်းကို ထာဝရအဖော်အဖြစ် ခေါ်လာရန် ဇော်ရှိန်း စိတ်ကူးထားသည်။ ဇော်ရှိန်း အတွေးလွန်ပြီး ကားက ရထားဘူတာရုံနား ရောက်လာသည်မို့ ကားပေါ်မှ ကတိုက်ကရိုက် ဆင်းလိုက်သည်။ ရထား ဘူတာရုံနားက ကော်ဖီဆိုင်ကို ရောက်တော့ သူငယ်ချင်းတွေ ရောက်နှင့်နေပြီ။

“နောက်ကျတယ်ကွာ”

အုပ်စိုးက ဆီးပြီးပြောသည်။

“အေး ညက ညဉ်နက်သွားလို့”

“ဘာလဲ.. ကောင်မလေးနဲ့ ချက်တင်းလား”

“မဟုတ်ပါဘူးကွာ.. ဖုန်းပြောတာ မနက်လေးနာရီထိုးသွားတယ်”

“ဟာ… သေရချည်ရဲ့ကွာ.. ဖုန်းဖိုးတွေ”

“အေး.. ဂျီတော့ခ်က ကောင်းကောင်းမကြားရဘူး”

“မင်းနဲ့ အရင်ထဲကသိတာလား”

မျိုးနိုင်က ကော်ဖီခွက်ကို မ လိုက်ရင်းမေးသည်။

“အွန်လိုင်း ဟေ့ကောင်ရေ... အွန်လိုင်း”

အုပ်စိုးက ၀င်ဖြေသည်။

ဇော်ရှိန်း ဂျာကင်ကို ခုံမှာချိတ်လိုက်ပြီး ကော်ဖီမှာရန် ကောင်တာဘက်ကို ထွက်လာခဲ့သည်။ လာတေးတစ်ခွက်ကိုလက်က ကိုင်ပြီး စားပွဲကို ပြန်လာတော့ မျိုးနိုင်က ပြုံးစစ လုပ်နေသည်။

“မိုက်လှချည်လား ဟေ့ကောင်… ကြာပြီဆို၊ လုပ်စမ်းပါဦးကွာ”

“အုပ်စိုး .. မင်းကတော့ မျိုးနိုင်ကို အကုန်ဖောက်သယ်ချနေတာပဲ”

လာတေးမွှေးမွှေးလေးကို ဇော်ရှိန်း နှုတ်ခမ်းမှာတေ့ရင်း အုပ်စိုးကို ပြောလိုက်သည်။

“တစ်လ တစ်လ ငွေဘယ်လောက်ပို့သလဲပါ ပြောပြလိုက်လေ”

အုပ်စိုးက အချိုမုန့်လုံးတစ်လုံးကို ပါးစပ်ထဲထည့်လိုက်ပြီး ဇော်ရှိန်းကို စူးစူးရဲရဲကြည့်ကာ ပြောလိုက်သည်။

“ဟိုက်ရှားပါး” မျိုးနိုင် ပါးစပ်ဟ သွားသည်။

“ထားပါကွာ… ငါ့စေတနာပါ၊ ငါသူ့ဆီက ဘာမှ မမျှော်လင့်ဘူး”

