Home ၀တ္ထုတိုများ အိုဘယ့် ခြင်္သေ့မြို့တော်
08 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1523
mod_vvisit_counterမနေ့က3494
mod_vvisit_counterတစ်ပတ်အတွင်း5017
mod_vvisit_counterတစ်လအတွင်း20586
mod_vvisit_counterစုစုပေါင်6း52015
Join us in Facebook
Facebook Fanbox 1.5.x.0
အိုဘယ့် ခြင်္သေ့မြို့တော်

Views : 4311    

Favoured : 58

Rating 4.2/5 (33 votes)

အိုဘယ့် ခြင်္သေ့မြို့တော်
 
ဇင်ကိုလတ်
 
“တီ တီ တီ တီ Door Closing”
ကိုလတ်တစ်ယောက် မြို့ပတ် ရထားပေါ်ရောက်ချိန်တွင် လွတ်နေသော ထိုင်ခုံတစ်နေရာစာသို့ ၀င် ထိုင်လိုက်ရင်း လက်ကိုင်ကွန်ပျူတာကို ဖွင့်လို့ အင်တာနက်မှ သတင်းများ၌ ယခုလပိုင်းအတွင်း အမြဲပါနေသော သတင်းတစ်ပုဒ်ကို ဖတ်မိလေ၏။ ထိုသတင်းမှာ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ Harddisk ထုတ်လုပ်သော Seagate ကုမ္ပဏီတွင် ခန့်ထားရန် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။

ရုံးဆင်းချိန်ဖြစ်သောကြောင့် ရထားပေါ်ရှိ ခုံတိုင်းတွင် လူအပြည့် ပါရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတ်တပ်ရပ်၍ စီးနှင်းလိုက်ပါရန်မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြို့ပတ်ရထားကော်မတီ၏ ကျေးဇူးကြောင့် လူတိုင်းသက်တောင့်သက်သာ စီးနှင်း လိုက်ပါနိုင်ရန် ခုံအရေအတွက်နှင့် လူအရေအတွက် ကိုက်ညီသောအချိန်တွင် ရထားတံခါးများသည် သူ့အလိုလို ပိတ်သွားခြင်းကြောင့် ဖြစ်သည်။ သတင်းများကို ဖတ်ပြီး ကြော်ငြာများကို တစ်ချက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော လယ်ယာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးအလုပ်ကြော်ငြာများတွင် မြန်မာနိုင်ငံသားများအတွက်သာဟု ပါရှိပြီး တနေကုန်တနေခန်းမတ်တတ်ရပ်၍ လုပ်ရသော၊ သို့မဟုတ် ထိုင်၍လုပ်ရသော နေ့ဆိုင်းညဆိုင်းရှိသည့် အလုပ်များဖြစ်သည့် စက်ရုံများ၊ ရုံးအလုပ်ကြော်ငြာများတွင်တော့ နိုင်ငံခြားသားများလျှောက်ထားနိုင်သည်ဟု ပါရှိသည်။ နိုင်ငံခြားသားများဆိုရာတွင် ကိုယ်ပိုင်သယံဇာတမထွက်သော၊ မြေနေရာအလွန်ကျဉ်းသော စင်္ကာပူနိုင်ငံမှ စင်္ကာပူလူမျိုးများ ထိပ်ဆုံးမှ ပါရှိ၏။

