Home ကဗျာများ ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1413
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း4907
mod_vvisit_counterတစ်လအတွင်း20476
mod_vvisit_counterစုစုပေါင်6း51905
Join us in Facebook
Facebook Fanbox 1.5.x.0
ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ

Views : 1700    

Favoured : 30

Rating 3.4/5 (11 votes)

ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ

မနှစ်က ဒဏ်ရာဟောင်းတွေကို သယ်ပိုးရင်း
မချိပြုံးပြုံးနေရှာတဲ့ ဧရာဝတီရဲ့ရင်ခွင်ကို
ညင်ညင်သာသာ တိုးဝင်လိုက်တယ်
မင်းစပါးကျီတွေ ပြည့်ရဲ့လား
ဆားကွင်းတွေ ကျုံးချိန်တန်ပြီလား
ရေလုပ်ငန်းတွေ အထိအမိကောင်းရဲ့လား
မုတ်သုန်အသစ်ကို ရင်ဆိုင်ဖို့
ဒိုင်းတစ်လက် ဓားတစ်ချောင်းနဲ့
အားကောင်းမောင်းသန်
နာလံထလာပြီလား ဧရာဝတီရယ်…
မြစ်ကြောင်းတလျှောက်က
မော်တော်တစ်စင်းရဲ့ ဥသြသံကလွဲလို့
တိတ်ဆိတ်မှုသာ အကြောင်းပြန်လာတယ်
ဧရာဝတီက မှိုင်းပြာမှုန်ဝေ
ငြိမ်သက်မှုတွေပဲ တလိပ်လိပ်အုံ့ဆိုင်းတက်လာတယ်
လှိုင်းဂယက်ကလေးတွေ ရှိုက်ကာ ရှိုက်ကာ
သူ့ခမျာ ပြောမထွက်ရှာဘူး
နှစ်သစ်ရဲ့ ဟိုမှာဘက်က
လှမ်းမြင်နေရတဲ့ မေဦးမိုးက
သူ့ကို ညည လန့်အော်နိုးစေတယ်
အဲဒီမှောင်မိုက်ညတွေထဲက
အသံတွေ သဏ္ဍန်တွေ အနံ့တွေ အတွေ့တွေဟာ
အခုထိ သွေးလေခြောက်ခြားနေစေတုန်းပဲ
တူးပို့တူးပို့က သူ့ရင်ခုန်သံတွေကို ဆောင့်တယ်
သင်္ကြန်ရေချိုတစ်ခွက်ဟာ သူ့အတွက်
မက်မက်စက်စက် သောက်မျိုချစရာ ၀မ်းစာ
လက်ဆေးမိုးဖွဲကလေးကိုတောင် မျက်တောင်မခတ်
မသင်္ကာမှုတွေနဲ့ အံတုနေမိတဲ့အဖြစ်
တန်ခူးရဲ့နွေခရီး ပြီးဆုံးသွားမှာ
ကြောက်လန့်တကြား စိုးရိမ်နေရတဲ့ဘ၀မှာ
ပွဲတော်ဟာ ပျော်စရာ ဟုတ်နိုင်ပါဦးမလား
ငါ့ရင်ဘတ်တွေ အောင့်လာတယ် ဧရာဝတီ …
နွေညရဲ့ချွေးစက်တွေ ခြောက်သွေ့သွားစေဖို့
ဒီရေကြောမှာ မျောရင်း မျက်တောင်စင်းလို့
တဒင်္ဂဖြစ်ဖြစ် အေးမြ သက်သာသွားရအောင်
တန်ခူးလေအေးသွေးလို့ မင်းကို ဖြည်းဖြည်းချော့သိပ်လိုက်ချင်ပါရဲ့ကွယ်။

ပန်ဒိုရာ
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 3 of 3 comments

1. 29-04-2009 00:54

ကျေးဇူးပါ
ဧရာဝတီကို သတင်းမေးတဲ့ ကဗျာလေးထဲ မှာ 
ကဗျာဆရာရဲ့ ဧရာဝတီကိုချစ်စိတ်...  
ဗေဒါရီ စီစီစိမ်းေ နပေမယ့်  
မမပန်ရေ မုန်တိုင်း သံကြားမှာ 
ဧရာဝတီဟာ ချောက်ချား နေဆဲပါ 
 
ခင်မင်လေးစားစွာဖြင့်
Guest
မိုးလှိုင်ည

2. 23-04-2009 10:58

Thanks for ur precious poem
Hi sister, 
 
I like all of your poems, novels . 
You are a good writer.
Guest
Cheras

3. 22-04-2009 19:20

comment
ကောင်းပါ့ဗျား ဧရာဝတီကို အကုန်လုံးပါအောင်ရေးနိုင်တယ်။
Guest
tut tut

Display 3 of 3 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Friday, 10 April 2009 23:17