ထိုနေ့က ဇော်ရှိန်းတို့ဝိုင်းမှာ စီးပွားရေးကပ်အကြောင်း၊ အလုပ်အကိုင်များ လျော့ပါးလာသည့်အကြောင်းများ၊ ကျင်းပတော့မည့် မြန်မာ့သင်္ကြန်ပွဲ အကြောင်းပါမက ဇော်ရှိန်း၏ ငွေလမင်းအကြောင်းတို့နှင့် စည်ကားနေသည်။ တစ်ကယ်တော့ ဇော်ရှိန်း၊ အုပ်စိုးနှင့် မျိုးနိုင်တို့တွေ အားလုံးက မြန်မာပြည်မှပညာတတ်များ ဖြစ်ကြသော်လည်း၊ ရောက်ရှိနေသည့်တိုင်းပြည်၊ အခြေအနေ၊ အချိန်အခါပေါ်မူတည်ပြီး ကြုံရာစက်ရုံတွေမှာ အလုပ်ဝင်လုပ်နေကြရသူများဖြစ်သည်။ ဇော်ရှိန်းကတော့ ကျောက်ပြားစက်ရုံတွင် နာရီစား အလုပ်သမားအဖြစ် အလုပ်ဝင် လုပ်နေသည်။ မျိုးနိုင်ကတော့ ဆူရှီ ဆိုင်မှာ မနက်ခြောက်နာရီလောက်မှ ညဆယ့်တစ်နာရီလောက်ထိ ဆူရှီလိပ်နေပြီး၊ အုပ်စိုးကတော့ သဘောင်္ကျင်းမှာ သံချေးခွာ၊ ဆေးသုတ် စသည့် တောက်တိုမယ်ရ အလုပ်များဖြင့် ကိုယ်စီ အသက်မွေးဝမ်းကျောင်း ပြုနေကြသည်။ ထိုနေ့က စကားဝိုင်းအပြီး ဆိုင်ရှေ့မှာ လမ်းခွဲကြစဉ်က ဇော်ရှိန်းက အုပ်စိုးနားကို ကပ်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

Thanlwin Ain Mat“အုပ်စိုး.. ငါ့ကို လေးဆယ်လောက် ခဏချေးပါကွာ”

“ မင်းကို ဟိုတစ်ခါကလဲ တစ်ရာပေးပြီးပြီ”

“ခဏပါကွာ.. ငါ လခထုတ်ရင်ပြန်ပေးမယ်”

“မင်း သိပ်လွန်ပြီထင်တယ် ဟေ့ကောင်… ကြည့်လုပ်ဦး၊ ကောင်မလေးကို ဖို့တာ ဖို့တာပေါ့ကွာ၊ ကောင်မလေးဆီကျတော့ ဟိုနေ့က ဒေါ်လာသုံးထောင်လွှဲလိုက်တယ်ဆို”

“အေး.. အဲဒါကြောင့် လက်လွန်သွားလို့ မကျန်ဘူးဖြစ်သွားလို့ကွာ”

“မင်းကွာ… ကဲ ရော့ရော့”

အုပ်စိုးက အိတ်ထဲမှ ဒေါ်လာ ငွေလေးဆယ်ထုတ်ပြီး ဇော်ရှိန်းလက်ထဲသို့ ထည့်ပေးလိုက်သည်။



***************

“ကိုကို”

“ပြော လမင်း”

“ကိုကို ဟိုနေ့က ပို့လိုက်တဲ့ ငွေကို စက်မှုဇုံက ထုတ်တဲ့ ထရပ်ကား အသေးတစ်စင်း ၀ယ်တဲ့အထဲ ဖြည့်ထဲ့ပြီး ၀ယ်လိုက်တယ်သိလား၊ ပြီးတော့ နေ့လည်ဆို ကျောင်းကား၊ ညဆို ကာရာအိုကေက မိန်းကလေးတွေအတွက် ဖယ်ရီကားအနေနဲ့ သုံးထားလိုက်တယ်၊ တစ်လ သုံးသိန်းတောင် ရတယ်ကိုကိုရဲ့၊ ကိုကို ၀မ်းသာအောင် ပြောပြတာ”

“အင်း ကောင်းပါတယ်၊ လမင်း ကြိုက်တာလုပ်ပါ၊ လမင်းပျော်ဖို့ အဓိက” ဇော်ရှိန်းသက်ပြင်းရှိုက်ပြီး ပြောလိုက်သည်။

“ဒီမိုးမကျခင်လေ လမင်းတို့ အိမ်ကို အုတ်တက်မလားလို့ ကိုကိုရယ်၊ မိုးမကျခင်တော့ လုပ်ချင်တယ် ကိုကိုရဲ့”

“အင်း ကိုကိုကြည့် လုပ်ပေးပါ့မယ်”

“အို.. ကိုကို့ ကို ပူဆာတာ မဟုတ်ပါဘူး၊ ပြောပြတာပါနော်။ လမင်းရဲ့ လခလေး နှစ်ပြားတစ်ပဲနဲ့က မလောက်လို့ပါကိုကိုရဲ့”

“အင်းအင်း”