စင်္ကာပူနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၊ အာရှမှာပါမက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကမောက်ကမတွေဖြစ်ခဲ့ရ၍ ထိုအထဲတွင် အခြေအနေအဆိုးရွားဆုံးဒါဏ်ခံရသည်မှာ စင်္ကာပူနိုင်ငံပင် ဖြစ်လေသည်။ စီးပွားပျက်ကပ်ကြောင့် ချွတ်ချုံကျနေသော နိုင်ငံများသည် မိမိတို့နိုင်ငံသားများအတွက် အရင်ဦးဆုံး စဉ်းစားကြရလေသည်။ အစစအရာရာ ဈေးကြီးလှသော ထိုအချိန်က နိုင်ငံသားများ အလုပ်လက်မဲ့မဖြစ်ရေး၊ အစာရေစာလောက်လောက်ငှငှရှိရေးနှင့် ရေမီး နှစ်ဆယ့်လေးနာရီရရှိရေး ကြိုးပမ်းနေချိန်တွင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းထွက် အစားအစာ၊ ရေ၊ မီးစသည်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမရှိတော့ပဲ ပြည်တွင်းတွင် စွမ်းအင်လောင်စာရရှိရေးအတွက် ဦးစားပေးစဉ်းစားနေကြသောကြောင့် အစစအရာရာ ပြည်ပနိုင်ငံများကို အားကိုးနေရသော စင်္ကာပူနိုင်ငံသည် အဆုံးရွားဆုံးအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ယောက် ရေးသားထုတ်ဝေထားသော ပထမကမ္ဘာမှ တတိယကမ္ဘာသို့၊ “အိုဘယ့် ခြင်္သေ့မြို့တော်”ဆိုသည့် စင်္ကာပူနိုင်ငံအကြောင်းရေးသားထားသော စာအုပ်မှာတော့ စင်္ကာပူနိုင်ငံပျက်သုန်းခြင်းအကြောင်းများကို

(၁) စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဟု လူသိများသော ဘိုးဘိုးလီမရှိတော့သည့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း အားနည်းလာခဲ့ပြီး စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လည်းကောင်း။
(၂) နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရဟူသော ဥပဒေနှင့်အတူ စစ်တပ်အတွက် အသုံးပြုသော ငွေကြေးပမာဏမှာ ပညာရေး၊ ကျန်းမာရေးများထက် အဆများစွာသာလွန်နေသောကြောင့် လည်းကောင်း။
(၃) ဘိုးဘိုးလီရှိစဉ်ကတည်းက ကျင့်သုံးလာခဲ့သော အယောင်ဆောင်ပါတီစုံရွေးကောက်ပွဲများနှင့် လူ့အခွင့်အရေး နည်းပါးမှုများကြောင့်လည်းကောင်း။
(၄) နိုင်ငံကောင်းကျိုးအတွက် လိုအပ်သော ပညာတတ်များ အခြားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်သောအခါဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှုပြဿနာများကြောင့်လည်းကောင်း။
(၅) ရေ၊ မီး မမှန်သောကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း။
(၆) နိုင်ငံသားများ၏ လစာများမှ လစဉ်စုဆောင်းငွေ(CPF)များကိုလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှ ပြန်လည်ကယ်တင်နိုင်ရန် ကြိုးစားရင်း စုံးစုံးမြှုပ်သွားခြင်းကြောင့်လည်းကောင်း။
(၇) စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများအဖြစ် နိုင်ငံတကာ၏ ဖိအားပေးပိတ်ဆို့မှုများကြောင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော Integrated Resort(IR)မှာ အလုပ်မဖြစ်ခြင်းကြောင့်လည်းကောင်း။
စသည့်အချက် ၇ချက်ကို အခြေအမြစ်ကျကျ လေ့လာဆွေးနွေးချက်များနှင့် တင်ပြထား၏။

ထိုအချက်များသာမကပဲ စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာလည်း နောက်ဆုံးဖွင့်လှစ်သော Singapore Flyerကြီး မကြာခဏစက်ချွတ်ယွင်းမှုကြောင့်လည်းကောင်း၊ Sentosa၊ Underwater worldတို့ထက်ကောင်းသော အပန်းဖြေစရာများသည် အရှေ့တောင်အာရှနိုင်ငံတော်တော်များများတွင် တည်ရှိခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများ၏ အဓိက စိတ်ဝင်စားမှုများမှာ ပိရမစ်များ၊ တရုတ်မဟာတံတိုင်းကြီး၊ အန်ကောဝပ်ကျောင်းတော်၊ မြန်မာနိုင်ငံမှ ပုဂံဘုရားများ၊ ဥရောပမှ ရှေးဟောင်းနန်းတော်များ ဖြစ်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြေအနေတဖြည်းဖြည်း ဆိုးရွားလာခဲ့၏။

