Home ဆောင်းပါးများ အညာမြေမှ မျက်ထောင့်နီများ
09 | 02 | 2010
အညာမြေမှ မျက်ထောင့်နီများ

Views : 553    

Favoured : 8

Rating 4.8/5 (5 votes)

အညာမြေမှ မျက်ထောင့်နီများ
ကိုလေး (ဆေး ၁)

စာရေးသူ ငယ်စဉ်ကလေးဘ၀ကပင် မျက်ထောင့်နီကြီးနဲ့ ဆိုသည့် အသံကြားရုံဖြင့် ကြောက်တတ်ခဲ့သော်လည်း အပူပိုင်းဒေသ တစ်နေရာမှာ ရောက်နေဖြစ်ခဲ့တဲ့ အခါ ထိုမျက်ထောင့်နီနီတွေကို မလွဲမရှောင်နိုင်ဘဲ ဖြစ်ခဲ့ ရပါတယ်။ မျက်စိအထူးကု ဆရာဝန် တစ်ဦး မဟုတ်ပေမယ့် အပူပိုင်းဒေသဆိုင်ရာ ဆရာဝန် ဖြစ်ခဲ့လေတော့ မသက်ဆိုင်ချင်ပေမယ့် မရနိုင်တဲ့ အပူပိုင်းဒေသတွေမှာ အဖြစ်များတဲ့ ရောဂါတစ်ခုကို ဆေးရုံ ဆေးခန်းမှာ တစ်ခါမဟုတ်တစ်ခါတော့ ကြုံရစမြဲမို့ အဲဒီမျက်ထောင့်နီနီ ကလေးများ အကြောင်းကို ရေးဖြစ်ခဲ့ပါတယ်။ အဲဒီရောဂါကတော့ Pingueculitis လို့ခေါ်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရှိ မော်တော်ယဉ်ထိန်းများနှင့် အခြားသော ဥာဏလုပ်သားများ စုစုပေါင်း ၁၀၀၀ ခန့်ကို သုတေသနပြုချက်များအရ ၃၇.၇ ရာခိုင်နှုန်းသော မော်တော်ယာဉ်ထိန်းများနှင့် ၃၀ ရာခိုင်နှုန်းသော ဥာဏ လုပ်သားများတွင် Pingueculitis ဖြစ်ပွားသည်ကို တွေ့ရတယ်လို့ ဆိုပါတယ်။

ရောဂါဖြစ်ပွားပုံ

Pingueculitis ဆိုသည့်ရောဂါကို များသောအားဖြင့် သက်လတ်ပိုင်းမှ သက်ကြီးရွယ်အိုများ အထိတွေ့ရတတ်ပြီး၊ နေရောင်ခြည်ကို ကြာမြင့်စွာ ထိတွေ့မိသော သူများ၊ မျက်စိကို  ပျက်စီးစေသော အရာများနှင့် ထိတွေ့မိသော သူများမှာ ရောဂါဖြစ်ပွားရသည့် အဓိက လူဦးရေဖြစ်သည်။ Pingueculitis သည် နေရောင်ခြည်ကို ကြာမြင့်စွာ ထိတွေ့မှုကြောင့် မျက်ဖြူသားတွင်ရှိသော collagen နှင့် elastic အသားစိုင်များ ပျက်စီးကာ အသုံးမ၀င်သော အသားစိုင်များ စုပြုံလာသည့် မျက်ဖြူသား ပျက်စီးမှု တစ်ခုဖြစ်ပါတယ်။

ဘယ်လို ခံစားတွေ့ရှိရမလဲ

အဲဒီရောဂါဟာ တကယ်တင်စားပြောဆိုသလို မျက်လုံးမှာ ရဲရဲတောက်နီနေတာမျိုးကို ဝေဒနာရှင်တိုင်းမှာ တွေ့ရတတ်တာ မဟုတ်ဘဲ အဆီဖတ်တွေလို ၀ါကျင့်ကျင့်အရောင် ဖောင်းကြွကြွအဖတ်တွေအဖြစ် လည်းတွေ့ရတတ်ပါတယ်။ အဲဒီအ၀ါဖတ်တွေဟာ မျက်လုံးရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်မှာရှိတဲ့ (နာရီလက်တံအားဖြင့် ၃နာရီ ဒါမှမဟုတ် ၉နာရီ )မျက်သားဖြူပေါ်မှာ ဖုံးအုပ်နေတတ်တာကို တွေ့ရတတ်ပါတယ်။