***************

“မင်းဟာ နွားလုံးလုံးဖြစ်နေပြီ ဇော်ရှိန်း”

ကော်ဖီခွက်ကို စားပွဲပေါ်ကို ခပ်ကြမ်းကြမ်း ဆောင့်ချရင်း အုပ်စိုးပြောလိုက်သည်။

“မင်း သိပ်လွန်နေပြီထင်တယ်၊ ငါတို့လို နိုင်ငံခြားမှာ အလုပ်ထွက် လုပ်သူတွေဟာ လက်ထဲမှာ ငွေသီးပြီး ရွှေတွင်းပေါ်မှာထိုင်နေတာမဟုတ်ဘူး၊ အထူးသဖြင့် ငါတို့လိုကောင်တွေက အသေရုန်းနေရတာ၊ ငွေဆိုတာ ဘယ်တော့မှ အလကားမရဘူး၊ ဟိုမှာက လုပ်တတ်ရင်၊ အရင်းအနှီးကောင်းရင်၊ အဆက်အသွယ်ရှိရင်၊ ဂွင်ကောင်းကောင်းမိရင် လက်ညိုးလေးတစ်ချက်လှုပ်တာနဲ့ ငွေဝင်အောင်ဖန်တီးနိုင်တယ်၊ ဒီမှာမရဘူး ဟေ့ကောင်ရ၊ မင်းတစ်နေကုန် မတစ်ထောင်သား လူကြမ်းတွေနဲ့ တွဲအလုပ်လုပ်ရတာ၊ ကျောက်ပြားတွေတစ်နေကုန် “မ” နေရတာကိုလဲ အားနာဦး၊ ” အုပ်စိုးက မကျေမချမ်းဆက်ပြောသည်။

“ဟိုမှာ ငတ်တဲ့လူတွေ ပိုငတ်ပါတယ်ကွာ၊ ကောင်မလေးက တစ်ကယ်လိုအပ်နေတယ်နဲ့တူပါတယ်”

မျိုးနိုင်က ဖေးဖေးမမ ၀င်ပြောသည်။

“တစ်ကယ်ငတ်နေသူတွေကို ပြောနေတာမဟုတ်ဘူး၊ ဒီမိန်းမဟာ ဒါလားငတ်နေတာကွာ၊ ပထမဆဲလ်ဖုန်း၊ ပြီးတော့ကား၊ ပြီးတော့ အိမ်အုတ်တက်ဦးမယ်၊ မင်းဟာ နွားကျလွန်းနေတာကို ငါပြောနေတာ၊ မင်း ဒီမှာ အသေလုပ်နေပြီး ကိုယ်ပိုင်ကားတောင် ၀ယ်မစီးနိုင်သေးဘူး၊ ဘက်စ်ကားနဲ့ အလုပ်သွားနေရတယ်၊ တိုက်ခန်းတစ်ခန်းတောင် မပိုင်သေးဘူး၊ ဟိုက သူ့ရဲ့ အခွင့်အလမ်းကို အပြည့်သုံးနေတာ၊ မင်း အခုလိုအိမ်လခတွေ အလကားပေးနေမယ့် အစား ငွေစုပြီး တိုက်ခန်းဝယ်လို့ရတယ်၊ ဒေါ်လာ နှစ်ထောင်လောက်နဲ့ ကိုးဆယ့် ငါးမော်ဒယ် တပတ်ရစ် တိုယိုတာတစ်စင်း ဆွဲလိုက်လို့ရတယ်၊ ကုန်ကုန်ပြောရရင် ဘဏ်ကငွေချေးပြီးတောင် ဘွဲ့တွေ ထပ်ယူလို့ရရဲ့သားနဲ့ ကိုယ့်အခွင့်အလမ်းတွေကို ရေမျှောပစ်နေတာပဲ။ မင်းလိုရင် မင်းရဲ့ ငွေလမင်း ဘယ်နှစ်ပြားပို့ပေးမလဲ ငါကြည့်ချင်သေးတယ်”