ဤကဲ့သို့ စင်္ကာပူနိုင်ငံ၏အခြေအနေ စတင်ဆိုးရွားချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးချိန်နှင့် တိုက်ဆိုင်ခဲ့၏။ ထိုအချိန်က မြန်မာနိုင်ငံသည် မည့်သည့်စတော့ရှယ်ယာ ဈေးကွက်တွင်မှ ပါဝင်မှုမရှိခြင်း၊ ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အဆက်အဆံမရှိခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်တွင်မပါဝင်ခဲ့ပေ။ သို့သော် ထိုအချက်သည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရန်အတွက် အဓိကကျသော အချက်မဟုတ်ပေ။ မြန်မာနိုင်ငံပြောင်းလဲခြင်းအတွက် အရေးပါသော အချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေချနေထိုင်ကြသော ပညာတတ်မြန်မာနိုင်ငံသားများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ထိုဒီမိုကရေစီစနစ်နှင့်အတူ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုသည် တစ်သွေးတည်း၊ တစ်သားတည်း နေ့မအား၊ ညမအားကြိုးစားခဲ့ခြင်းကြောင့်သာ ယခုမြန်မာနိုင်ငံသည် ဤအခြေအနေသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။ ပြန်လည်ရောက်ရှိလာခဲ့သော လူများတွင် ကိုလတ်တို့လို စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကြုံရာကျပန်းလုပ်ကိုင်ခဲ့ကြသော မြန်မာများ၊ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ပညာများသင်ယူခဲ့သော ပညာတတ်မြန်မာလူငယ်များလည်း ပါဝင်လေသည်။

ကိုလတ်တို့ စင်္ကာပူတွင် ရှိစဉ်က တစ်ရက်ကို စင်္ကာပူဒေါ်လာ ၁၇ဒေါ်လာသာ ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံရှိမိသားစုကို ပြန်ပို့ရန် မဆိုထားနှင့် တစ်ကိုယ်ရည်သုံးစွဲရန်တောင် အနိုင်နိုင်ပင်။ ထိုကြားထဲ စင်္ကာပူတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခကလည်း လတိုင်းဖြတ်သေးသည်။ ယခုမြန်မာနိုင်ငံရှိပွဲစားများမှာ အလုပ်သမားများထံမှ ပွဲစားခ တစ်ပြားမှမယူပဲ ကုမ္ပဏီများနှင့် နိုင်ငံတော်အစိုးရထံမှ အခကြေးငွေများကိုသာ လက်ခံကြသည်။ ကိုလတ်စင်္ကာပူတွင် နေထိုင်ခဲ့စဉ်က စိတ်အညစ်ဆုံးမှာ သွားရေးလာရေးနှင့် နေထိုင်ရေးပင်ဖြစ်သည်။ သွားရေးလာရေးတွင် အားထားစရာဖြစ်သော SMRTမှာ ရုံးတက်ရုံးဆင်းချိန်တွင် အမြဲပြည့်ကြပ်နေတတ်ပြီး နေထိုင်ရသော HDBအခန်းများမှာလည်း ယခုမြန်မာပြည်တွင်နေထိုင်လျှက်ရှိသော အိမ်နှင့်စာလျှင် အသက်ရှုတော်တော်ကြပ်လေသည်။ ယခုနေထိုင်သော အိမ်မှာ ပေ၅၀ပတ်လည် ခြံဝန်းပေါ်တွင် ၂ထပ်လုံးချင်းတိုက်လေးဖြင့် နေခြင်းဖြစ်၏။

