Home ၀တ္ထုတိုများ တန်ဖိုးငွေ နှစ်ရာကျပ်
10 | 09 | 2010
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1604
mod_vvisit_counterမနေ့က2377
mod_vvisit_counterတစ်ပတ်အတွင်း9790
mod_vvisit_counterတစ်လအတွင်း25359
mod_vvisit_counterစုစုပေါင်6း56789
Join us in Facebook
Facebook Fanbox 1.5.x.0
တန်ဖိုးငွေ နှစ်ရာကျပ်

Views : 1891    

Favoured : 38

Rating 3.4/5 (13 votes)

တန်ဖိုးငွေ နှစ်ရာကျပ်
ချိုဧပရယ်လ်

Thanlwin Ainmat ရန်ကုန်က မပြောင်းလဲနိုင်သေးတဲ့ အကြောင်းအရာတွေထဲက ပြောင်းလဲစေလိုတဲ့ အရာတစ်ခုကို ပြပါဆိုလျှင် တခြားအရာတွေ သိပ်နားမလည်တဲ့ ကျွန်မကတော့ ရန်ကုန်က လိုင်းကားတွေကိုပဲ အရင်ပြပါရစေ။ သုံးနှစ်ကြာ ဝေးသွားခဲ့တဲ့ နေရာကို နောက်တခေါက် ပြန်ရောက်တော့လည်း အားလုံးဟာ သိထားတဲ့အတိုင်း အရင်လို နေသားတကျပါပဲ။ အရင်က ဟောင်းနေပြီလို့ ထင်နေတဲ့ ကားတွေက ပိုဟောင်းသွားပေမဲ့ လူတွေ ကြပ်နေသေးသလိုပဲ၊ အသစ်ပေါ်လာတဲ့ လိုင်းကား အသစ်တွေကလည်း ယာဉ်စီးခကို ပိုတင်ယူပေမဲ့ ပြည့်ကြပ်အောင် တင်နေကြသည်။ အတင်းဆွဲတင်၊ အတင်းတွန်းချ လုပ်တတ်တဲ့ အာကြမ်းကြမ်း စပယ်ယာတွေနဲ့ ငါးပိသိပ်သလို ထိုးသိပ်ထည့်လာတဲ့ လိုင်းကားတွေလည်း ပိုလို့များလာနေဆဲပင်။ ထို့အပြင် ဘယ်သွားသွား သုံးရာဆိုပြီး ထိုင်ခုံအပြင် လူပိုမတင်ဘူးလို့ဆိုတဲ့ AIRCON BUS တွေမှာတော့ အများသောအားဖြင့် မတ်တပ်ရပ်ကာ ချွေးအောင်းကြ ရပါသည်။

အခုတော့ လိုင်းကားတွေဟာ အရင်ကထက်ပိုလို့ ဟောင်းနွမ်း အိုမင်းနေပါပြီ။ တချို့သော ကားတွေဆို မီးရထားကြီး ဂျုံးဂျုံးဂျက် အစား၊ တို့ဘတ်စ်ကားကြီး ဂျုံးဂျုံးဂျက်လို့ ပြောင်းခေါ်ရမလိုတောင် ဖြစ်နေပါပြီ။ ဒီလိုင်းကားတွေ စပြေးဆွဲကာစကတော့ ဆိုဖာ ထိုင်ခုံလေးနဲ့ပါ။ နောက် ဆိုဖာတွေ ပြဲလာတော့ သစ်သားတွေနဲ့ ပြင်ပြီးရိုက်လာ ပြီး သစ်သားခုံလေးတွေပေါ့။ အခုတော့ တစ်ချို့ ထိုင်ခုံ နောက်အမှီ သစ်သားပြားတွေ မရှိတော့တဲ့ တစ်ချို့ကားတွေတောင် ရှိသေးသည်။ ခေတ်မှီ သဘာဝ လေအေးပေးစက်တွေက တဝက်မှာတင် ရပ်နေတာရှိသလို၊ လုံးဝ ဖွင့်လို့ မရတဲ့ဟာရော ၊ ဖွင့်ပြီး ပြန်ပိတ်လို့ မရတာရော ရှိ၏။ ဘာပဲပြောပြော ဒီကားတွေကိုပဲ အားထားပြီး သွားလာနေရတဲ့ ကျွန်မတို့လို လူတန်းစားတွေ အတွက်ကတော့ ဒီကားတွေဟာ တော်တော် တန်ဖိုးရှိနေတာ အမှန်ပင်။

