Views : 1597  |
Favoured : 57 |
သံလွင် (ဇန်နဝါရီ ၉) - သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း အတွဲ(၄) အမှတ်(၁) အား မကြာမီကာလတွင် ထုတ်ဝေသွားမည် ဖြစ်သဖြင့် စာမူပေးပို့လိုသူများ အနေဖြင့် ဇန်န၀ါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
ယခုအသစ် ထပ်မံထွက်ရှိမည့် မဂ္ဂဇင်းတွင် အဂတိလိုက်စားမှု (Corruption) နှင့် သက်ဆိုင်သည့် အကြောင်းခြင်းရာများကို အလေးပေး ဖော်ပြသွားမည် ဖြစ်ပါသည်။ သံလွင်အိပ်မက်မဂ္ဂဇင်းတွင် ဖော်ပြလေ့ ရှိသော ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာ၊ အင်တာဗျူး၊ ကာတွန်း အစရှိသည့် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် ကဏ္ဍများဖြင့် ဝေေ၀ဆာဆာ ထွက်ရှိလာမည့် အတွဲ (၄) အမှတ် (၁) အတွက် စာမူရေးသားပေးပို့လိုသူများ အနေဖြင့် မိမိကိုယ်တိုင်ရေးသား ဖန်တီးခြင်းဖြစ်ကြောင်းနှင့် ကိုယ်ပိုင်ဘလော့ဂ် စာမျက်နှာများအပါဝင် အခြားမီဒီယာ အရပ်ရပ်တွင် ဖော်ပြထားဖူးခြင်း ရှိ၊မရှိကို ဖော်ပြ၍ အီးမေးလ်လိပ်စာ editor@thanlwin.com သို့ ပေးပို့နိုင်ပါသည်။
သံလွင်အိပ်မက်တွင် ဖော်ပြထားသော စာမူများကို အယ်ဒီတာအဖွဲ့ထံမှ သော်လည်းကောင်း၊ မူရင်းစာရေးသူထံမှ သော်လည်းကောင်း တစုံတရာ အသိပေးခြင်း၊ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ အခြားသော စာစောင်၊ မဂ္ဂဇင်းနှင့် အင်တာနက်စာမျက်နှာများတွင် ကူးယူ ဖော်ပြနေခြင်းများကိုလည်း တွေ့ရှိနေရပါသည်။ စာနယ်ဇင်းကျင့်ဝတ်ကို စောင့်စည်းလိုက်နာသည့် အနေဖြင့် ထိုကဲ့သို့ ကူးယူဖော်ပြလိုပါက အယ်ဒီတာအဖွဲ့ထံမှ သို့မဟုတ် မူရင်းစာရေးသူထံမှ ခွင့်ပြုချက်ကို မဖြစ်မနေ တောင်းခံကြပါရန် ပန်ကြားအပ်ပါသည်။
(သံလွင်သတင်းစဉ်) |
|
Users' Comments  |
|
Average user rating
|
|
|