“ဟေ့ကောင်.. အုပ်စိုး၊ ဘာလဲ .. မင်းဆီက ငါလှည့်လှည့်သုံးနေလို့ မင်းက ဒီလိုတွေပြောနေတာလား၊ မင်းပြောသလိုတွေ မင်းလုပ်နိုင်လို့ ငါ့ကိုဆရာကြီးလာလုပ်နေတာလား” ဇော်ရှိန်းထောင်းကနဲ တစ်ချက်ဖြစ်သွားသည်။

“တော်ပြီကွာ…၊ပြောလဲ ကျွဲရှေ့စောင်းတီးပြတာကမှ ဟုတ်ဦးမယ်”

အုပ်စိုး ဆံပင်ကို သပ်ပြီး စိတ်ပျက်စွာခေါင်းယမ်းကာ လမ်းပေါ်က ကားများကို ငေးကြည့်နေသည်။

“မင်းနဲ့ မင်းရဲ့လမင်းတို့ ယူကြမှာလား” မျိုးနိုင်က ၀င်မေးသည်။

“ယူဖို့နေနေသာသာ မြင်တောင်မြင်ဖူးကြသေးတာမဟုတ်ဘူး၊ အွန်လိုင်းပေါ်ကဟာကွာ” အုပ်စိုးက ရှုးရှုးရှားရှား ၀င်ဖြေသည်။

“နေစမ်းပါဦးကွာ အုပ်စိုး၊ စိတ်အေးအေးထားပါ မင်းကလဲ၊ မမြင်ဖူးဘဲ အွန်လိုင်းမှာတွေ့ပြီး တစ်ကယ်ချစ်လို့ယူသွားတာတွေ တပုံကြီးပါကွာ” မျိုးနိုင်က လေသံအေးအေးနှင့် ၀င်ထိန်းသည်။

“ကောင်မလေးကို သွားတွေ့မှာလား” မျိုးနိုင်က ဇော်ရှိန်းကိုမေးသည်။

“ငါ ပြန်ဖို့ ငွေမရှိဘူး၊ သံရုံးအခွန်ဆောင်ဖို့၊ ပါစ်ပို့သက်တမ်းတိုးဖို့တွေ တစ်ပြားမှကို မရှိတာ” ဇော်ရှိန်း မျိုးနိုင်ကိုကြည့်ပြီးဖြေလိုက်သည်။

အုပ်စိုးကော မျိုးနိုင်ပါ သက်ပြင်းချလိုက်ကြသည်။ အပြင်ဘက်မှာ နေရောင်က ဖျော့တော့စွာ ကျနေသည်။ ညနေခင်းငှက်တို့ အတောင်ပံခတ်နေကြသည်။ ထိုနေ့ညနေခင်းက အုပ်စိုးထံမှ ဇော်ရှိန်း ဒေါ်လာငွေနှစ်ဆယ်ယူပြီး ထွက်ခွာသွားသည့်အချိန်ထိ အုပ်စိုးနှင့် မျိုးနိုင် စကား အခြေအတင်ပြောရင်း ကျန်ခဲ့သည်။

“ဘယ်နှယ့်ကွာ၊ ဒီမိန်းမဟာ စားနေကျ ကြောင်ဖားနဲ့တူပါတယ်။ ဒီအရွယ်အထိ တစ်ကိုယ်ထဲနေနေပြီး ဒီလိုမျိုး ဘယ်နှစ်ယောက်ဆီက လှည့်စားနေလဲမသိဘူး”

“အုပ်စိုး၊ မင်းစကားကြည့်ပြောပါကွာ၊ ကောင်မလေးက တစ်ကယ်ရိုးရိုးသားသားနဲ့ ဇော်ရှိန်းကိုချစ်ပြီး အားကိုးတာလဲ ဖြစ်ကောင်းဖြစ်မှာပါ၊ ငါတို့ ဆရာကလဲ ကောင်မလေးရှေ့မှာ သူဋ္ဌေးဂိုက်ဖမ်းနေလားမှ မသိတာ”

“ကောင်မလေး မဟုတ်ဘူး၊ အသက် ဘယ်လောက်လဲ မေးကြည့်လိုက်ဦး။ ငါတို့ ကောင်လို အွန်လိုင်းပေါ်က နွားဘယ်နှစ်ကောင်ကို နဖားကြိုးတပ်ထားလဲ မပြောနိုင်ဘူး”