အခုလည်း ဒီဘတ်စ်ကားကို ကျွန်မ ရပ်စောင့်နေတာ တော်တော်ကြာနေပါပြီ။ ညရှစ်နာရီကျော်ကျော်သာ ရှိသေးတာမို့ ကားမရှိတော့တာ မဖြစ်နိုင်ချေ။ တက္ကစီငှားဖို့ စိတ်ကူးလိုက်တော့ ပိုက်ဆံအိတ်ထဲက ခုန်ပေါက်ပြီး ထွက်သွားမည့် ငွေလေးထောင်ကို နှမြောနေမိတာကြောင့် ဘတ်စ်ကားကိုပဲ အားကိုးတကြီး မျှော်နေမိသည်။ ကျွန်မ စီးနေကြ မ.ထ.သ ယာဉ်လိုင်း တစ်ခုကတော့ မျှော်သာမျှော် တော်တော်နဲ့ ပေါ်မလာတတ်တဲ့ လိုင်းကားတွေ စာရင်းထဲမှာ ပါ၏။ သင်္ဃန်းကျွန်း စံပြဈေး အလွန်မှာ ဂိတ်ဆုံးတဲ့ ကားဆိုတော့ ပေါ်လာပြန်တော့လည်း ဒဂုံမြို့သစ်၊ ရွာသာကြီး၊ လေးဒေါင့်ကန် သွားဖို့ ကားပြောင်းစီးမဲ့ လူတွေနဲ့ ပြည့်ကြပ် နေတတ်သေးသည်။ မြို့ထဲကနေ ဂိတ်ဆုံးထိ စီးရတဲ့ တစ်ချို့ လူတွေကတော့ နေရာရအောင် မော်တင်ဂိတ်စကို ကားပတ် စီးတတ်ကြသည်။ ဒီလူတွေထဲမှာ ကျွန်မလည်း အပါအဝင်ပါပဲ။ အချိန်တစ်နာရီ ကျော်ကျော်ကြာမဲ့ ခရီးမို့ သက်တောင့်သက်သာ နေရာလေး တစ်ခုရဖို့ ပိုက်ဆံနဲ့ အချိန်နည်းနည်း ပိုပေးပြီး ကားပြန်ပတ်စီးခြင်းဟာ အတော်အဆင်ပြေစေသည်။

“ပန်းဆိုးတန်း၊ မင်္ဂလာဈေး၊ တာမွေ၊ စံပြဈေး၊ ကြီးပွားရေး၊ ကားကြီးဂိတ်”