“တီ တီ တီ တီ Next Stop တောင်ဥက္ကလာပ”

တောင်ဥက္ကလာပ ဘူတာရုံသို့ ရောက်သောအချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ လူအများနှင့် စည်ကားနေသည်။

“Nasi Lemark, Nasi Lemark နရာချပ်၊ နရာချပ်၊ Mee Poh, Mee Poh Also နရာချပ်၊ နရာချပ်”

အိမ်အပြန်လမ်းပေါ်ရှိ လမ်းဘေးဆိုင်များတွင် ညဖက်ပိုက်ဆံအပိုလေး ရရန် အလုပ်လုပ်နေကြရရှာသော စင်္ကာပူနိုင်ငံမှ တရုတ်လူမျိုးများကို တွေ့ရသည်။ အင်း Nasi Lamark ပူပူ နွေးနွေးလေး၊ အိမ်က သားနဲ့ သမီးအတွက် တစ်ခုခုတော့ ၀ယ်သွားဦးမှပဲ။ “One Nasi Lemark and one Hokkien Mee, take away” ဆိုပြီး အိတ်ကပ်ထဲမှ လေးရာကျပ်ထုတ်ပေးလိုက်သည်။
 
“ငါတို့ စင်္ကာပူမှာဆိုရင် အစားအသောက်တွေကို ပြည်ပနိုင်ငံတွေကပဲ တင်သွင်းရတော့ ဘယ်မှာ လတ်ဆတ်မှာလဲ။ ဒီမှာကတော့ ကန်စွန်းခင်းထဲကနေ တစ်ခါတည်းခူးပြီး ဟင်းထဲထည့်ချက်တာ။ စင်္ကာပူကို အဓိက စိတ်ကုန်တာကတော့ မီးပျက်တာပဲကွ။ မီးပျက်လို့ ရေကျတော့ ရှိလားဆိုတော့လည်း မရှိဘူး။ အစိုးရကတော့ သုံးပြီးသားရေတွေကို NEWaterဆိုပြီး Recycleအကြိမ်ကြိမ်လုပ်ရင်းနဲ့ နောက်ဆုံး ReNEWaterဆိုပြီးတောင် ဖြစ်နေပြီ။ ငါတို့ကတော့ ရွံ့လို့ မသောက်နိုင်ဘူးဟေ့။ နိုင်ငံတစ်နိုင်ငံမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီးမှ မှန်မှန်ရအောင် မလုပ်ပေးနိုင်တာ အုပ်ချုပ်တဲ့ သောက်အစိုးရကိုပဲ အပြစ်တင်ရမယ်နဲ့တူတယ်။ ပြီးတော့ ဒီမှာက လေကောင်းလေသန့်လည်း ရတယ်။ ငါတို့ နေတဲ့ မှော်ဘီဖက်က အိမ်မျိုး ငါ့ဒီတစ်သက် စင်္ကာပူမှာဆို နေနိုင်မယ်တောင် ထင်တာမဟုတ်ဘူး။ အခုလာမယ့် တရုတ်နှစ်ကူးမှာ စင်္ကာပူကို မပြန်ပဲ ငါ့မိသားစုကို မြန်မာနိုင်ငံခေါ်ပြီး Reunionညစာကို အိမ်နောက်ဖေးက ကွပ်ပြစ်လေးမှာ စားမလားမှတ်တယ်ကွာ”လို့ စင်္ကာပူလူမျိုးတွေ မြန်မာပြည်မှာ နေရတာကြိုက်ကြတယ်ဆိုတဲ့အကြောင်းကို အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ စင်္ကာပူလူမျိုးတစ်ယောက်က ဤကဲ့သို့ ပြောပြသည်။ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းလာသော လူအများစုသည် မြန်မာများနေထိုင်သော မြို့ထဲရှိအိမ်များတွင် မနေနိုင်သောကြောင့် မှော်ဘီ၊ ထောက်ကြံ့စသော ရန်ကုန်နှင့် မနီးမဝေးနေရာများတွင် အဓိကနေထိုင်ကြသည်။