“ဇော်ရှိန်းဘက်က မင်းနာမှန်းသိပေမယ့် ကောင်မလေးဘက်က တစ်ကယ်စစ်မှန်ရင် မင်းစကားတွေလွန်မယ် အုပ်စိုး”

***************

“ဘာ ကိုကို၊ ကိုကိုက သူငယ်ချင်းတွေဆီက ငွေချေးပြီး လမင်းကိုလာတွေ့မယ်.. ဟုတ်လား”

“ကိုကို ငွေလိုရင် ဒီလိုပဲ သူတို့ဆီက လှည့်သုံးနေကျ လမင်းရဲ့၊ သူတို့ လိုလဲ ကိုကိုပေးနေကျ”

“ကိုကို.. ကိုယ့်အားကိုယ်ကိုးစမ်းပါ ကိုကိုရယ်၊ ဒီလိုမျိုး သူများကိုအားကိုးရတာ သိပ်ရှက်စရာကောင်းတယ် ကိုကိုရဲ့”

“ဟာ.. လမင်း.. ကိုကို ကိုယ့်အားကိုယ်ကိုးလို့ မင်းလိုသမျှ ဖြည့်ဆည်းပေးနေတာလေ”

“မဟုတ်ဘူးကိုကို၊ ကိုယ့်ငွေကို ကိုယ်စနစ်တကျ မသုံးလို့ ခုလို ချေးရတဲ့ အဆင့်ထိရောက်တာ၊ အဲဒါ ကိုကိုသိရဲ့လား”

“ဒီမှာလမင်း.. အဲဒီငွေတွေ ဘယ်ရောက်ကုန်လဲ မင်းသိလား”

“တော်ပြီကိုကို၊ ဘာလဲ ကိုကိုက လမင်းကို အပြစ်တင်ချင်နေတာလား၊ ကိုကို့ဆီကလဲ လမင်းဘာမှ မလိုချင်တော့ဘူး”

“လမင်း.. မင်းငါ့ကို နေထိုင်ကောင်းရဲ့လား၊ အလုပ်အကိုင်အဆင်ပြေလားရယ်လို့ ဘယ်နှစ်ခါစိတ်ပူသလဲ၊ မင်း လိုချင်တာပဲ မင်းသိတယ်၊ အခု ငါ အလုပ်မှာ ကျောက်ပြားတွေ “မ” ရတဲ့ ဒဏ်ကြောင့် ခါးနာနေလို့ ဆရာဝန်က ဆေးလက်မှတ်နဲ့ နားခိုင်းထားတယ်၊ အဲဒါမင်းသိလား လမင်း”

“ဟင်.. ကိုကို၊ ဘယ်တုန်းက ဖြစ်တာလဲ၊ အခု ဘာဆက်လုပ်ကြမလဲ”

“တစ်လနီးပါးရှိပြီလမင်း၊ လောလောဆယ်တော့ ဆရာဝန်လက်မှတ်ကြောင့် လစာအပြည့်ရနေသေးတယ်။ တစ်ကယ်လို့ လုံးဝဆက်မလုပ်နိုင်တော့လို့ အလုပ်ပြုတ်ရင် အစိုးရဆီကနေ ထောက်ပံ့ကြေး တစ်နှစ်ရမယ်၊ အာမခံငွေလိုမျိုး။ ကျောင်းတက်ဖို့လဲ အစိုးရက ထောက်ပံ့တယ်။ အဲဒါနဲ့ သင်တန်းတစ်ခုခုတက်ပြီး၊ ထမင်းစားလက်မှတ် တစ်ခုခုယူ၊ ပြီးတော့ အလုပ်နောက်တစ်ခု ရှာရမှာပေါ့။ လောလောဆယ်တော့ ဆရာဝန်က သုံးလ နားခိုင်းထားတယ်”

“ဟင်.. အလုပ်နားမယ်၊ ပြုတ်ခဲ့ရင်လည်း ကျောင်းတက်မယ်၊ ဟုတ်လား ကိုကို၊ ဟို.. ဟို..လေ အာမခံငွေတွေက ဘယ်လောက်ရမှာလဲ”