Thanlwin Ainmatစပယ်ယာ အော်သံကြားမှပဲ ကားပေါ်ကို အပြေးအလွှား အတင်းတိုးပြီး တက်သွားခဲ့မိသည်။ ပထမဦးဆုံး တွေးမိသောအရာမှာ ကျွန်မအတွက် ထိုင်စရာနေရာဖြစ်သည်။ အိုး.. နေရာတွေအများကြီးရှိတာပဲ။ လေဝင်လေထွက် ကောင်းတဲ့ သက်တောင့် သက်သာနေရာလေးတစ်ခုကို ဝင်ထိုင်လိုက်မိသည်။ လက်ထဲမှာ ကားခပေးဖို့ ထုတ်ထားတဲ့ တစ်ထောင်တန်ကို ကြည့်ပြီး စပယ်ယာကို အားနာနေမိသေးသည်။ အကြွေကိစ္စွ ဒါတော်တော်ခက်တဲ့ ပြဿနာပေပဲ။ ဘတ်စ်ကားစီးဖို့ သင့်မှာအကြွေမရှိလို့ ပိုက်ဆံအတန်ကြီးပေးမိတာနဲ့ လက်ထဲကို ညင်ညင်သာသာနဲ့ပဲ အစုတ်အပြတ်တွေ ရောက်လာမလား၊ ဆူဆူပူပူနဲ့ပဲဆင်းမည့် မှတ်တိုင်ရောက်မှ ပြန်တောင်းရမလား မသိနိုင်ပေ။ ပြန်ရောက်ကာစ အကြောင်း မသိခင်တုန်းကတော့ စပယ်ယာပြန်အမ်းတဲ့ အကြွေစုတ်စုတ်ကို ကြည့်ပြီး၊ ပြန်လဲပေးခိုင်းမိလို့ စပယ်ယာ အအော်အငေါက်အောက်မှာ အရှက်ကွဲခဲ့ရသေးသည်။ အခုတော့ တစ်အိတ်လုံး မွှေနှောက်ရှာတာတောင်မှ အစုတ်အပြတ် တစ်ရွက်မှ ထွက်မလာတဲ့ အဆုံး တစ်ထောင်တန်ပဲ ပေးရတော့မည်။
တစ်စတစ်စနဲ့ တိုးတိုးပြီး တက်လာတဲ့ လူတွေကို ကြည့်ပြီး ရှေ့လျှောက်ပိုပြီး လူပိုကြပ် လာမှာကိုတော့ တွေးမိသည်။ တစ်ခါတစ်လေ ကိုယ့်ဘေးကို ရောက်လာတဲ့ လူတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရတတ်ပေမဲ့လည်း အခုတော့ ဘေးမှာ အသက်ငါးဆယ်ကျော်၊ ခြောက်ဆယ်အရွယ် အဘိုးကြီးတစ်ယောက် မှေးပြီး တိတ်ဆိတ်စွာ လိုက်လာတဲ့အတွက် အေးအေးချမ်းချမ်းပင်။ မတ်တပ်ရပ်နေတဲ့ တစ်ယောက်စ နှစ်ယောက်စကို ကြည့်ပြီး ကိုယ်ရထားတဲ့ နေရာလေးကို ကျေနပ်သလိုလို။

ရှေ့မှတ်တိုင်ရောက်တော့ “လိုက်ပွဲတွေနဲ့ ဆရာရေ..” စပယ်ယာရဲ့ အော်သံ အဆုံးမှာ ခြောက်နှစ်အရွယ် ကလေးတစ်ယောက် လေးဘက်ထောက်ပြီး အတင်းတိုးဝှေ့ကာ ကားပေါ်ကို တိုးပြီး တက်လာခဲ့သည်။ ကားပေါ်ရောက်တာနဲ့ အရှေ့က အနောက်ကို ကျီးကန်းတောင်းမှောက် ကြည့်ကာ နေရာကို အပြေးအလွှား ရှာနေသည်။ ကြီးကြီးငယ်ငယ် အရွယ်မရွေးပါပဲ မတ်တပ်ရပ် စီးရတာထက်စာရင် ထိုင်စရာနေရာကိုတော့ လိုချင်ကြမှာပါပဲ။ သူလည်း ဒီလိုပဲနေမှာပေါ့။ နောက်တစ်ယောက်ကတော့ ဆံပင်နီကွေးကွေး ကလေးနဲ့ နှစ်နှစ်အရွယ်လောက်ရှိတဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်၊ သူ့တကိုယ်လုံးကို အကျီင်္သေးသေးတစ်ထည်တည်းနဲ့ မလုံလုံအောင် ဖုံးဖိထားပေမဲ့ ကလေးပီပီ ရှက်တတ်မဲ့ပုံ မပေါ်ပါဘူး။ နောက်တော့ လသားအရွယ် ကလေးတစ်ယောက်ကို ချီထားတဲ့ မိန်းမတစ်ယောက် တက်လာပြီး ဂတ်စ်အိုး သေတ္တာဘေးက သံတိုင်ကို ကိုင်ပြီး ရပ်လိုက်သည်။ ထို့အတွက် သေတ္တာပုံးပေါ်မှာ ထိုင်နေသော ယောက်ျားတချို့က မျက်နှာလွှဲကာ လမ်းမရှိရာဘက်သို့ မျှော်ကြည့်နေကြသည်။

