Home ပေးစာ ညီလေးရေ (၅)
19 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1347
mod_vvisit_counterမနေ့က1268
mod_vvisit_counterတစ်ပတ်အတွင်း1347
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း2865
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2883272
Join us in Facebook
Facebook Fanbox 1.5.x.0
ညီလေးရေ (၅)

Views : 1566    

Favoured : 88

Share


ညီလေးရေ (၅)
နေဘုန်းလတ်

ညီလေးရေ

မင်း အလုပ်များနေတဲ့ အကြောင်းကြားရတဲ့အတွက် ၀မ်းသာပါတယ်။ ငါဖတ်ဖူးတဲ့ စာတစ်ကြောင်းရှိတယ်။ " Societies are not destroyed so much by activities of reacals but by the inactivity of good people." တဲ့။ “လူ့အဖွဲ့အစည်းတွေ အလွန်အကျွံ ပျက်စီးရတာက လူဆိုးလူမိုက်တွေရဲ့ လုပ်ရပ်ကြောင့် မဟုတ်ဘဲ လူတော်လူကောင်းတွေ တက်ကြွစွာနဲ့ အလုပ်မလုပ်ကြလို့ ဖြစ်တယ်” တဲ့။ မှန်သင့်သလောက်မှန်တယ်လို့ ငါကတော့ ထင်တာပဲ။ ငါတို့ဆီမှာက နားနားနေနေ အေးရာအေးကြောင်းတွေ များနေသလိုပဲ။ အကန့်အသတ်ရှိတဲ့ အခြေအနေတစ်ခုထဲမှာ အဲဒီကန့်သတ်မှုတွေ ကြားထဲကနေ ဘာတွေလုပ်နိုင်မလဲဆိုတာကို မစဉ်းစားဘဲ.. ဆင်ခြေတွေ လိုက်ရှာနေကြတဲ့သူတွေကို စိတ်ပျက်စရာကောင်းလောက်အောင် တွေ့နေရတယ်။ အချိန်ကာလနဲ့ နေရာဒေသ (Time and Space) ရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို မခံဘဲ လုပ်နိုင်တာတွေကို ရှာဖွေပြီး ကြိုးစားလုပ်ကိုင်နေရတာက နဲနဲခက်တယ်လေ..။ ဆင်ခြေဆင်လက်တွေနဲ့ ရေပက်မ၀င်အောင် ကိုယ့်ကိုကိုယ်ကာကွယ်ရတဲ့ အလုပ်က ပိုလွယ်နေလို့များလားလို့ ငါစဉ်းစားမိတယ်။www.thanlwin.com ထားပါ..။ ဒါက စိတ်အစာမကြေမှုတွေများစွာကြားထဲက တစ်ခုသော အကြောင်းအရာပေါ့။

မင်းကို ငါ တကယ်ပြောချင်နေတာက ပို့ စ်မော်ဒန် (Post modern) စာပေရေးသားမှု ပုံသဏ္ဍာန်ရဲ့ အသွင်အပြင် တစ်ခုဖြစ်တဲ့ “ဗဟိုချက်ကင်းမဲ့ခြင်း”( Decentralization) အကြောင်းပါ။ မင်းကို ပြောပြရတာ.. သိထား၊ တွေးထားတာတွေ မျှဝေရတာ ကျွဲပါးစောင်းတီးမဖြစ်ဘူးဆိုတာကိုတော့ ငါ ယုံကြည်ပါတယ်။ ဒါပေမယ့် မိကျောင်းကို ရေကူးသင်ပေးသလို ဖြစ်နေမယ် ဆိုရင်တော့လဲ Revision ပြန်တယ်လို့ သဘောထားပြီး သည်းခံဖတ်လိုက်ပေါ့ သူငယ်ချင်းရာ။ ပို့စ်မော်ဒန် ခေတ်ထဲမှာ စီးမျောပျော်ဝင်မနေဘဲ ခေတ်နဲ့ နဲနဲအလှမ်းဝေးနေကြတဲ့ အချို့လူတွေက Decentralization ကို အထိန်းအကွပ်မဲ့တယ်၊ ဗရမ်းဗတာ ဖြစ်တယ် ၊ မင်းမဲ့စရိုက်ဖြစ်တယ် ဆိုပြီး ပြောနေကြ၊ ရေးနေကြတာတွေကို ကြားနေ ဖတ်နေရတယ်။ အဲဒီလို ပြောနေ၊ ရေးနေကြတာတွေဟာ သေချာ မလေ့လာ ထားလို့၊ သေချာ နားမလည်ကြသေးလို့ပဲလို့ ငါထင်တယ်လေ ။ ငါ မင်းကို ပုံနှစ်ပုံ ဆွဲပြမယ်။