“အိမ်လခ၊ စားစရိတ် လောက်ရုံပဲရမှာ”

“ဒါဆို ကိုကို့ ၀င်ငွေက အရမ်းနည်းသွားပြီပေါ့”

“အင်း.. ဟုတ်တယ်၊ အခုလဲ သိပ်ရှိတာမဟုတ်ဘူးလေ၊ အစိုးရဆီက အာမခံငွေယူမယ်ဆိုရင်လည်း ခရီးထွက်ဖို့က မလွယ်တော့ မယူခင်၊ ဆေးခွင့်ရတုန်း သူငယ်ချင်းတွေဆီက ငွေချေးပြီး လမင်းကို လာတွေ့ချင်တာ”

“ဟင်.. မလာပါနဲ့ဦး ကိုကိုရယ်၊ နားနားနေနေသာနေပါ”

“ဘာ… လမင်း၊ မလာနဲ့ဦးဟုတ်လား၊ လမင်းပဲ ကိုကို့ကို လာပါလို့ တဖွဖွပြောခဲ့တာ မဟုတ်ဘူးလား”

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုကိုနေကောင်းတော့မှ အလုပ်တစ်ခုခုရှာလို့ရမှ၊ အေးအေးဆေးဆေးဖြစ်မှ လာပါလား၊ ကျောင်းလဲဘာလို့ပြန်တက်မလဲ၊ အချိန်တွေ နှမြောစရာ၊ တခြားသက်သာတဲ့ အလုပ်ရှာပါလား ကိုကိုရယ်၊ သူများဆီက ငွေလှည့်သုံးတယ်ဆိုတာ သိပ်ရှက်စရာကောင်းတာ ကိုကိုရဲ့”

***************

သည်ခုံတန်းမှာ ထိုင်နေတာကြာပြီဖြစ်၍ ဇော်ရှိန်းခါးက ပိုပြီးနာလာသည်။ ကောင်းကင်မှာ လမင်းကထိန်ထိန်သာနေသည်။ ဆေးလိပ်ငွေ့တွေ လေထဲမှတဆင့် ထင်းရှုးပင်ထိပ်သို့ ဝေ့၀ဲတက်သွားသည်ကို ဇော်ရှိန်း မော့ကြည့်နေမိသည်။ ဇော်ရှိန်းထိုင်နေသော ခုံတန်းပေါ်သို့ ထင်းရှုးသီးလေး ဖောက်ကနဲ ကြွေကျလာသည်။ ခါးက တစစ်စစ်နာနေသည်ကို အံကြိတ်ထားရင်း လမင်းကို မော့ကြည့်နေမိစဉ် တိမ်မဲညိုတစ်အုပ်က တဖြည်းဖြည်း ရွေ့လျားလာက လမင်းကို ရုတ်တရက် ဖုံးကွယ်သွားပါတော့သည်။
အိမ့်ချမ်းမြေ့
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 12 of 12 comments

1. 20-06-2010 00:04

တိမ်ဖုံးသွားသော ငွေလမင်း
ဖတ်လဲပြီးေ ရာ 
လူလဲမောရော ဘဲ
Guest
ဖြူ

2. 01-05-2010 21:08

မျက်မမြင် အချစ်
မမြင်ရပဲ ချစ်နိုင်တာကိုတော့ ချီးကျူးမိ ပါတယ် 
ဒါပေမယ့်ပေါ့လေ
Guest
khincholinn

3. 19-09-2009 19:03

အရမ်းကောင်းပါတယ်မမ
အထူးသဖြင့် ယောက်ကျားေ လးတွေကအပြောကောင်းတာကိုကြိုက်တတ်ကြလို့ဒီလိုဇြစ်တာပေါ့နော်...မမ 
ဒါပေမဲ့...ကြာရင်တောသံေ ယာဇဉ်ဇြစ်သွားတတ်ကြတယ်နော်...ပြီး တော့ကိုယ်အ ပေါ်အရမ်းကောင်းနေရင်ချစ်သွားရမှာပေါ့နော်... .ဒီလိုအသည် မာတဲ့မိန် ကလေးကိုတေ့ အံသြမိတယ မမ....သူလည်း နေ့အချစ်န့ တွေရင်နေ င်တ 
တွေရနေမှာပါ...ဒါပေမဲ့ လွန်ခဲ့ပြီ လေ.....ကောင်ေးကိုတော့အ မ်းသနားမိါတယ်မမ..ညီ လေးလည်းကေ င်လေးနေရှာာခံစားရဖးတော့အရမ်ံစားရပါတယ မမ....
Guest
henny