သိပ်မကြာလိုက် အဝင်အဝနားက ကောင်မလးတစ်ယောက်က မတ်တပ်ရပ်ကာ နေရာဖယ်ပေးလိုက်၏။ နေရာလွတ်သွားတော့ အကြီးကောင်လေးက အရင်ပြေးပြီး ထိုင်သည်။ သို့ပေမဲ့ ကလေးနှင့် သူ့အမေကို ဦးစားပေးရမည် ဆိုတာကိုတော့ သူကောင်းကောင်း နားလည်ထားသည်။ “ငါမထိုင်ရတော့ဘူး” ဟု ဒီကလေး တွေးမိသည်ထင်ပ။ ထိုနေရာက ခွာပေးလိုက်သည်နှင့် တပြိုင်နက် သူ့မျက်လုံးမှာ မျက်ရည်တချို့ ဝှေ့တက်လာပြီး အနီးက သံတိုင် တစ်ခုကိုမှီ၍ သွားရပ်နေခဲ့သည်။ ဒီမိန်းမကြီးသည် ထိုကလေး နှစ်ယောက်ရဲ့ အမေဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလားဆိုတဲ့ အတွေးကို ကျွန်မဆက်ပြီး စဉ်းစားမိသည်။ အသားညိုညိုပေါ်မှာ ခေတ်ပေါ်စတိုင်နဲ့ ချုပ်ထားတဲ့ ပါတိတ် အကျီင်္ဝမ်းဆက်နှင့် ဒေါက်မြင့်ဖိနပ် ထောင်ကျော်တန်ကို စီးထားသူ၊ ဆံပင်က ဈေးပေါပေါဆိုင်မှာ သွားကောက်ထားမှန်း သိသာပေမဲ့ ဝဲကျလာမယ့် ရှေ့ကဆံပင် အခွေအလိပ်လေးကို ရောင်စုံကလစ်လေးတွေနဲ့ ညှပ်တင်ထားသူ၊ ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ကလေးကို ဆွဲတင်ရင်းက ကားပြတင်းပေါက်ကို ကျော်ကာ ကွမ်းတံတွေး ပျစ်ပျစ်ထွေးနေသော ထိုမိန်းမကြီးသည် ကလေးတွေနှင့်တော့ တော်တော်လေးကို ကွဲပြားနေသည်။

သံတိုင်ကိုမှီပြီး တချက်တချက် ငိုက်ကျနေသော ကောင်လေး၏ မျက်နှာသည် သွက်လက်ချက်ချာသည့် မျက်နှာမျိုး၊ သို့သော် လက်တစ်ဘက်က ကျွတ်ကျွတ်အိပ် အဖြူရောင်ကို ချိတ်ထားသော ညစ်ထေးထေး အဝတ်အစားနဲ့ ထိုကောင်လေးပုံမှာ ညှင်းသိုးသိုးနိုင်လှသည်။ နောက်တစ်ယောက်ကတော့ ဖွေးစွတ်နေတဲ့ အသားအရည်၊ ဆံပင်နီကွေးကွေးလေးတွေနဲ့ သို့သော် အောက်က ဘောင်းဘီတောင်မပါ။ 

“ဘယ်သွားမလဲ အမ။”

စပယ်ယာ ပိုက်ဆံလာကောက်မှ အတွေး တစ်ခန်းရပ်သွားတော့သည်။

“ကားကြီးဂိတ်ကို” လှမ်းပေးသောတစ်ထောင်တန်ကို ကြည့်ပြီး

“အကြွေမရသေးဘူး၊ နောက်မှယူ”

“ဟုတ်ကဲ့”

ဒီစကားတစ်ခွန်းပဲပြောကာ ငြိမ်နေလိုက်ရသည်။

“ကားခ၊ ကားခ”