ဒီရောဂါဟာ ကျားမ မရွေးဘက်မလိုက်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာဖြစ်ပြီး ဖြစ်ပေါ်တဲ့ အရွယ်အစားပေါ်မူတည်ပြီး မျက်ဝန်းအိမ်အတွင်း ခြောက်သွေ့မှုဖြစ်ပေါ်ကာ နာကျင်တတ်ပါတယ်။ Pingueculitis ဖြစ်ပေါ်တဲ့နေရာက ယောင်ရမ်းလာတဲ့အခါ သွေးကြောများ ကျယ်လာတာကြောင့် histamine, serotonin, bradykinin prostaglandins စတဲ့ ဇီဝဓါတ်များ ထွက်ပေါ်ကာ ယားယံခြင်း၊ နာကျင်ခြင်းတို့ကို ဖြစ်စေပါတယ်။ ပြင်းထန်တဲ့ ဝေဒနာရှင်များမှာတော့ မျက်ဖြူလွှာ မျက်နှာပြင်ဟာ အလွန်အမင်း ခြောက်သွေ့လာတတ်တာကြောင့် မျက်ဖြူသားပေါ်တွင် အနာဖြစ်ခြင်း (microulceration of the conjunctival epithelium ) အဲဒီက တဆင့် မျက်သားတက်ခြင်းလို့ခေါ်တဲ့ pterygium ဆိုတဲ့ ရောဂါအထိ ဖြစ်ပွားနိုင်ပါတယ်။

မျက်ထောင့်နီတဲ့အခါ သင့်ရဲ့ဆရာဝန်က ဘာရောဂါတွေကို စဉ်းစားပေးမှာပါလဲ ။

၁။ Perilimbal nevus
ဒီရောဂါဟာလည်း မျက်လုံးရဲ့ ဘယ်ညာ တစ်နေရာရာမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူမှာတော့ ယောင်ရမ်းခြင်းရဲ့ လက္ခဏာတွေမရှိပါဘူး။

၂။ Pterygium
Pterygium လို့ခေါ်တဲ့ မျက်သားတက်ခြင်းမှာတော့ တြိဂံပုံစံရှိတဲ့ မျက်သားထူထူတွေဟာ မျက်လုံးရဲ့ ဘယ်နဲ့ညာမှာရှိတဲ့ မျက်ဖြူလွှာပေါ်မှာ ဖြစ်တတ်ပါတယ်။ Pingueculitis နဲ့ကွာခြားချက် ကတော့ Pterygium ဟာ မျက်ကြည်လွှာအပေါ်ပိုင်းထိ ကျူးကျော်လာနိုင်ပါတယ်။

Thanlwin Ainmat၃။ အမှုန်အမွှားများကြောင့်ဖြစ်သော  မျက်လုံးယောင်ခြင်း
အမှုန်အမွှားများကြောင့်ဖြစ်တဲ့  မျက်လုံးယောင်ခြင်းမှာတော့ နာကျင်ခြင်း၊ မျက်လုံးအိမ် တစ်ခုလုံး နီရဲနေခြင်းတိုရှိတတ်ပြီး ဝေဒနာရှင်ရဲ့
ရာဇ၀င်မှတဆင့် လုပ်ငန်းခွင်ဆိုင်ရာ ဖြစ်ပွားနိုင်မှုအခွင့်အလမ်းများကို သိရှိနိုင်ခြင်းတို့ကို ရနိုင်ပါတယ်။

၎။ ဗိုင်းရပ်ပိုးကြောင့် ဖြစ်သော မျက်မှေးရောင် ရောဂါ
ဒီရောဂါမှာတော့ မျက်ဖြူလွှာ တစ်ခုလုံး နီနေတတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