အိမ်ပြန်ရောက်တော့ ကိုလတ်၏ သမီးက အပြေးထွက်လာပြီး ကြိုလို့ မိန်းမကတော့ မီးဖိုချောင်တွင် ဟင်းချက်နေရာမှနေ၍ “မောင် ပြန်လာပြီလား၊ အိမ်ရှေ့က သံပရာပင်က သံပရာသီးတစ်လုံးခူးလာခဲ့၊ စားပွဲပေါ်မှာ သကြားနဲ့ ဆားခပ်ထားတဲ့ ရေခဲရေခွက် အဆင်သင့်ပဲ၊ တခါတည်း ညှစ်ပြီး သံပရာရည် အေးအေးလေးသောက်လိုက်”လို့ လှမ်းအော်ဖော်ရသည်။ သံပရာရည် အေးအေးလေး သောက်လိုက်ရင်း အမောဖြေကာ သားကို လှမ်းကြည့်လိုက်တော့ ကိုလတ် စင်္ကာပူတွင် ရိုက်ခဲ့သော ဓါတ်ပုံများကို ကွန်ပျူတာနှင့် ကြည့်နေတာကို တွေ့ရသည်။ စင်္ကာပူမြစ်ဘေးရှိ Merlionရုပ်ကြီးကို နောက်ခံထားပြီး ရိုက်ထားသောပုံ၊ Fullertonဟိုတယ်အရှေ့တွင် ရိုက်ထားသောပုံ၊ Esplanadeလို့ ခေါ်တဲ့ ဒူးရင်းသီးကပွဲရုံကြီးဘေးမှာ ရိုက်ထားတဲ့ပုံတွေ။ Esplanadeဆိုမှ သတိရသည်။ ဟိုတလောက စင်္ကာပူက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ အီးမေးလ်မှာ Esplanadeမှာ လာပြမယ့် ပြပွဲတွေ မရှိတော့လို့ အခု ကပွဲရုံမဟုတ်တော့တဲ့အကြောင်း၊ အဲဒီအောက်မှာ ဒူးရင်းသီး အရောင်းဆိုင်တွေနဲ့ အရမ်းကို စည်ကားနေတဲ့အကြောင်းတွေကို ဖတ်လိုက်ရသည်။ သားနဲ့ သမီးက သူတို့အဖေရုန်းကန်ခဲ့ရတဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံကို သွားလည်ချင်ကြသည်။ အင်း . . . ကလေးတွေကို တစ်ခါလောက်တော့ ခေါ်သွားဦးမှ၊ ဒါပေမယ့် ဟိုမှာက ရာသီဥတုကမမှန်၊ နေပူလိုက်၊ မိုးရွာလိုက်နဲ့၊ MRTနဲ့ Busတွေဆိုလည်း အခုနောက်ပိုင်း အဲယားကွန်းမဖွင့်နိုင်တော့ ဒီအတိုင်း အလုံပိတ်ကြီး စီးလို့ ဖြစ်ပါ့မလား၊ ပူစပ်ပူလောင်နဲ့ ဟိုတယ်မှာ မီးပျက်တာတွေ ငါ့ကလေးတွေ ခံနိုင်ပါ့မလား။ အဆိုးဆုံးကတော့ လမ်းဘေးဝဲယာက တချုံးချုံးတချိန်းချိန်းနဲ့ ခုတ်မောင်းနေတဲ့ မီးစက်သံတွေပဲ။ ဆိုပြီး ကလေးတွေအတွက် တွေးပူမိသေးသည်။ အင်း ဘာပဲဖြစ်ဖြစ် စင်္ကာပူကို တစ်ခေါက်လောက်တော့ ပြန်သွားချင်သေးသည်။ ကိုလတ်တို့လို စင်္ကာပူရောက်မြန်မာတွေ တွေ့ဆုံခဲ့ကြသော ပန်နီဇူလားပလာဇာကြီးကို အဓိက ပြန်သွားချင်တာဖြစ်သည်။ အခုအချိန်မှာ မြန်မာဆိုင်များ မရှိတော့ပေ။ ထိုအဆောက်အအုံကြီးကို မြန်မာအစိုးရက ၀ယ်ခဲ့၍ မြန်မာနိုင်ငံသားများ စင်္ကာပူတွင် အလုပ်လုပ်ခဲ့ကြရပုံများကို အမှတ်တရပြသလို့ထားသည်။ အဲဒီအဆောက်အအုံကိုလည်း နာမည်ပြောင်းထားလိုက်ပြီ။ Peninsula Myanmar Museumတဲ့လေ။ ကဲ . . . ။
ဇင်ကိုလတ်