ဟိုကလေးငယ်ငယ်က လက်တို့ပြီးတောင်းနေသည်။ မိန်းမကြီးလည်း ရင်ဘတ်ထဲက အကြွေ တစ်ထပ်ကြီးထုတ်ကာ ကလေးလက်ထဲသို့ နှစ်ရာတန် တစ်ရွက် ထိုးထည့်ပေးလိုက်သည်။ ပိုက်ဆံ လက်ထဲရောက်တော့ စပယ်ယာကို လာနိုးလာနိုးနဲ့ မျှော်မျှော်ကြည့်သည်။ တက်လိုက်ဆင်းလိုက်၊ ပိုက်ဆံကောက်လိုက်နှင့် အလုပ်ရှုပ်နေသော စပယ်ယာကို “ကားခ၊ ကားခ” ဆိုပြီး ခေါ်ပေးသည်။ သို့သော် ထိုစပယ်ယာက ကလေးလက်ထဲက ကားခကို လာယူလိမ့်မည်မထင်။ အကြောင်းက “ကားခ ၊ ကားခ” ဆိုပြီး ကလေးက ခေါ်တိုင်း သူ့ရဲ့ ပေါင်သား ဖြူဖြူကို မိန်းမကြီးက အိတ်ကွယ်ပြီး လိမ်ဆွဲနေသည်ကို ကျွန်မ တွေ့သလို၊ တချို့လူတွေလည်း တွေ့သည်။ ထို့အတူ စပယ်ယာလည်း မြင်ပေလိမ့်မည်။

Thanlwin Ainmatဘတ်စ်ကားပေါ် ရောက်လျှင် ကားခပေးရမည် ဆိုတဲ့အရာကို ကလေးက အစသိသည်။ ဒီလို ကလေးအရွယ်ဆိုတာ အရာရာကို ဖြူဖြူစင်စင်ပဲ နားလည် သိရှိထားတဲ့သူတွေ မဟုတ်လား။  တခါတလေ ကားခ မပေးဘဲ ခိုးပြီး စီးတတ်တဲ့ သူတွေထက်စာလျှင် ဒီကလေးက အများကြီး သာသည်။ ပိုက်ဆံနှစ်ရာ ဆိုသော ကားခသည် အလွန်နည်းသော ပမာဏသာဖြစ်သည် ဟုပြောလျှင် ကျွန်မ မတရားရာ ကျလိမ့်မည်။ ကားနှစ်ဆင့် သုံးဆင့် ပြောင်းစီးရသော တချို့ လက်လုပ်လက်စား အများစုအတွက်ကတော့ အရေးကြီးပေလိမ့်မည်။ သို့သော် မရှိလျှင် မရှိကြောင်း၊ မပေးနိုင်လျှင် မပေးနိုင်ကြောင်း ပြောပြသင့်သည်။ ရိုးရိုးသားသားဖွင့်ပြောလို့ ရှက်ရခြင်းသည် စပယ်ယာရဲ့ စောင်းမြောင်းဆဲဆိုတာ ခံရခြင်းထက် အများကြီးသာသည်။

အခုတော့ ဘာမှ နားမလည်သေးတဲ့ အဖြူထည်လေးကို လမ်းမှားရောက်အောင်၊ စာရိတ္တ ပျက်ပြားအောင် အတင်း ရိုက်သွင်းနေလေပြီ။

“အား.. နာတယ်၊ နာတယ် ”

ခုနက မျက်နှာမဲ့ရုံသာ မဲ့၍ အသံတိတ်နေသော ကလေးသည် အခုတော့ အသံထွက်ပြီး ငိုသည်။ ပြတင်းပေါက်ဖက်ကို မျက်နှာပေးပြီး မသိချင် ယောင်ဆောင်နေသော ထိုမိန်းမကို ကျွန်မ အလိုလိုဒေါသ ထွက်လာသည်။ ကျွန်မ သူတို့ကို မကြည့်ဘဲ မျက်နှာလွှဲဖို့ ကြိုးစားကြည့်သည်။ ဒါပေမဲ့ ရှိုက်ရှိုက် ငိုနေသော ကလေးလေး အသံက နားထဲသို့ ပိုတိုးလို့ ဝင်ရောက်လာခဲ့သည်။

“ဆင်းမယ်၊ ဟဲ့ အိပ်ငိုက်နေသေးတယ်။ ဆင်းမယ်”

