| သံလွင်အင်တာနက်စာမျက်နှာ ရက်အတန်ကြာ ရပ်ဆိုင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ |
Views : 3825  |
Favoured : 172 |
စင်္ကာပူ (ဖေဖော်ဝါရီ ၁၀) - ပြည်တွင်းပြည်ပ သတင်းနှင့် သံလွင်အိပ်မက်စာစောင်တို့ကို တင်ဆက်ပေးနေသည့် သံလွင်အင်တာနက်စာမျက်နှာ၏ ကွန်ပျူတာဆာဗာအား မမျှော်လင့်သည့် တိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် ရက်အတန်ကြာ ရပ်ဆိုင်းထားခဲ့ရသည်။
သံလွင်အင်တာနက်စာမျက်နှာ၏ နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦး ပြည်ပတွင် အရေးပေါ်ကိစ္စဖြင့် ရောက်ရှိနေစဉ် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ တိုက်ခိုက်ခံရမှု၏ ဇစ်မြစ်ကို ရှာဖွေနိုင်ခြင်း မရှိသဖြင့် ရက်သတ္တပတ် ၂ ခုခန့် ရပ်ဆိုင်းထားခဲ့ရပြီး ၎င်းပြန်လည်ရောက်ရှိလာသည်အထိ စောင့်ဆိုင်းခဲ့ရကာ ဖေဖော်ဝါရီလ ၈ ရက်နေ့ညတွင်မှ ပြန်လည်၍ ဖြေရှင်းနိုင်ခဲ့ပြီး သံလွင်အင်တာနက်စာမျက်နှာအား နဂိုမူလအတိုင်း ပြန်လည် လွှင့်တင်နိုင်ခဲ့သည်။
မျှော်လင့်မထားသည့် အခြေအနေကြောင့် သံလွင်အင်တာနက်စာမျက်နှာအား ခေတ္တခဏ ရပ်ဆိုင်းထားခဲ့ရခြင်းအတွက် နားလည်ပေးပါရန် သံလွင်ဝိုင်းတော်များက အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်။
သံလွင်အင်တာနက်စာမျက်နှာတွင် ယခင်ကဲ့သို့ သတင်းများကို ပုံမှန်တင်ဆက်ပေးသွားမည်ဖြစ်ပြီး သံလွင်အိပ်မက် အတွဲ(၄) အမှတ်(၁) ကိုလည်း မကြာမီကာလအတွင်း တင်ဆက်ပေးသွားနိုင်ရန် စီစဉ်လျက် ရှိပါသည်။
(သံလွင်သတင်း) |
|
Users' Comments  |
|
Average user rating
|
|
|
သံလွင်အင်တာနက်စာမျက်နှာ ရက်အတန်ကြာ ရပ်ဆိုင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍
|
Wednesday, 10 February 2010 11:06 |
|
|