ပုံ (၁)
                                                                                                                                                  ပုံ (၂)

ဒုတိယပုံဟာ Decentralization ပဲ ငါ့ညီ။ အထိန်းအကွပ် မဲ့ခြင်း၊ မမဲ့ခြင်း၊ ဗရမ်းဗတာ ဖြစ်ခြင်း မဖြစ်ခြင်း ဆိုတာတွေကို အပြန်အလှန် ခိုင်မာသော www.thanlwin.comချိတ်ဆက်ထားမှုရှိခြင်း မရှိခြင်းက အဆုံးအဖြတ်ပေးတယ်ဆိုတာ ပုံကို ကြည့်ရုံနဲ့ မင်းသဘောပေါက်နိုင်မှာပါ။ ပထမပုံမှာတော့ C နဲ့ အခြားလက်အောက်ခံလေးတွေပဲ ချိတ်ဆက်မှု ရှိထားရုံသာမက C ကို ပြန်သွားတဲ့ Feedback တွေကလဲ မှိန်နေတာကို မင်း တွေ့ရလိမ့်မယ်။ 1,2,3,4 တို့ရဲ့ အပြန်အလှန် ချိတ်ဆက်ထားမှုလဲ မရှိတဲ့အတွက် တစ်ဖွဲ့ရဲ့လုပ်ရပ်ဟာ တစ်ဖွဲ့ကို အကျိုးပြုနိုင်ဖို့ ခဲယဉ်းသွားတယ်။

ဒုတိယပုံစံမှာတော့ C က center နေရာကို ယူမထားတော့ဘဲ သူသည်ပင်လျှင် အခြား အစုအဖွဲ့တစ်ခု သဘောမျိုးပဲ ဖြစ်သွားတယ်။ မင်းသေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ဒုတိယပုံစံမှာ ချိတ်ဆက်မှုတစ်ခု ပြတ်သွားရုံနဲ့ အစုအဖွဲ့ တစ်ခုဟာ ကွဲထွက်မသွားဘူးဆိုတာကို တွေ့နိုင်တယ်။ 1 နဲ့ 4 ချိတ်ဆက်မှု ပြတ်နေရင်တောင် 1 ဟာ 2,3,5 တို့နဲ့ ချိတ်နေတုန်းဖြစ်တဲ့အတွက် ဒီအ၀န်းအ၀ိုင်းကနေ ကွဲထွက်မသွားတော့ဘူး။ ပထမပုံစံမှာဆိုရင် 1 ဟာ C နဲ့ ချိန်ဆက်မှု ပြတ်ပြီဆိုတာနဲ့ သူက လွတ်ထွက်သွားပြီး သူ့ကို ထိန်းကွပ်ဖို့ ခက်သွားပြီ။ ဒုတိယ ပုံစံတစ်ခု အားကောင်းမောင်းသန်ဖြစ်ဖို့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်း တွေရဲ့ ခိုင်မာမှု၊ မြန်ဆန်မှု၊ ယုံကြည်စိတ်ချရမှုတွေက အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေတယ်။ အဲဒီလမ်းကြောင်းတွေကနေတဆင့် Data Sharing အချက်အလက် မျှဝေခြင်း၊ Idea Sharing စိတ်ကူးမျှဝေခြင်း၊ Interaction အပြန်အလှန် အကျိုးသက်ရောက်မှုဖြစ်စေခြင်း၊ Collaboration ပူးပေါင်းဆောင်ရွက်ခြင်း စတာတွေကို အကောင်အထည် ဖော်နိုင်တယ်။