ဝန်ခံချက်။        ။ စာရေးဆရာမင်းလူ၏ နှလုံးသား ၃၈၀/၅၄ ၀တ္ထုတို စာအုပ်ကို ဖတ်မိပြီး ဤအကြောင်းရေးချင်စိတ်ပေါ်၍ ရေးသားထားခြင်းဖြစ်ပါသည်။
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 13 of 13 comments

1. 09-09-2009 01:23

ကရောင်ခြောက်ရှားအိမ်မက်
ကိုလတ်သတင်းစာဗျို့...... ..........
Guest
အေးချယ်ရီ

2. 16-04-2009 12:30

အိုဘယ့် မြန်မာ
အဲလိုသာ တကယ်ဖြစ်လိုက်ရင် အရမ်းကောင်းမှာပဲနော် . . .
Guest
hnin

3. 05-04-2009 02:09

ဒါဟာတကယ်လား
:grin :zzz  
တစ်နေ.တော.ြ စ်လာမှာပါ :cry
Guest
tzo

4. 03-04-2009 22:13

hoping!!!!!!!!
very good writing..i like it.. 
i also hope as your story...oneday.. 
may be.. :grin
Guest
yadanar

5. 08-03-2009 22:17

stupid
i think you are day dreaming :grin
Guest
aa

6. 25-02-2009 02:47

Good
:grin :roll :eek Very very good short story. i like your writing style.
Guest
Ei

7. 21-02-2009 12:38

dreaming
[i][b][i]har har. :p  
very nice. i like it. i hope so. anyhow ur wife and kids are so clever. go ahead !!! please write some more like this post. :zzz [/i][/b][/i]
Guest
wint

8. 10-02-2009 23:13

Once more
Magnificent! 
Please write with very creative idea like this article. 
Welcome!!!
Guest
app

9. 30-01-2009 15:14

အိုဘယ့် ခြင်္သေ့မြို့တော်
:p  
Very good post. 
You are supernatural guy.
Guest
Cheras

10. 27-01-2009 01:02

နာသိပြီ
extra G/F? ဘယ်နှယောက် ရှိလို့လဲ ကိုစည်သူ :x
Guest
ခရေဖြူ

11. 26-01-2009 23:54

တီ .. တီ .. တီ ..
တီ .. တီ .. တီ .. စင်္ကာပူနိုင်ငံ၏ နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများ အား အလယ်ဒဂုံမြို့သစ်တွင် အထူးကယ်ဆယ် ရေးစခန်းဖွ င့်လှစ် စောင့်ရှော က်လျှက်ရှိ ကြောင်း .. :p
Guest
ကိုဖြိုး

12. 26-01-2009 12:18

Oppos!
Oppos ! got wife and two kids ???!! :zzz
Guest
aquarius

13. 21-01-2009 23:23

What can I say!!!
စည်သူ 
I know you are busy with your job and extra G/Fs. :grin But pls write regularly. I want to see more from someone like you who can write Satire.  
Can you pls forget your extra G/Fs for a moment?  
8)
Guest
Ko Nay Lin

Display 13 of 13 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Friday, 16 January 2009 21:03