4. 30-08-2009 23:30

ကြိုက်ပါတယ်ဗျာ
တစ်ကယ်ကြို က်ပါတယ်ဗျာ
Guest
သိုး

5. 16-07-2009 04:39

very good
အချစ်ကို ကစားစရာတစ် ခုလို သဘောထား အင်တာနက်ကို အချစ်ရှာဖွေရေးသမားကြီးလို အသုံးချနေသူတွေအတွက် အကောင်းဆုံးပညာပေးဝတ္ထုလေးပါ အစ်မရေ..
Guest
ကိုသန့်စင်

6. 23-04-2009 21:49

အချစ်..အချစ်...အချစ်
"ခါးက တစစ်စစ်နာေ နသည်ကို အံကြိတ်ထား ရင်း လမင်းကို မော့ကြည့်ေ နမိစဉ် တိမ်မဲညိုတ စ်အုပ်က တဖြည်းဖြည်း ရွေ့လျားလာ က လမင်းကို ရုတ်တရက် ဖုံးကွယ်သွားပါတော့သည်။" ဒီနေရာ အကောင်းဆုံးပဲ..ဇာတ်သိးသွားတာေါ့နော်။ခု ခတ်မှာ ကောင်လေးတွေက လူလည်တွေများတာမို့ ဒီလိုဖြစ်မဲ့ဇာတ်လမ်း မျိုး အရမ်းရှားသွားပြီထင်ပါတယ် အစ်မလေးရယ် ။ သြော်.မေ့ေ လို့မိတ်ဆ်ပါရစေ။ ကျွန်တော်က မိတ်ဆွေအသစ်လေးပါ...ခင် တတ်ပါတယ်။ေ ကာင်းသောနေ့ လေးဖြစ်ပါ စေဗျာ။
Guest
NLA

7. 22-04-2009 20:57

အားရတယ်
စိတ်ပျော့တ့ဲ စိတ်ကူးရင် သမားတွေမှာ အတွေ့ရများ ပါတယ် သူတို့က စကားချိုချိုလေးတွေ ကြိုက်တယ်ေ လ အပြင်က တကယ့်ရီးစား ကတော့ စေတနာ အရင်းခံရင် ဘယ်သိတ်ချိုနိုင်မလဲ ကိုယ်ဘူးလို့ သို့ ကိုယ်ရူးလို့ ကိုခံရတာမို့ အားရစရာပါ ကောင်းတယ် ဝမ်:သာတယ် 
ဪ စိတ်အပါလွန်ပြီ: တကယ့်အဖြစ် မတ်သွားလို့  ဟဲ ကောင်းလိုက်တဲ့ဝထ္ကုလေး 
 
ခရေဖြူ :p
Guest
khayayphyu

8. 22-04-2009 07:30

မြန်မာ့ အွန်လိုင်းလောက
အိုင်အာရ်စီ ဆာဗာ ကိုပါ လုပ်ဖူးတဲ့ ကျွန်တော့အ တွက်တော့ ဘ၀ပျက်ပြီး ကိုယ့်ကိုကိုယ် ရောင်းစားတဲ့အနေထားရောက်သွားတဲ့ မြန်မာမလေး တွေ၊ အရက်တွေမူး လွန်ပြီး 
ယောကျာင်္းသားငါးယောက်ေ လာက်နဲ့ တစ်နေရာထဲ တစ်ချိန်ထဲ အိပ်လိုက်ရ တဲ့ မိန်းကလေးေ တွအကြောင်း ကိုပါ သိခဲ့ပါတယ်  
ဒါတွေကို သင်ခန်းစာ ယူလို့ရအော င် အခုနောက်ပိုင်းတော့ အမြဲပြောဖြ စ်ပါတယ် 
မလေး ဒါကို ဒီထက်ပို သိအောင်ရေး ပေးစေချင်ပါတယ်ဗျာ
Guest
Tiver who live@ peacock's dead