ကုသနည်း

ကုသနည်းမှာ ရောဂါလက္ခဏများ ပျောက်ကင်းအောင် ပြုလုပ်ပေးခြင်းသာ ဖြစ်ပါတယ်။  ဒီလိုရောဂါလက္ခဏာများ ခံစားလာရပြီးဆိုရင်တော့ မျက်စိဆရာဝန်နဲ့ တိုင်ပင်သင့်တာ အမှန်ပါပဲ။ မျက်စိဆရာဝန်က မျက်လုံးအား ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ် ပိုးဝင်ခြင်းရှိမရှိ စစ်ဆေးပြီးတဲ့အခါ လိုအပ်တဲ့ ညွှန်ကြားချက်များ ပေးမှာဖြစ်ပါတယ်။ ဒီကုထုံးမှာတော့ မျက်သားပြင် ခမ်းခြောက်ပြီး အနာဖြစ်ခြင်းမှ ကာကွယ်ရန် မျက်ရည်တုခပ်ပေးခြင်း၊ အကိုက်အခဲပျောက် မျက်စဉ်းရည်များ သုံးပေးခြင်း၊ စတီးရွိုက်ဟော်မုန်းများဖြစ်တဲ့ fluorometholone 0.25%၊1% rimexolone acetate၊ prednisolone acetate suspension, 0.12% prednisolone sodium phosphate solution, 1%prednisolone acetate suspension 1% prednisolone sodium phosphate solution တို့ကို မျက်စေ့ ဆရာဝန် ညွှန်ကြားချက်အတိုင်း ခပ်ပေးခြင်းတို့ ပြုလုပ် သင့်ပါတယ်။ မျက်လုံးအစုံဟာ ဘ၀ရဲ့ အလင်းရောင်ပေးတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် စတီးရွိုက်ဟော်မုန်း သုံးခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ဆိုးကျိုးများကိုလည်း ရှောင်ရှားနိုင်ဖို့ ဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။ ရောဂါ လက္ခဏာများပေါ်မူတည်ပြီး Pingueculitis မှတဆင့် pterygium သို့ပြောင်းသွားသော ဝေဒနာရှင်များတွင်မူ လိုအပ်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ပါတယ်။

ကာကွယ်နည်း

ရောဂါ၏ ဇစ်မြစ်မှာ နေရောင်ခြည်ကို ကြာမြင့်စွာ ထိတွေ့မိခြင်းမှ ဖြစ်ပွားသည်ဖြစ်ရာ နေရောင်တွင် အလုပ်လုပ်ရသောသူများ ၊ ခရီးသွားလာရသူများ၊ အပူပိုင်း ဒေသတွင် ခရီးလှည်လည်ရန် အားသန်သူများအနေဖြင့် သင့်လျှော်သော နေကာမျက်မှန် ၀တ်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်ပါတယ်။

နေရောင်ခြည်သည် မနက် ဆယ်နာရီမှ နေ့လည် နှစ်နာရီအတွင်းတွင် အပြင်းထန်ဆုံးအချိန်များ ဖြစ်လေရာ ထိုအချိန်များတွင် အကြောင်းမဲ့ သွားလာခြင်းများကို ရှောင်ကျဉ်ခြင်းဖြင့်လည်း သင့်မျက်ဝန်းအား ညှာတာရာ ရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အလင်းတံခါးများကို တန်ဖိုးထားခြင်းအားဖြင့် လည်းကောင်း၊ နေ့စဉ်ဘ၀မှတဆင့် လုပ်ငန်းဆောင်တာများ လျော့ကျစေခြင်းကို ကာကွယ်နိုင်ခြင်း အလို့ငှာလည်းကောင်း အပူပိုင်းဒေသမှ မျက်ထောင့်နီများ အကြောင်းကို တစေ့တစောင်း ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ကိုလေး (ဆေး ၁)

ကိုးကား
1. Handbook of Occular disease Management, Pingueculitis. Available
from: http://cms.revoptom.com/handbook/sect2h.htm.
2. B. ABELSON MD, PETER MERTZ. Pingueculitis, How to keep your
patients safe from this condition. Sept 2006.
3. Hitoshi NAKAISHI MY, Masaaki ISHIDA, Isamu SOMEYA, Yuuichi YAMADA.
Pingueculae and Pterygia in Motorcycle Policemen. JOI
JSTJournalarchive/indhealth. 2007 March;Vol.35 , No.3:325-9.
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

No comment posted

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Saturday, 14 November 2009 12:24