အပေါက်ဝက သံတိုင်ကိုမှီပြီး အိပ်ငိုက်နေသော အကြီးကောင်လေးကို နှိုးသံကြားတော့ ကျွန်မ လှမ်းကြည့်မိပြန်သည်။ ကောင်လေးက သူ့ရဲ့ မှေးကျနေသော မျက်ခွံကို လက်နှင့် ပွတ်ရင်းက သူ့ညီလေးကို ကျောပိုးချီဖို့ ကြိုးစားနေသည်။ မိန်းမကြီးက ကလေးလက်ထဲက ပိုက်ဆံနှစ်ရာတန်ကို ပြန်ဆွဲယူပြီး ရင်ဘတ်ကြားသို့ ပြန်ထိုးထည့်လိုက်သည်။ ထိုအခါ ကလေးက အော်ပြီးငိုသည်။

“ကားခ မပေးရသေးဘူး၊ ပိုက်ဆံ ပြန်ပေး။ ဟီးဟီး” ဆိုပြီး အော်ငိုတော့ ကားပေါ်က လူတွေအားလုံးရဲ့ အကြည့်တွေက ထိုမိန်းမပေါ်သို့ ပုံကျ သွားပြန်သည်။ မိန်းမကြီးကတော့ မည်သူ့ကိုမျှ မကြည့်။ အိပ်ပျော်နေသော ကလေးကို ပခုံးပေါ် မှီတင်လိုက်ပြီး ကားရပ်တော့မည့် မှတ်တိုင်ဆီသို့သာ စူးစိုက်ကြည့်နေခဲ့သည်။

“လိုက်ပွဲတွေ ဆင်းပြီ ဆရာရေ”

ကလေးကို မနိုင်တနိုင်နဲ့ ကျောပိုးထားတဲ့ အကြီးလေးကို တွဲချရင်းက စပယ်ယာက လှမ်းအော်သည်။ ကလေးလေးကတော့ အရှိန်မပျက် ငိုနေဆဲပင်။ မိန်းမကြီးလည်း အောက်ကို ရောက်တာနဲ့ အကာအကွယ်မဲ့နေသော ကလေးရဲ့ တင်ပါးကို ဖြန်းကနဲ မြည်အောင်စရိုက်ပါလေရော။
“ငါ့ကို လူကြားထဲ အရှက်ခွဲတဲ့ ကလေး” ဆိုပြီး ရိုက်သလား၊ “ ဒီကလေး တော်တော်ငိုချင်ဦး ” ဆိုပြီး ရိုက်သလား၊ “ဒီပိုက်ဆံ နှစ်ရာက မနက်ဖြန် နင်တို့ ထမင်းစားလို့ရတယ် ဟဲ့ ” လို့ပဲတွေးသလားတော့ မသိ။

ကလေးအော်သံ ထွက်လာတာနဲ့ တပြိုင်နက် ကျွန်မလည်းမျက်နှာ ကားအတွင်းဘက်သို့ ပြန်လှည့်လိုက်မိသည်။ မှတ်တိုင်မှ ကားကြီး ဘီးစလှိမ့်တော့ စပယ်ယာက ပြုံးစစ အမူအရာနဲ့ ပြန်တက်လာခဲ့သည်။ ကားပေါ်က အကြည့်တစ်ချို့လည်း ကလေးသုံးယောက်နှင့် မိန်းမကြီးထံမှခွာပြီး လမ်းဘေးဈေးဆိုင်တန်းများ၊ လမ်းလျှောက်နေသော လူများပေါ်သို့ ရောက်သွားခဲ့သည်။ သနားစရာ ကလေးငယ်ရဲ့ အာခေါင်ခြစ်ပြီး ရှိုက်ရှိုက်ငိုသံကတော့ ဝေးသထက်ဝေးကာ ကျန်ရစ်ခဲ့လေပြီ။
ချိုဧပရယ်လ်
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 3 of 3 comments

1. 11-03-2010 16:22

Morality to Honesty
Wah...Vy active writing and composation. it is life of valuable point. Our nationality of generation must be careful honesty.
Guest
Your Friend

2. 17-11-2009 19:09

Grate
Sometime I was meet with like this persons but I don't know how can I share to public coz I'm not writer.Reall grate and Thanks to you.
Guest
Moe Moe Aye

3. 16-11-2009 14:14

အရမ်:ကောင်းတယ်
;)
Guest
ခရေဖြူ

Display 3 of 3 comments

Add your comment



mXcomment 1.0.8 © 2007-2010 - visualclinic.fr
License Creative Commons - Some rights reserved
Monday, 09 November 2009 23:54