ဥပမာကွာ.. ဒေသတစ်ခုမှာ သဘာဝဘေးအန္တရာယ် တစ်ခုခုကြောင့် ဒေသခံတွေ ဒုက္ခရောက်ကြပြီး ကူညီဖို့လိုအပ်လာပြီဆိုကြပါစို့။ အကူအညီလိုအပ်နေတဲ့နေရာတွေက ကဏ္ဍစုံမှာ ရှိနေမှာပဲ။ နေရေး ထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး ၊ စိတ်ဓာတ်မြှင့်တင်ရေး စသည်ဖြင့်ပေါ့..။ အဲဒီအချိန်မှာ အရေးကိစ္စတစ်ခုချင်းစီနဲ့ဆိုင်တဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ့်အပိုင်းကိုယ် နိုင်သလောက် ကြိုးစားကူညီနေရင်းနဲ့ တပြိုင်နက်မှာပဲ အဲဒီအဖွဲ့အစည်း အချင်းချင်းသာ Network ချိတ်ထားနိုင်မယ်ဆိုရင် အပြန်အလှန် အကျိုးသက်ရောက်မှုတစ်ခု ပေါ်လာပြီး ကူညီထောက်ပံ့ရေးတွေမှာ ပိုပြီး www.thanlwin.comအားကောင်းထိရောက်လာမှာ အသေအချာပဲ။ ထမင်းငတ်နေတဲ့သူကို တတ်နိုင်သလောက် တစ်နပ်စာ သွားကျွေးပြီး နောက်နေ့တွေ ငတ်သေချင်လဲ သေပစေလို့ သဘောထားတာမျိုးဟာ အဲဒီလူကို ကူညီတယ်ဆိုတာထက် အာသာပြေ အလှူဒါန လုပ်တယ်လို့ဆိုရမှာပဲ။ နေထိုင်ရေးအတွက် အကူအညီပေးတဲ့အဖွဲ့က ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်မယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆောင်ရွက်နိုင်တာတွေ ရှိနိုင်တယ်။ ပညာရေးဆိုင်ရာအကူအညီပေးတဲ့အဖွဲ့တွေရဲ့ Data အချက်အလက်တွေကို စိတ်ဓာတ်မြှင့်တင်ရေးလုပ်နေသူတွေက အဆင်သင့်ယူသုံးနိုင်ရင် လုပ်ငန်းပိုချောမွေ့မယ်။ ကျန်းမာရေးအဖွဲ့တွေရဲ့  ကျန်းမာရေးအမြင်နဲ့ ကြည့်တဲ့ Idea တွေကို စားဝတ်နေရေးအတွက် ဆောင်ရွက်ပေးနေသူတွေရဲ့  Idea တွေထဲမှာ ပေါင်းထည့်စဉ်းစားနိုင်ရင်လဲ ပိုအကျိုးရှိတယ်။ အဲဒီ လိုမျိုးပေါ့ကွာ..။

ဆွေးနွေးမယ်ဆိုရင်တော့ ဆွေးနွေးစရာတွေ အများကြီးပေါ့။ အိုဘားမား common ground ရည်ရွယ်ချက်တူဖို့ကတော့ အရေးအကြီးဆုံး အချက်ပေါ့ကွာ။ ငါရေးပြတာတွေက မင်းသိပြီးသားဆိုရင်လဲ အခြားမသိသေးဘူးလို့ ထင်တဲ့သူတွေကို လက်ဆင့်ကမ်းပြောပြလိုက်ပေါ့။ မင်းရေးတဲ့ စာတွေထဲမှာ စိတ်အချဉ်ပေါက်နေတဲ့ လက္ခဏာတချို့တ၀က်ကို တွေ့နေရတယ်။ ဗရမ်းဗတာလောက ( Chaotic world ) ထဲမှာ စိတ်နဲ့ မတွေ့တာတွေလဲ ရှိတာတော့ ရှိမှာပေါ့..။ဒါပေမယ့် စိတ်ဓာတ်မကျ ဖို့တော့ အရေးကြီးတာပေါ့။