9. 21-04-2009 18:41

လူအချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါ
ရင်မောပြီး တကယ် ကျန်ခဲ့တယ် . ပညာပေးလေးအ နေနဲ့ ရော ရသအနေနဲ့ပါ တကယ်ပဲ ကြိုက်နှစ် သက်မိပါတယ် ။ သင်ခန်းစာယူစရာပါ :( လူအချင်းချ င်း လှည့်ပတ်ချ င်း ကင်းရှင်ြး ကပါစေလို့ပဲ ...
Guest
MelodyMaung

10. 21-04-2009 17:44

သင်ခန်းစာယူစရာပါ
အစ်မရဲ့ ၀တ္ထုလေးဖတ် ပြီး အွန်လိုင်း ပေါ်ကနေ အလှည့်စားခံနေရတဲ့သူေ တွ ဘယ်လောက်များ ရှိနေပြီလဲ လို့ တွေးမိတယ်.. အချစ်စစ် အချစ်မှန်ကို ရှားရှားပါးပါး ရှာတွေ့သွားကြသူတွေလဲ ရှိပါလိမ့် မယ်.. ဘာပဲဖြစ်ဖြ စ် သင်ခန်းစာယူစရာ အသိတွေပေးတဲ့ ၀တ္ထုလေးမို့  ကြိုက်တယ် အစ်မရေ..။
Guest
ဆုဝေ

11. 21-04-2009 13:29

ဖူးးးးးးးးးးးးးးးးးး....
အားပါးပါး... . 
 
ဇာတ်လမ်းလေးလည်းဆုံးေ ရာ လူလည်း ရင်မောပြီး ကျန်ခဲ့တယ် . 
ဖတ်ရတာ တကယ်ကို ထိသွားတယ်ဗျာ.... 
 
အဲလိုပြောေ တာ့လည်း ဘေးဘီကြည့် ရသေး... တော်ကြာ တိုက်ဆိုင် နေလို့လားဆိုပြီး မေးငေါ့ပြေ နရင် ဒုက္ခ.. 
ခုတောင် ဒီကော်မန့် ရေးရတာ ညာဖက်မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်... (ဟုတ်တယ်. တစ်ဖက်တည်း လှုပ်တာ. စတိုင်လ်လေ ) 
 
နောက်တီးနောက်တောက်လု ပ်တာ သိပ်မကြိုက်တဲ့ မလေးကို ကျွန်တော် ဒီတစ်ခါတော့  ဂျန်းတဲလ်မ န်းလိုပဲ အိုပီနီယမ် လေးပေးလိုက်တော့မယ်. 
 
ပညာပေးလေးအ နေနဲ့ ရေးသွားတဲ့ မအိမ့်ချမ်းမြေ့ရဲ့ ပို့စ်လေးကို ကျွန်တော်အ ထူးပဲ ကြ
Guest
Yan

12. 21-04-2009 11:35

ဖြစ်ရက်လေ
မလေးရေ ...... ဒီဝထ္ထုတိုေ လးကို ဖတ်ပြီး လက်တွေမှာ ဒါမျိုးရှိ တယ်ဆိုတာ ရောင် လက်ခံတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရောင်နေတဲ့ အိမ်မှာ ဟိုအရင်က ကောင်မလေးတ ယောက်နဲ့ ထပ်တူပဲ။ သူ့ကောင်လေးက ဟောင်ကောင် က၊ သူကတော့ အခုမြန်မာကို ပြန်သွားပါ ပြီ။ ဒီလိုမျိုး တွေရှိလို့ လဲ အွန်လိုင်း က အချစ်ကို မယုံကြတော့ တာပေါ့။ ဒါပေမယ့် တကယ့် အချစ်စစ် အချစ်မှန်ေ တွလည်း ရှိကြပါတယ် ။ 
 
လေးစာလျှက်  
မေတ္တာရောင် ပြန်
Guest
မေတ္တာရောင်ပြန်

Display 12 of 12 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Sunday, 12 April 2009 02:34