စင်္ကာပူနိုင်ငံကို ကမ္ဘာထိပ်တန်းနိုင်ငံ တစ်ခုဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ခေါင်းဆောင် လီကွမ်ယု (Lee Kuan Yew) က ဒီလိုပြောခဲ့ဖူးတယ်ကွ..။
" My duty is to give the people hope, not demoralise them."
“ကျူပ်ရဲ့  တာဝန်က ပြည်သူတွေကို မျှော်လင့်ချက်ပေးဖို့ဖြစ်တယ်။ စိတ်ပျက်သွားစေဖို့ မဟုတ်ဘူး” တဲ့။
ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့  မှတ်သားလောက်တဲ့ စကားပေါ့ကွာ။

Keep moving ငါ့ညီ.. ဆက်လက်လှုပ်ရှားနေပါလို့..။

မင်းရဲ့
ကိုလတ်
နေဘုန်းလတ်
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 4 of 4 comments

1. 31-05-2012 20:08

ပေးစာ
၇န်ကုန်တို င်း ၊တိုက်ကြီး မြို.နယ် ။အထက်အလယ်ဘုတ်ကျေးရွာ တွင် ကြံ.ခိုင်ေးစည်းရုံး ၇းမှုး မြင်.ဦး(ခ) ဒေါက်တာပေါ က်တူးသည်အသ က်15နှစ်ခန်. အရွယ်မေ၇ာက် သေးသူမိန်း ကလေးငယ်အား သားမယားအဖြ စ် အကြိမ်2ကြူ လွန်ကာမ၇ယ မှု.အတွက် ဖြစ်စဉ်ကို တိုက်ကြီြး မို. တ၇ား၇ုံးတွင်လျောက်ထားပြီးပြည် တွင်း ပြည်ပမှ စာနယ်ဇင်းများ သတင်းထောက် များ။ကရုပ် သံရိုက်ယြူ ခင်းနှင်.ွေ.ဆုံ့မေြး န်းခြင်းတု. ကိုအောက်အလ ယ်ဘုတ်ကျေး ရွာတွင် 27.5 2012 ရက်နေ.လည်1း0 0ခန့်တွင်ြုလုပ်သွာါးသည် 
မြင်.ဦးခေ ဒေါက်တာပေ က်တူးသည် တိုက်ကြီြး မို.နယ်ကြံ.ိုင်ဖွံ့.ြ ဖိုးရေးပါတီမှ စည်းရုံးရေးမှုး မောင်ဇော်၏ အကိုဖြစ်သည်.အပြင် အောက်အလယ်ဘုတ်ကျေးရွာ အုပ်ချုပ်ေ ၇းမှုး မျိုးဇော်၏ အကိုအ၇င်း တော်စပ်ကာ မိန်းမ6ယော်၇ှိကာ လိုင်စင်မဲ .နွားပေါ်ခြ်း အ၇က်ရောင်း  
တရားမ၀င်ဆေးထိုအပ်ကို င်ကာရမ်းကု ဆေးထိုးခြင်းအသက်မွေး ပါသည်။ထိုလူမှိုးအား ပါတီ၏အရှက် နှင်.အာဏာအွဲသုံးစား ပုမှုနေခြ်းအတွက် သက်ဆိုင်ရာ အာဏာပိုင်တို.မှ မျက်ကွယ်ပြုနေမှု.အားေေ၇းယူပေး ကပါရန် တောင်းဆိုပါသည်
Guest
ဝင်းကျော်စိုး

2. 03-05-2011 17:33

mg
Excellent!!! 
 
It is a shame that he is in prison. He should be at University teaching or a good leader. 
 
How can we build our country by putting such a talent in prison. 
 
Is our country the place good people should not stay?
Guest
mogyo

3. 19-04-2011 12:52

damn it
" Societies are not destroyed so much by activities of reacals but by the inactivity of good people." 
:zzz
Guest
mee chit

4. 18-04-2011 15:43

good
Good Letter..  
I get many knowledges....
Guest
WS

Display 4 of 4 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ညီလေးရေ (၅)
Sunday, 15 November 2009 14:49

Rating 3.0/5 (22 votes)